Stay Home ဆိုပြီး အိမ်ကနေ ဘယ်မှမထွက်ဘဲနဲ့ ကိုဗစ်ကူးစက် ခံရတဲ့ အကြောင်းရင်းကို ရှင်းပြီ
သားဦး
UNICODE
‘ဧည့်သည်’…လက်မခံပါဖူးဆိုပြီး… Delivery တွေက မုန့်ခနခန လာပို့လိုက် online ကနေ ပစ္စည်းတွေ ခနခန မှာလိုက် ရေသန့်လာပို့ လိုက်နဲ့ ကိုယ်ကတော့ အပြင်မထွက်ပါဖူး သို့သော် အိမ်တံခါးဝမှာပဲ “လူပေါင်းစုံက ဝင်လာမဆဲ တသဲသဲ” ဖြစ်နေရင် စဉ်းစားကြည့်ပါ ဘာထူးတော့မှာလဲဗျာ ဒီလိုပြောတာ ပိုတယ်လို့ထင်ကြလား? နာမည်ကြီးအချိုရည် စက်ရုံပိုင်ရှင်ရဲ့ အိမ်ထဲကနေ အိမ်ပြင်တောင် မထွက်ပဲ အမြဲနေတဲ့ အမျိုးသမီးဟာ ကိုယ့်ကားကိုယ်မောင်းပြီး စင်ကာပူ ကနေမှာထားတဲ့ H&M အကျီ ထုတ်လေးကို ခနလေး သွားယူမိရာကနေ ကူးစက်ခံခဲ့ရတာကို ကြားဖူးပြီးကြပြီလို့ ထင်ပါတယ်…။ ဟိုတနေ့ကဆိုလဲ ဆူရှီ ဆိုင်က တယောက် ပိုးတွေ့တာနဲ့ အဲ့ ဆိုင်ကိုသွားယူတဲ့ Food Delivery သမား အယောက် 70 လောက် Quarantine ဝင်နေရပြီလို့ ဖတ်ရပါတယ်။
တကယ်လို့ ဒီ food delivery သမားတွေထဲက တယောက်ယောက်သာ positive ဖြစ်ခဲ့ရင် … !! သူသွား ခဲ့တဲ့ . တခြားစားသောက်ဆိုင် တွေ. ထိတွေ့ခဲ့တဲ့ customer တွေ.. လိုက်ပို့ခဲ့တဲ့ အိမ်တွေက လူတွေ… ဘယ်လောက်တောင် ပြန့်သွားမှာလဲ? တရုတ် မှာဆို Online shop က ရောက်လာတဲ့ ပါဆယ် ထုတ်ကို ကိုင်မိ ရာကနေ ကူးခံရတဲ့သူတွေ အများကြီးရှိခဲ့သလို .. မုန့်မှာစားရင်း ကူးစက်ခံရတဲ့ တခြား နိုင်ငံက လူတွေရဲ့တကယ့်ဖြစ်ရပ်မှန်တွေလဲရှိလို့ ကျေးဇူးပြုပြီး ကြောက်ကြပါ။ မဖြစ်မနေ ပစ္စည်းမှာ ခဲ့ရင်.. အထုပ်ကို မကိုင်ခင် အရက်ပျံ or hand gel နဲ့ ပစ္စည်းထုပ်ကို အရင်ဖြန်းပါ ပွတ်ပါ။ နေရောင်ထဲ ခနထားပြီးမှ ယူပါ။ လာပို့တဲ့ delivery သမားနဲ့ ဝေးဝေးနေပါ။ ပြန်အမ်း ငွေ မယူရအောင် ငွေကို အတိအကျပေးနိုင်အောင် ပြင်ထားပါ။
ပိုးက အစားအစာတွေကိုတော့ မကူးနိုင်ပေမဲ့ လာပို့တဲ့သူကနေ ကူးစက်နိုင်တာမို့ သတိထားပါ။ အခြေအနေ ဘာအကြောင်းကြောင့် စားစ ရာပဲ ဝယ်ဝယ် ပစ္စည်းပဲဝယ်ဝယ် သီးသန့် ပုံမှန်တစ်ယောက်တည်းကိုပဲ တာဝန်ပေးထားပါ လမ်းထိပ်လေးပဲ ထွက်ထွက်… လမ်းပေါ်မှာ ဘယ်လောက်ပဲ လူပဲ ရှင်းနေပါစေ … ဒီနားလေးပဲ သွားတာ ဘာ Mask မှ မလိုဖူး … ဆိုတဲ့ မှားယွင်းတဲ့ အတွေးကို ဖယ်ပါ …။ ကာကွယ် ရေး လက်နက် အပြည့်အစုံဝတ်ပြီးမှ ထွက်တဲ့အကျင့်ကို လုပ်ထားပါ…။ ဒီ့ထက် ပိုဂရုစိုက်နိုင်ရင် …. တခါသုံး လက်အိပ်လေးတွေပါ စွပ်ပါ။ ဒါကြောင့် ကျွန်တော်က Stay Home ဆိုတာ … အားလုံးကို အန္တရာယ်ကင်းတဲ့… Stay home စစ်စစ် ဖြစ်စေချင် လို့ ရေးလိုက်ရတာ ကြောင့် ကိုယ့်မိသားစုဝင်တွေ… မိတ်ဆွေအပေါင်းအသင်းတွေ ပတ်ဝန်းကျင်ကလူတွေကို ဒီစာလေးကိုဖတ်မိပြီး။
သတိထားဆင်ခြင်နိုင်အောင် ရှဲ လုပ်ပေးကြ ပါဦးခင်ဗျာ။“Stay Home” ဖြစ်ပါလျက်နဲ့.. “ကိုဗစ်ရောဂါ ကူးဆက် ခံရတယ်” ဆိုတာ အ တော်ထိတ်လန့်စရာကောင်းတဲ့ကိစ္စပါ။ “Stay home” လုပ်နေပါတယ်ဆိုတဲ့ မိသားစုဆီမှာ … အိမ်သား တယောက်ယောက်ကနေ ရောဂါ ကူးခံလိုက်ရရင် …… ” သူတို့ကအိမ်အပြင်လဲမထွက်ဘူး! ဘယ်လိုကူးခံရတာလဲမသိဘူး ? ” “ဟာ…အိမ်ထဲမှာပဲနေတာလေ ဘယ်က ကူး တာလဲ…… ? ဘယ်သူ့ဆီက ကူးတာလဲ……? အိမ်သားထဲမှာ ‘အရင်ထဲကပိုးရှိတဲ့သူ’ ရှိထားလို့ အချင်းချင်းကူးတာလား? ” “အိမ်မှာအ ကောင်းကြီး နေရင်းထိုင်ရင်း ဘယ်လို အကူးခံရတာလဲ? ” “ဒီလောက် ကာကွယ်နေတဲ့ကြားက ဘယ်လို ကူးခံရတာလဲ…? ” စတဲ့မေးခွန်း ပေါင်းများစွာကို မေးမိရင်း သံသယတွေဝင် .ကြောက်ရွံ့တုန်လှုပ်ပြီး .. ဘာကြောင့်လဲဆိုတာ?
ဘယ်သူကမှ ဘယ်လိုမှ စဉ်းစားမိမှာမဟုတ်ပါဘူး။ကဲ …. ဒီကိစ္စကြီးရဲ့ ” အဖြေ ” ကို …. တဖြေးဖြေးချင်း ရှာကြည့်ကြမယ် အိမ်သားတွေ တစ်ယောက်မှ လုံးဝအပြင်မထွက်တာသေချာသလား? ကိစ္စရှိတော့နဲနဲတော့ထွက်တာပေါ့ ! ဘာကိစ္စမျိုးလဲ ? ဈေးဝယ် မုန့်ဝယ် ဆေးဝယ် လမ်းထိပ်ထွက် အိမ်ရှေ့လမ်းမထွက် လမ်းနဲနဲလျှောက် ဘာညာပေါ့ ! အိမ်ကိုရောဘယ်သူလာသေး လဲ? ဟာ…… ဘယ်ဧည့်သည်မှကို လက်မခံတာ ။ ဘယ်သူမှလဲမလာပါဘူး သေချာစဉ်းစားကြည့်ပါဦး Delivery သမားရောမလာဘူးလား? အော် online ကနေ.. ပစ္စည်း ဝယ်တာ မုန့်မှာစားတာတော့ ..ရှိတာပေါ့ ရေသန့် ပို့သမားတွေကော မလာဘူးလား ? လာတာပေါ့ ဒါပဲ… ကျွန်တော်ပြောချင်တာ… အိမ်မှာ အရင်ကထက် ပိုအနေများရုံနဲ့တော့ .. “Stay Home” လို့ မသတ်မှတ်လိုက်ပါနဲ့ …တကယ့် “Stay home” လုပ်တယ် ဆိုတာ …။
အိမ်ကို တံခါးအလုံပိတ်။ ဘယ်သူ့ ဘယ်သူမှ…။ အိမ်အပြင်မထွက်ရ။ မလာရ။ မုန့်လည်း မမှာစားရသလို… လျှာ အလိုလိုက်တာကို သည်း ခံ။ အိမ်ထမင်းဟင်းကိုပဲ ချက်စား..။ တစ်လစာဖြစ်ဖြစ် … စားစရာ အလုံအလောက် ဆေးမျိုးစုံ အလုံအလောက် ဝယ်ထား စားစရာ မရှိ တော့ရင်တောင် ဆန်ပြုတ်စားနေရမှာပါ…။ဘယ်မှမသွားပါဖူး…။ လမ်းထိပ်ခနပါ ခနပါနဲ့ ! ကိုယ့်အိမ် လမ်းထိပ်ဟာ …. ” ကိုဗစ် ကင်းမဲ့ဇုံ ” လို့… ဘယ်သူ က သတ်မှတ်ပေးထားပါသလဲနော် အိမ်ထဲမှာ ငြီးငွေ့စရာမှန်း ပျင်းစရာကောင်းမှန်းသိပေမဲ့ အန္တရာယ်ကင်းအောင် နေနေရ တာဖြစ်လို့ သေရေး ရှင်ရေး ကိစ္စကလွဲပြီး လုံးဝ မထွက်ဖြစ်အောင် ကိုယ့်စိတ်ကိုယ် ထိန်းကြပါ အိမ်သားတွေကို သြဇာကြီးတဲ့သူက ပြတ်ပြတ်သားသား စည်းကမ်းချထားပါ။
သားဦး
Add a Comment
Your email address will not be published. Required fields are marked *