ကိုဗစ်ကာလမှာ ကိုယ်ပိုင် ကားတွေ အပြင်မထွက်ရ တဲ့ အပေါ်လောင်မြိုက်နေ သူတွေ ထားရမယ့် ကိုယ်ချင်းစာ တရား





Kaung Htet

UNICODE

တစ်ကယ်လိုအပ်လို့ လုပ်ငန်းခွင်သွားရောက်တဲ့ လူတွေအတွက် အတတ်နိုင်ဆုံး ပိုးကူးနှုန်းလျော့အောင် အစိုးရက စီစဉ်နေတာပါ။ ဒါကို လက်ယားလက်ယားထွက်နေတဲ့ ကိုယ်ပိုင်ကားပိုင်ရှင်များအနေဖြင့် ကိုယ်ပိုင်ကားနဲ့ထွက်မရလို့ လောင်မြိုက်မနေပါနဲ့ သင့်မှာ ထွက်ဖို့လို အပ်ပါ ကလည်း QR Code ဖြင့်ထွက်ရပါတယ်။ လုံးဝ(လုံးဝ) ပေးမထွက်တာမဟုတ်ပါဘူး။ ဒီတော့ ဖေ့ဘုတ် ပေါ်တတ်ပြီး လောင်မြိုက် နေမယ့်အစား ကုသိုလ်ရအောင် မဟာဗောဓိချန်နယ်က တရားလေးတွေ နာနေပါလို့ အကြံပေးချင်ပါတယ်။

စာ အရှည်ကြီး ရေးမှဖြစ်တော့မယ်။ ကိုယ်ပိုင်ကားတွေ နဲ့ အပြင်ပေးမထွက်ဘူးဆိုတဲ့ကိစ္စပါ။ အခု ရန်ကုန်တိုင်းတစ်ခုလုံး မြို့နယ်တော် တော်များများမှာ မြို့နယ်ဖြတ်ကျော်သွားလာခွင့်ပါမစ် QR code တွေ လိုအပ်လာပြီဖြစ်ပါတယ် ကိုယ်ပိုင်ကားနဲ့ မသွားလာခွင့်ဆိုတာ ထက် ကိုယ်ပိုင်ကား နဲ့ မလိုအပ်ပဲ လက်ယား လက်ယား မသွားကြဖို့ရာ အစိုးရက ပြုလုပ်နေတာပါ။မှန်ပါတယ် ကိုယ်ပိုင်ကားနဲ့ ပိုးကူးနိုင် ခြေနည်းတယ်ဆိုပေမယ့် ကိုယ်ပိုင်ကားအသုံးပြုမှုလျော့ချလိုက်တဲ့အခါ။

တစ်ကယ်လိုအပ်လို့ အပြင်ထွက်နေရတဲ့ လူတော်တော်များများအတွက် Traffic ပြဿနာ လျော့နည်းသွားပါတယ် Public Trans portation ဖြစ်တဲ့ YBS အသုံးပြုနေကြတဲ့သူတွေအတွက်လည်း YBS ပေါ်မှာ အချိန်ကြာကြာ ရှိနေရတဲ့ အချိန်ကာလ လျော့နည်းသွား သောကြောင့် ပိုးကူးနိုင်ခြေလည်း လျော့နည်းပါတယ်။အထက် ပါအကြောင်းအရာကို အကောင်းဆုံး ဥပမာပေးရရင် သင်တောင် ကိုဗစ်မ တိုင်ခင်တောင် လူပေါင်းစုံတဲ့ YBS မစီးနိုင်လို့ ကိုယ်ပိုင်မော်တော်ကား စီးနေရတာမလား ။

အဲလိုပဲ လူတိုင်းကလည်း ကိုယ်ပိုင်ကားလေး စီးချင်ကြတာပေါ့။ဒါပေမယ့်လည်း မတတ်နိုင်တဲ့အခြေအနေ အကြောင်းကြောင်းကြောင့် Public Transportation ကို မှီခိုနေရတာပါ ထိုလူတွေကို ကားပိတ်နေချိန် လူပေါင်းစုံစီက ရောဂါပေါင်းစုံမကူးအောင် သင့်အနေနဲ့ မလို အပ်ပဲ ကိုယ်ပိုင်မော်တော်ကား အသုံးပြုချင်း လျော့ချပေးလိုက်ပါ။

Kaung Htet

Add a Comment

Your email address will not be published. Required fields are marked *