ကိုရီးယားမွ ျမန္မာျပည္ ေရာက္ရွိ လာတဲ့ အျမန္စစ္ ကိုဗစ္ Test Kit မ်ားႏွင့္ သတိျပဳဖြယ္ရာ အခ်က္မ်ား

Antigen test kit မ်ားသည္ covid-19 ရွိေၾကာင္း ၉၅ ရာခိုင္ႏႈန္းအထိ မွန္ကန္စြာ အေျဖထုတ္ႏိုင္ၿပီး ေရာဂါပိုးမရွိေၾကာင္း ၉၈ ရာခိုင္ႏႈန္း အထိ မွန္ကန္မႈရွိေၾကာင္း ၎ကရွင္းျပသည္။ “ဒီ test နဲ႔ပတ္သတ္ၿပီး အသိေပးခ်င္တာက negative ျဖစ္သြားတဲ့ဟာ negative ျဖစ္သြား တဲ့သူေတြ အမ်ားႀကီးေပၚလာမယ္ negative ျဖစ္ျခင္းသည္ စစ္တဲ့အခ်ိန္မွာပဲ negative ေပၚလာမွာျဖစ္တယ္။ တခ်ိဳ႕ၾကေတာ့လည္း ကိုယ္ က negative ျဖစ္သြားၿပီေဟ့ အျပင္သြားလို႔ရၿပီေပါ့ေနာ္ mask ေတြဘာေတြမတပ္ေတာ့ဘူး။ negative ျဖစ္ျခင္းသည္ ကိုယ္က ကိုယ္ခံ အား ရွိေနတာမဟုတ္ဘူး။ စစ္တဲ့အခ်ိန္မွာပဲ negative ျဖစ္သြားတာ အဲ့ဒါေလးက အေရးႀကီးတယ္။ ငါ negative ျဖစ္သြားၿပီဆိုၿပီး mask မတပ္တာ ကာကြယ္ေရးနည္းလမ္းေတြ မက်င့္သုံးဘူးဆိုရင္ မိနစ္ပိုင္းအတြင္း ခ်က္ျခင္း ကူးစက္သြားႏိုင္တယ္။

အဲ့ဒီဟာက အထူး သတိထားရမယ့္ အခ်က္ျဖစ္ပါတယ္” ေဒါက္တာသန္းႏိုင္စိုးကေျပာသည္။ေန႔စဥ္စစ္ေဆးေပးမည့္ ပမာဏႏွင့္ လုပ္ ေဆာင္ရမည့္ အေသးစိတ္အခ်က္အလက္ မ်ားကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။ ျမန္ျမန္ဆန္ဆန္ႏွင့္ ေရာဂါပိုးရွိမရွိ မွန္မွန္ကန္ကန္စမ္းသပ္ႏိုင္မည့္ Antigen test kit မ်ားကို ကိုရီးယားႏိုင္ငံမွ ျမန္မာအစိုးရက ဝယ္ယူ ခဲ့ၿပီး ကိုရီးယားအစိုးရကလည္း ေဒၚလာ ၅သိန္းဖိုး လႉဒါန္းေပးမည္ျဖစ္ေၾကာင္းႏွင့္ ရခိုင္ႏွင့္ ၿမိဳ႕နယ္ေဆး႐ုံမ်ား၌ အဓိကထား စစ္ေဆးေပး သြားမည္ျဖစ္ေၾကာင္းCoronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က စကတင္ဘာ ၂၆ရက္က ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခ အေနႏွင့္ စပ္လ်ဥ္း၍ ျပည္သူမ်ားသို႔ အစီရင္ခံတင္ျပသည့္ မိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

ျမန္မာျပည္မွာ SARS-CoV2 Covid-19 ကို အျမန္သိရမယ့္ rapid test kit ေတြ နဲ႔ စစ္ေတာ့မယ္ဆို။ အဲဒီ test kit ေတြရဲ႕ အေျဖမွန္ေပၚ ႏႈန္း ဟာ 40% to 90% ပဲ ရွိပါတယ္ေနာ္။ FDA approval ရထား တဲ့ test kit ေတြကေတာ့ 84% to 97% ရွိႏိုင္ပါတယ္။ ေရာဂါရွိၿပီး negative ထြက္ႏႈန္းေတြ ပိုမ်ား လာပါ လိမ့္မယ္။ က်မတို႔ ဆီမွာလည္း သုံးပါတယ္။ ဒါေပမယ့္ အေရးေပၚ အေျဖကိုအျမန္သိရဖို႔လိုမွ သုံး တာပါ။ contact tracing ေတြအတြက္က အာေခါင္ႏွာေခါင္းက ယူတာကိုပဲ သုံးတာ အေကာင္းဆုံးပါ။ ဒီ test kit ေတြ ရဲ႕ specificity က ေတာ့ အရမ္းေကာင္းပါတယ္။ ဆိုလို တာက positive ထြက္တယ္ဆိုရင္ ၁၀၀% နီးပါးမွန္ဖို႔ရွိပါတယ္။ Sensitivity ကေတာ့ အေတာ္နည္း တယ္ေျပာရပါတယ္။ သေဘာက Negative ထြက္ရင္ အေျဖမွားတာ ျဖစ္ႏိုင္ပါတယ္။

Negative အေျဖရတယ္ ဆိုရင္ အဲဒီအေျဖကို PCR test နဲ႔ ျပန္အတည္ ျပဳရပါတယ္။ဒါေၾကာင့္ negative ထြက္တယ္ ဆိုၿပီး ျဖစ္သလို ေလွ်ာက္မသြားဖို႔၊ မ်က္ႏွာဖုံးမတပ္ဘဲ မေနဖို႔ အလြန္တရာ အေရးႀကီးေၾကာင္းပါ။ ျဖည့္စြက္ – က်မေျပာတာ Antigen test kit ေတြေနာ္။ Antibody test ေတြ ကေတာ့ အျမန္စစ္တာပဲျဖစ္ျဖစ္ ေသခ်ာစစ္တဲ့ဟာေတြပဲျဖစ္ျဖစ္ (ေသြးရည္ၾကည္ယူဖို႔ကလြဲလို႔) လူနာအတြက္ အ က်ိဳး ရွိမရွိ ဘယ္သူမွ မသိေသးလို႔ ထည့္ကိုမေျပာပါ။ (‌ေဒါက္တာပန္းအိျဖဴ) “Antigen test kit မ်ားျဖင့္ စစ္ေဆးမည့္ သတင္း အျပည့္အ စုံ” မိနစ္ ၂၀အတြင္း ကိုဗစ္ရွိမရွိ ျမန္ျမန္ဆန္ဆန္ အေျဖသိႏိုင္မည့္ Antigen test kit မ်ားျဖင့္ စက္တင္ဘာ ၂၉ ရက္မွစတင္၍ ရန္ကုန္၌ စစ္ေဆးမႈ စတင္မည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက စက္တင္ဘာ ၂၈ ရက္တြင္ ေျပာၾကားလိုက္သည္။

“Antigen test kit ေတြက မေန႔ညက စေရာက္ၿပီ ဆိုေတာ့ ဒီေန႔ေတာင္ training ေပးတဲ့ရက္ပါ။ မနက္ျဖန္ကစၿပီး တခ်ိဳ႕ေနရာေတြ စ စစ္ေတာ့မယ္”ဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ က်န္းမာေရးႏွင့္အသိပညာျမႇင့္တင္ေရးဌာနခြဲ ၫႊန္ၾကားေရး မႉး ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။WHOက အသိအမွတ္ျပဳထားသည့္ covid-19 ရွိမရွိ အျမန္သိရွိႏိုင္မည့္ Antigen test kit မ်ားကို ကိုရီးယားကုမၸဏီမွ တစ္ဆင့္ အခုေရ ၂၀၀၀၀၀ မွာယူထားၿပီး အခုေရ ၁၀၀၀၀၀ ခန္႔မွာ စက္တင္ဘာ ၂၇ရက္ ညပိုင္းက စတင္ေရာက္ရွိ လာၿပီျဖစ္ၿပီး က်န္ရွိသည္မ်ားမွာ စက္တင္ဘာလကုန္တြင္ ေရာက္ရွိမည္ျဖစ္သည္။ “အဓိက ကေတာ့ PUIေတြမွာ ေဆး႐ုံေတြမွာ ဒီေရာ ဂါလကၡဏာနဲ႔ ေရာက္လာတဲ့ လူေတြ ဒီလူေတြကို ဦးစားေပးၿပီးစစ္သြားမယ္။

ဒုတိယ ဦးစားေပးစစ္မယ့္ အုပ္စုကေတာ့ Primary contact အဓိက ထိေတြ႕မႈရွိတဲ့သူေတြပါ။ “ဟု ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။ အဆိုပါ Antigen test kit မ်ားျဖင့္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ခ႐ိုင္အဆင့္ေဆး႐ုံမ်ား၌ စစ္ေဆးေပးသြားမည္ျဖစ္ျဖစ္ၿပီး ႏွာေခါင္း တို႔ဖတ္ကို ယူ၍ စစ္ေဆးမည္ျဖစ္ကာ covid-19 ရွိမရွိကို မိနစ္ ၂၀ သို႔မဟုတ္ မိနစ္ ၃၀အတြင္း အေျဖရလဒ္မ်ား သိရွိႏိုင္ေတာ့မည္ ျဖစ္ သည္။ “ဒီလိုမ်ိဳး စစ္ေဆးႏိုင္တာေတြလည္း ေပၚလာၿပီ ဆိုေတာ့ အိမ္မွာပဲ ႐ုတ္တရက္ ဖ်ားျခင္း ေခ်ာင္းဆိုးျခင္း အနံ႔အရသာေပ်ာက္ျခင္း ဒီလို လကၡဏာေတြ ေပၚလာမယ္ အသက္ရႉရခက္ခဲတာတို႔ ၿပီးေတာ့ ဒီလိုေရာဂါရွိတဲ့သူနဲ႔ ထိေတြ႕ခဲ့တာ ဒါမ်ိဳးေတြ ဆိုရင္ အိမ္မွာ ႀကိတ္ၿပီး မကုဖို႔ ဒါက ေစာေစာေျပာ ေစာေစာသိ ေစာေစာ အက်ိဳးရွိဆိုသလိုမ်ိဳး ေစာေစာ စီးစီးလာၿပီးေတာ့ စစ္ေဆးမယ္ ကုသမႈ ခံယူမယ္။

UNICODE

Antigen test kit များသည် covid-19 ရှိကြောင်း ၉၅ ရာခိုင်နှုန်းအထိ မှန်ကန်စွာ အဖြေထုတ်နိုင်ပြီး ရောဂါပိုးမရှိကြောင်း ၉၈ ရာခိုင်နှုန်း အထိ မှန်ကန်မှုရှိကြောင်း ၎င်းကရှင်းပြသည်။ “ဒီ test နဲ့ပတ်သတ်ပြီး အသိပေးချင်တာက negative ဖြစ်သွားတဲ့ဟာ negative ဖြစ်သွား တဲ့သူတွေ အများကြီးပေါ်လာမယ် negative ဖြစ်ခြင်းသည် စစ်တဲ့အချိန်မှာပဲ negative ပေါ်လာမှာဖြစ်တယ်။ တချို့ကြတော့လည်း ကိုယ် က negative ဖြစ်သွားပြီဟေ့ အပြင်သွားလို့ရပြီပေါ့နော် mask တွေဘာတွေမတပ်တော့ဘူး။ negative ဖြစ်ခြင်းသည် ကိုယ်က ကိုယ်ခံ အား ရှိနေတာမဟုတ်ဘူး။ စစ်တဲ့အချိန်မှာပဲ negative ဖြစ်သွားတာ အဲ့ဒါလေးက အရေးကြီးတယ်။ ငါ negative ဖြစ်သွားပြီဆိုပြီး mask မတပ်တာ ကာကွယ်ရေးနည်းလမ်းတွေ မကျင့်သုံးဘူးဆိုရင် မိနစ်ပိုင်းအတွင်း ချက်ခြင်း ကူးစက်သွားနိုင်တယ်။

အဲ့ဒီဟာက အထူး သတိထားရမယ့် အချက်ဖြစ်ပါတယ်” ဒေါက်တာသန်းနိုင်စိုးကပြောသည်။နေ့စဉ်စစ်ဆေးပေးမည့် ပမာဏနှင့် လုပ် ဆောင်ရမည့် အသေးစိတ်အချက်အလက် များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မြန်ဆန်ဆန်နှင့် ရောဂါပိုးရှိမရှိ မှန်မှန်ကန်ကန်စမ်းသပ်နိုင်မည့် Antigen test kit များကို ကိုရီးယားနိုင်ငံမှ မြန်မာအစိုးရက ဝယ်ယူ ခဲ့ပြီး ကိုရီးယားအစိုးရကလည်း ဒေါ်လာ ၅သိန်းဖိုး လှူဒါန်းပေးမည်ဖြစ်ကြောင်းနှင့် ရခိုင်နှင့် မြို့နယ်ဆေးရုံများ၌ အဓိကထား စစ်ဆေးပေး သွားမည်ဖြစ်ကြောင်းCoronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စကတင်ဘာ ၂၆ရက်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေ အနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာပြည်မှာ SARS-CoV2 Covid-19 ကို အမြန်သိရမယ့် rapid test kit တွေ နဲ့ စစ်တော့မယ်ဆို။ အဲဒီ test kit တွေရဲ့ အဖြေမှန်ပေါ် နှုန်း ဟာ 40% to 90% ပဲ ရှိပါတယ်နော်။ FDA approval ရထား တဲ့ test kit တွေကတော့ 84% to 97% ရှိနိုင်ပါတယ်။ ရောဂါရှိပြီး negative ထွက်နှုန်းတွေ ပိုများ လာပါ လိမ့်မယ်။ ကျမတို့ ဆီမှာလည်း သုံးပါတယ်။ ဒါပေမယ့် အရေးပေါ် အဖြေကိုအမြန်သိရဖို့လိုမှ သုံး တာပါ။ contact tracing တွေအတွက်က အာခေါင်နှာခေါင်းက ယူတာကိုပဲ သုံးတာ အကောင်းဆုံးပါ။ ဒီ test kit တွေ ရဲ့ specificity က တော့ အရမ်းကောင်းပါတယ်။ ဆိုလို တာက positive ထွက်တယ်ဆိုရင် ၁၀၀% နီးပါးမှန်ဖို့ရှိပါတယ်။ Sensitivity ကတော့ အတော်နည်း တယ်ပြောရပါတယ်။ သဘောက Negative ထွက်ရင် အဖြေမှားတာ ဖြစ်နိုင်ပါတယ်။

Negative အဖြေရတယ် ဆိုရင် အဲဒီအဖြေကို PCR test နဲ့ ပြန်အတည် ပြုရပါတယ်။ဒါကြောင့် negative ထွက်တယ် ဆိုပြီး ဖြစ်သလို လျှောက်မသွားဖို့၊ မျက်နှာဖုံးမတပ်ဘဲ မနေဖို့ အလွန်တရာ အရေးကြီးကြောင်းပါ။ ဖြည့်စွက် – ကျမပြောတာ Antigen test kit တွေနော်။ Antibody test တွေ ကတော့ အမြန်စစ်တာပဲဖြစ်ဖြစ် သေချာစစ်တဲ့ဟာတွေပဲဖြစ်ဖြစ် (သွေးရည်ကြည်ယူဖို့ကလွဲလို့) လူနာအတွက် အ ကျိုး ရှိမရှိ ဘယ်သူမှ မသိသေးလို့ ထည့်ကိုမပြောပါ။ (‌ဒေါက်တာပန်းအိဖြူ) “Antigen test kit များဖြင့် စစ်ဆေးမည့် သတင်း အပြည့်အ စုံ” မိနစ် ၂၀အတွင်း ကိုဗစ်ရှိမရှိ မြန်မြန်ဆန်ဆန် အဖြေသိနိုင်မည့် Antigen test kit များဖြင့် စက်တင်ဘာ ၂၉ ရက်မှစတင်၍ ရန်ကုန်၌ စစ်ဆေးမှု စတင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

“Antigen test kit တွေက မနေ့ညက စရောက်ပြီ ဆိုတော့ ဒီနေ့တောင် training ပေးတဲ့ရက်ပါ။ မနက်ဖြန်ကစပြီး တချို့နေရာတွေ စ စစ်တော့မယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းမာရေးနှင့်အသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေး မှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။WHOက အသိအမှတ်ပြုထားသည့် covid-19 ရှိမရှိ အမြန်သိရှိနိုင်မည့် Antigen test kit များကို ကိုရီးယားကုမ္ပဏီမှ တစ်ဆင့် အခုရေ ၂၀၀၀၀၀ မှာယူထားပြီး အခုရေ ၁၀၀၀၀၀ ခန့်မှာ စက်တင်ဘာ ၂၇ရက် ညပိုင်းက စတင်ရောက်ရှိ လာပြီဖြစ်ပြီး ကျန်ရှိသည်များမှာ စက်တင်ဘာလကုန်တွင် ရောက်ရှိမည်ဖြစ်သည်။ “အဓိက ကတော့ PUIတွေမှာ ဆေးရုံတွေမှာ ဒီရော ဂါလက္ခဏာနဲ့ ရောက်လာတဲ့ လူတွေ ဒီလူတွေကို ဦးစားပေးပြီးစစ်သွားမယ်။

ဒုတိယ ဦးစားပေးစစ်မယ့် အုပ်စုကတော့ Primary contact အဓိက ထိတွေ့မှုရှိတဲ့သူတွေပါ။ “ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။ အဆိုပါ Antigen test kit များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်အဆင့်ဆေးရုံများ၌ စစ်ဆေးပေးသွားမည်ဖြစ်ဖြစ်ပြီး နှာခေါင်း တို့ဖတ်ကို ယူ၍ စစ်ဆေးမည်ဖြစ်ကာ covid-19 ရှိမရှိကို မိနစ် ၂၀ သို့မဟုတ် မိနစ် ၃၀အတွင်း အဖြေရလဒ်များ သိရှိနိုင်တော့မည် ဖြစ် သည်။ “ဒီလိုမျိုး စစ်ဆေးနိုင်တာတွေလည်း ပေါ်လာပြီ ဆိုတော့ အိမ်မှာပဲ ရုတ်တရက် ဖျားခြင်း ချောင်းဆိုးခြင်း အနံ့အရသာပျောက်ခြင်း ဒီလို လက္ခဏာတွေ ပေါ်လာမယ် အသက်ရှူရခက်ခဲတာတို့ ပြီးတော့ ဒီလိုရောဂါရှိတဲ့သူနဲ့ ထိတွေ့ခဲ့တာ ဒါမျိုးတွေ ဆိုရင် အိမ်မှာ ကြိတ်ပြီး မကုဖို့ ဒါက စောစောပြော စောစောသိ စောစော အကျိုးရှိဆိုသလိုမျိုး စောစော စီးစီးလာပြီးတော့ စစ်ဆေးမယ် ကုသမှု ခံယူမယ်။

Add a Comment

Your email address will not be published. Required fields are marked *