ဖတ္ရင္းနဲ႔ေတာင္ မ်က္ရည္က်ရတဲ့ ေဒါက္တာေနေသြး ေရးတဲ့ “ေသျခင္းတရား ႏွင့္ ေနာက္ဆုံးတိုက္ပြဲ” အေၾကာင္း

ကိုဗစ္တိုက္ပြဲမွာ ျပည္သူေတြ တိုက္ပြဲဝင္ရမယ့္ပုံစံက အိမ္ထဲမွာ အိပ္ေနေပး ဖို႔ပါပဲ။ အသက္စြန႔္ၿပီးက်ည္ဆံေတြၾကားသြားရမွာ မဟုတ္ပါ ဘူး။ အိပ္ စား TV ၾကည့္ Ph ပြတ္ေန႐ုံပါပဲ။ သိပ္ကို လြယ္ပါတယ္။ မနက္ျဖန္ကစၿပီး Antigen test ေတြ စပါၿပီ။ေရွ႕တန္းမွာ ေျခကုန္လက္ ပန္းက်ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြဟာ တျခားျပည္နယ္တိုင္းက လာေရာက္ပူးေပါင္းၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ Volunteer ေတြနဲ႔ ပူးေပါင္းၿပီးလက္က်န္အားနဲ႔ အစြမ္းကုန္တိုက္ပြဲ စဝင္ၾကပါၿပီ။ကမာၻေပၚမွာ လက္ရွိအခ်ိန္အထိ ကိုဗစ္ကပ္ေရာေၾကာင့္ လူ ၃၂ သန္း ေက်ာ္ ကူးစက္ ခံထားရၿပီး၁ သန္းနီးပါး ေသဆုံးခဲ့ရပါၿပီ။ ေသႏႈန္းကေတာ့ ၃.၁% ပါ။ ျမန္မာျပည္မွာက နမူနာေပါင္း ၂ သိန္းခြဲနီးပါး စစ္ ေဆးခဲ့ၿပီးပိုးေတြ႕လူနာ ၁၀၀၀၀ ေက်ာ္ ေတြ႕ရွိထားကာ ေသဆုံးသူ ၂၀၀ ေက်ာ္ရွိပါတယ္။

ဒီလိုရလဒ္ေတြအရ ၾကည့္ရင္ေတာ့ သိပ္မဆိုးဘူးထင္ရေပမယ့္ ေျမျပင္မွာက ခက္ခဲမႈ မ်ားစြာ ရွိေနပါတယ္။ အဓိကကေတာ့ System ထက္ လူ႔စြမ္းအားအရင္းအျမစ္နဲ႔ အေျခခံအေဆာက္အဦးေတြ အားနည္းမႈရွိတာ၊ ေခတ္အဆက္ဆက္ က်န္းမာေရးဘတ္ဂ်တ္ သိပ္မရခဲ့တာေတြ က အခုခ်ိန္မွာ ခံစားေနရတာပါပဲ။ ဒီေရာဂါက တိက်တဲ့ ဗ်ဴဟာ မရွိပါဘူး။ ႏိုင္ငံတိုင္းက ကိုယ့္ႏိုင္ငံအလိုက္ အဆင္ေျပမယ့္နည္းေတြနဲ႔ ဆက္လက္တိုက္ပြဲဝင္ေနၾကရပါတယ္။ဒီေနရာမွာ လက္ရွိ ျမန္မာျပည္ရဲ႕ Epicenter လို႔ ေျပာရမယ့္ ရန္ကုန္ၿမိဳ႕ဟာ အႀကီးမားဆုံးၿခိမ္း ေျခာက္မႈကို ရင္ဆိုင္ေနရပါတယ္။ တခုထဲေသာ ၿမိဳ႕ျပစစ္စစ္ျဖစ္တဲ့ ရန္ကုန္ဟာ ဒီတိုက္ပြဲမွာ အလူးအလဲပါပဲ။ ဘယ္လိုေတြျဖစ္ေနလဲ။ တကယ့္ေျမျပင္မွာ ဘာေတြျဖစ္ေနသလဲဆိုတာကို ျပည္သူေတြအေနနဲ႔ တကယ္ကို သိဖို႔လိုေနပါတယ္။

အေၾကာက္တရားမရွိပဲ ေလွ်ာက္လုပ္ေနျခင္းဟာ အလြန္ဆိုး႐ြားၿပီးေရွ႕တန္းက တိုက္ပြဲဝင္ေနရသူေတြကိုလဲ ဒုကၡေပးရာေရာက္ပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ လက္ရွိအေျခအေနဟာ အခုခ်ိန္မွာ အေတာ္ကို ၾကမ္းတမ္းခက္ခဲတဲ့အေနအထားကို ေရာက္ေနပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ ေဆး႐ုံ အားလုံးနီးပါးဟာ ျပည့္ေနၿပီးျဖစ္ၿပီးက်န္းမာေရးဝန္ထမ္းေတြလဲ Q ဝင္သူ P ျဖစ္သူေတြနဲ႔ အင္အားနည္းေနပါတယ္။ ရန္ကုန္ရဲ႕ အဓိက ေဆး႐ုံႀကီးျဖစ္တဲ့ YGH အေၾကာင္းကိုပဲ ေျပာပါမယ္။ အျခားေဆး႐ုံေတြလဲ အတူတူပါပဲ။ အိမ္မျပန္ႏိုင္ဘူး။ ႀကဳံသလိုအိပ္ ႀကဳံသလိုစားၿပီး ျပည္သူအတြက္ အလုပ္လုပ္ေနၾကပါတယ္။လက္ရွိသြားေနတဲ့ Process က ဒီလိုပါ။ ေဆး႐ုံကို ေရာက္လာရင္ သံသယလူနာလို႔ သတ္မွတ္ ရင္ သီးသန႔္အေဆာင္ေတြမွာ ထားပါတယ္။ Swab ယူပါတယ္။ NHL ပို႔ပါတယ္။

P ျဖစ္တဲ့လူနာေတြ စာရင္းျပန္ပို႔လာရင္ အဲဒီလူနာေတြကို တာဝန္က် ဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြက လိုက္ရွာရပါတယ္။ ေသြးေပါင္ခ်ိန္၊ အဖ်ားတိုင္း၊ ေအာက္ဆီဂ်င္တိုင္းတာေတြ လုပ္ၿပီးတင္ျပရပါတယ္။ ညစဥ္တိုင္းမွာ ဆရာႀကီး ဆရာမႀကီးေတြက အစည္း အေဝးထိုင္ၿပီးဘယ္လူနာကို ဘယ္ကိုပို႔မယ္။ အေျခအေနဆိုးတဲ့သူကို ICU ပို႔ဖို႔ ဘယ္ေဆး႐ုံလႊဲမယ္ဆိုတာ ဆုံးျဖတ္ရပါတယ္။ မနက္က်ရင္ အဲလို စီစဥ္ထားတဲ့ အတိုင္း မနက္က် သက္ဆိုင္ရာ သတ္မွတ္ထားတဲ့ေဆး႐ုံေတြကို ေခၚသြားပါတယ္။ ဒါက အရင္ကပါ။အခုဆိုရင္ သံသယ လူနာေတြ အရမ္းမ်ားလာလို႔ အေဆာင္ ၇ ခုေလာက္ တိုးခ်ဲ႕ထားရပါတယ္။ ႐ြက္ဖ်င္တဲေတြလဲ ထိုးထားရပါတယ္။ အဲဒါေတာင္ အဲဒီအ ေဆာင္ေတြမွာ လူနာေတြျပည့္ေနပါတယ္။ P စာရင္းျပန္ပို႔လာရင္ ဘယ္လူနာက ဘယ္နားမွာရွိမွန္းေတာင္ မသိေတာ့ပါဘူး။

အဲဒီအေဆာင္ေတြထဲ လူေတြ အဲေလာက္မ်ားေနပါတယ္။ N နဲ႔ P ေတြ ေရာေနသလို အခုလို လူနာေတြ ဆက္တိုက္ေတြ႕လာခ်ိန္မွာ P ေတြ ကို မနက္က်ရင္ လႊဲပို႔ဖို႔ ေနရာေတြက ခ်ဲ႕မေလာက္ျဖစ္ေနလို႔ အခုဆိုရင္ P လူနာေတြဟာ YGH မွာပဲ ေသာင္တင္ေနတာ ၃ ၄ ရက္ရွိေနပါ ၿပီ။ COVID Center ေတြကို ပို႔ဖို႔ လာမေခၚႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ အခုဆို လာသမွ်လူနာေတြကို ေဆး႐ုံမွာ လက္မခံႏိုင္ပါဘူး။ လြတ္ ေနတဲ့ ကုတင္အေနအထားအလိုက္ပဲ လက္ခံႏိုင္ၿပီးအေတာ္မ်ားမ်ားကို အိမ္ျပန္လႊတ္ေနရပါတယ္။တာဝန္က် ဆရာဝန္ေတြနဲ႔ ဝန္ထမ္း ေတြဟာ မေလွ်ာ့ေသာဇြဲနဲ႔ ကမာၻပ်က္ေနသလို အေနအထားမွာ တိုက္ပြဲဝင္ေနရပါတယ္။ တညလုံး မအိပ္ရဘူး။ ၂၄ နာရီ အျပည့္ မအိပ္ပဲ ရဲစြမ္းသတၱိေျပာင္ေျမာက္စြာ ေပးဆပ္မႈမ်ားစြာနဲ႔ တိုက္ပြဲဝင္ေနရပါတယ္။

Duty ထြက္ရင္ အသံေတြဝင္၊ နာက်င္ကိုက္ခဲေနတဲ့အၾကားက ဒီေရာဂါေၾကာင့္ ထြက္မေျပးပဲ ရင္ဆိုင္ခုခံေနၾကပါတယ္။ အျခားေဆး႐ုံအား လုံးက က်န္းမာေရးဝန္ထမ္းအားလုံး ဒီလိုပါပဲ။ေနာက္ ေရာဂါရဲ႕ အေၾကာင္းလဲ ေျပာခ်င္ပါေသးတယ္။ မေသဘူးတို႔ ေအးေဆးပါတို႔ကို ေမ့ လိုက္ပါ။ ဂ်င္းျပဳတ္က မကယ္ပါဘူး။ အသက္ ၆၀ အထက္ လူနာအားလုံးဟာ အသက္တဝက္ကို ေသမင္းဆီ အပ္ထားရတာပါ။ လူနာေတြ ဟာ ၾကည့္ေနရင္း အေကာင္းကေန SPO2 ေတြ ျပဳတ္က်ၿပီးကြယ္လြန္ကုန္ၾကပါတယ္။ ေအာက္ဆီဂ်င္ေပးထားတာေတာင္ SPO2 90 ပတ္ခ်ာလည္ပဲ ရွိပါတယ္။ တခ်ိဳ႕ ၄၀ အ႐ြယ္လူေတြပါ အဲလိုျပဳတ္က်ေနတာပါ။ မနက္က အေကာင္း၊ ညက်ရင္ မရွိေတာ့တာေတြ အမ်ား ႀကီးပါ။ ဒါဟာ ေၾကာက္ဖို႔ေကာင္းတဲ့အေနအထားပါ။ သူတို႔ေတြဟာ တစုံတေယာက္ရဲ႕ ဖခင္၊ မိခင္၊ အဖိုးနဲ႔ အဖြားေတြျဖစ္ပါတယ္။

မိသားစုေတြအတြက္လဲ ေျဖစရာမရသလို ဆရာဝန္ေတြလဲ ဘယ္သူမွ စိတ္မေကာင္းပါဘူး။ICU ထဲထည့္ဖို႔ကလဲ လူတိုင္းကို ထည့္ဖို႔ ကု တင္မရွိပါဘူး။ ICU ရွိတဲ့ COVID center ေတြကလဲ ကုတင္ေတြျပည့္ေနပါတယ္။ ေၾကကြဲဝမ္းနည္းစြာနဲ႔ လူနာေတြကို လက္လႊတ္ေနရ ပါတယ္။ ဒီလိုမျဖစ္ေအာင္ ကာကြယ္ႏိုင္ရဲ႕သားနဲ႔ စည္းကမ္းမရွိတာေတြေၾကာင့္ အခုလို ႀကဳံေတြ႕ေနရတာပါ။ဒါ့အျပင္ ခင္ဗ်ားမွာ တျခား ေရာဂါတခုခုရွိတယ္ဆိုရင္ ပိုေတာင္ဆိုးပါတယ္။ ေက်ာက္ကပ္လူနာေတြ P ျဖစ္ပီဆို ဘယ္အျပင္ေဆးခန္းကမွ ေက်ာက္ကပ္မေဆးေပး ပါဘူး။ သမားေတာ္ေတြကလဲ မေဆးႏိုင္ပါဘူး။ ထို႔အတူပါပဲ အျခားခြဲစိတ္စရာေတြ၊ ဆီးခ်ိဳေၾကာင့္ ေျခေထာက္အနာျဖစ္တာေတြ အတြက္ လဲ လုပ္ရခက္ပါတယ္။ ခြဲစိတ္ေတြ၊ အ႐ိုးအထူးကုေတြကလဲ P အျဖစ္ခံၿပီးကို ခြဲစိတ္ေပးေနၾကေပမယ့္။

ေဆး႐ုံမွာ ျပန႔္ေနတဲ့ပိုးေတြ P လူနာေတြေၾကာင့္ အရာရာဟာ အခက္အခဲရွိေနပါတယ္။မတ္လထဲကေန ေဆးပညာနဲ႔ေမ့ေဆး သမားေတာ္ ေတြ၊ အထူးကုေတြကပဲ ကုေပး ေနရေပမယ့္ အခုေတာ့ တျခားဌာနေတြျဖစ္တဲ့ ကင္ဆာတို႔ ျပန္လည္ထူေထာင္ေရးတို႔ အ႐ိုးတို႔ OG တို႔ ခြဲ စိတ္တို႔ အေရျပားအစရွိတဲ့ ဌာနေတြက အထူးကုေတြကပါ ဝင္ေရာက္ၿပီးဆရာဝန္စိတ္ရွိရွိနဲ႔ ဝင္ေရာက္ကုသေပးေနၾကရပါတယ္။ ဘယ္ ေလာက္ပဲ ပိုက္ဆံရွိရွိ ဘယ္ႏိုင္ငံကဘယ္ေဆး႐ုံကမွ လက္ခံမကုေပးပါဘူး။ ကြယ္လြန္ခ်ိန္မွာလဲ အနားမွာ မိသားစု မရွိႏိုင္သလို သၿဂိဳဟ္တဲ့ အခါလဲ ဘာထုံးတမ္းအစဥ္အလာအတိုင္း ခမ္းခမ္းနားနားမရွိပါဘူး။ သိပ္ေၾကာက္ဖို႔ ေကာင္းေနလို႔ သတိေပးေနတာျဖစ္ပါတယ္။ ဒီလိုအ ေနအထားမွာ ရန္ကုန္ဟာ ေရစုန္ေမ်ာေနပါတယ္။ Center ေတြထပ္ ခ်ဲ႕ရမယ္။

အဲဒါက ခ်ဲ႕လို႔ရေပမယ့္ ထပ္ထည့္ဖို႔ ဆရာဝန္နဲ႔က်န္းမာေရးဝန္ထမ္းက မရွိေတာ့ပါဘူး။ ဒီေတာ့ တင္းၾကပ္ေသာ Stay at home လုပ္ပါ တယ္။ လူေတြက ဟဲဟဲဟဲဟဲပါပဲ။ ၂၄ ရက္ေန႔မွ စတင္တင္းၾကပ္ေပမယ့္လဲ အေၾကာင္းမရွိပဲ လမ္းထြက္ေနတုန္းပါပဲ။ ဒါေၾကာင့္ ဒီေန႔ကစ တင္းၾကပ္ပါတယ္။ ဒါဟာ LD သေဘာမ်ိဳးကို ခ်ဥ္းကပ္တာျဖစ္ပါတယ္။ ထို႔အတူ စစ္တဲ့ပုံစံေျပာင္းလိုက္ပါတယ္။ အခ်ိန္ေကာ လူအင္အား ေကာ မ်ားစြာကုန္တဲ့ PCR ကေန Antigen Test ကို ေျပာင္းလိုက္ပါတယ္။ဒီအခါမွာ ေျမာက္ျမားစြာတဲ့ P ေတြ ထပ္ထြက္လာမွာျဖစ္လို႔ အဲဒီလူအားလုံးကို ထည့္ဖို႔ Center အသစ္ေတြလိုေနပါတယ္။ အခု Center အသစ္ေတြ အမ်ားႀကီးေဖာ္ထုတ္ေနသလို တပ္ကလဲ ကုတင္ ၁၀၀၀ ခန႔္ရဖို႔ ျပင္ဆင္ထားပါတယ္။ဒီထပ္တိုးခ်ဲ႕လိုက္တဲ့ေနရာေတြအတြက္ ဆရာဝန္ေတြနဲ႔ က်န္းမာေရးလုပ္သားေတြက။

ဘယ္ကရမလဲဆိုရင္ တိုင္းနဲ႔ျပည္နယ္ အသီးသီးက က်န္းမာေရးဝန္ထမ္းေတြက ရန္ကုန္ကို ခ်ီတက္လာၾကပါပီ။ ရန္ကုန္က အျပင္က ေစ တနာဝန္ထမ္းဆရာဝန္ေတြကလဲ ေလွ်ာက္လႊာေတြ တင္ေနၾကသလို ေဆးေက်ာင္းသားေတြကလဲ သူတို႔တတ္ႏိုင္တဲ့ ဘက္က တိုက္ပြဲဝင္ဖို႔ ျပင္ဆင္ေနၾကပါၿပီ။တိုက္ပြဲဝင္ေနရသူေတြကလဲ ေရာဂါကို ေၾကာက္လို႔ ထြက္မေျပးပဲ ဆရာဝန္စိတ္ဓာတ္အျပည့္နဲ႔ ပိုးအကူးခံရတာေတာင္ ဆက္လက္တိုက္ဖို႔ အသင့္ျပင္ေနရၾကပါတယ္။ဒါဟာ ေနာက္ဆုံးေဖာင္ဖ်က္တိုက္ပြဲပါပဲ။ တိုက္ပြဲကာလက ၁ ပတ္ခြဲပါ။ဒီတိုက္ပြဲကို ဘာ ေၾကာင့္တိုက္ရသလဲဆိုရင္ ဒါဟာ Containment system ရဲ႕ ေနာက္ဆုံးႀကိဳးစားျခင္းအေနနဲ႔ ႀကိဳးစားတာျဖစ္ပါတယ္။ ရွိသမွ် လူအင္ အား၊ ပစၥည္းနဲ႔ ေနရာေတြ အကုန္ရင္းႏွီးၿပီးတိုက္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ ေတြ႕သမွ်လူနာေတြကို Center ေတြထဲထည့္မယ္။

Q ေတြထဲ က်န္ေနတဲ့ လူအားလုံးကို စစ္မယ္။ ထည့္မယ္။ ရွိသမွ်လူအင္အားနဲ႔ ကုသကာကြယ္မယ္။ဒါက က်န္ေနတဲ့ ခင္ဗ်ားတို႔အားလုံး ၇ သန္းရွိတဲ့ ရန္ကုန္သူ ရန္ကုန္သား အားလုံး ထပ္မံကူးစက္မႈကို အစြမ္းကုန္ေလွ်ာ့ခ်ဖို႔ပါ။ ဒီတိုက္ပြဲမွာ က်န္းမာေရးဘက္က တာဝန္ေက်ခဲ့ၿပီ ။ ေရွ႕တန္းမွာ အားလုံး အလုံးအရင္းနဲ႔ တိုက္ၾကေတာ့မယ္။ အဓိက တာဝန္ေက်ရမွာကေတာ့ ၇သန္းေသာ ျပည္သူေတြျဖစ္ပါတယ္။ ၂ပတ္ ခန႔္ကို ရန္ကုန္တၿမိဳ႕လုံး ရွိသမွ် လူအားလုံး လွည္းေနေလွေအာင္း ျမင္းေစာင္းမက်န္ အိမ္ထဲမွာေနပါ။ အိမ္ေအာက္က လမ္းထဲကိုေတာင္ ျဖစ္ႏိုင္ရင္ အဆင္းပဲ ေနပါ။ရန္ကုန္အတြက္ ေနာက္ဆုံးတိုက္ပြဲကို ဆင္ႏႊဲၾကပါပီ။ ဒီေလာက္ အျပင္း အထန္တိုက္မယ့္ပြဲႀကီးထဲမွာေတာင္ အိမ္မွာမေနပဲ လမ္းသလားေနၾကမယ္။ ေပ်ာ္ပါးေနၾကမယ္ဆိုရင္ေတာ့ ၂ ပတ္ေက်ာ္သြားရင္ ေဆး႐ုံေတြမွာလဲ ေနစရာျပည့္ေနၿပီ။

ICU ေတြလဲ လူလွ်ံေနၿပီ။က်န္းမာေရးဝန္ထမ္းေတြလဲ ေျခကုန္လက္ပန္းက်သြားၾကၿပီဆိုရင္ေတာ့ ေသျခင္းတရားဟာ ခင္ဗ်ားတို႔ရဲ႕ တံခါး ေတြကို လာေခါက္ပါလိမ့္မယ္။ အလြန္လြယ္ကူတဲ့ Mask ကို မတပ္ၾကလို႔ အသက္မ်ားစြာ ေသခဲ့ၾကရၿပီ။အခ်ိန္လြန္မွ ေနာင္တမရပါနဲ႔။ ေသ ျခင္းတရားနဲ႔ စစ္ခင္းရေတာ့မယ့္ ေနာက္ဆုံးတိုက္ပြဲမွာ ခင္ဗ်ားဟာ တာဝန္ေက်တဲ့ တပ္သားတေယာက္၊ ႏိုင္ငံသားတေယာက္အျဖစ္ ပါဝင္ ႏိုင္ပါေစ။ မနက္ျဖန္မွာ မႏိုင္ခဲ့ရင္ မနက္ျဖန္ေတြဟာမေသခ်ာေတာ့ဘူး။ ဒါေၾကာင့္ သာယာတဲ့ မနက္ျဖန္မ်ားစြာကို ပိုင္ဆိုင္ရဖို႔ မနက္ျဖန္ ရဲ႕လမ္းမ်ားေပၚမွာ။

source : Nay Thway

UNICODE

ကိုဗစ်တိုက်ပွဲမှာ ပြည်သူတွေ တိုက်ပွဲဝင်ရမယ့်ပုံစံက အိမ်ထဲမှာ အိပ်နေပေး ဖို့ပါပဲ။ အသက်စွန့်ပြီးကျည်ဆံတွေကြားသွားရမှာ မဟုတ်ပါ ဘူး။ အိပ် စား TV ကြည့် Ph ပွတ်နေရုံပါပဲ။ သိပ်ကို လွယ်ပါတယ်။ မနက်ဖြန်ကစပြီး Antigen test တွေ စပါပြီ။ရှေ့တန်းမှာ ခြေကုန်လက် ပန်းကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ တခြားပြည်နယ်တိုင်းက လာရောက်ပူးပေါင်းကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteer တွေနဲ့ ပူးပေါင်းပြီးလက်ကျန်အားနဲ့ အစွမ်းကုန်တိုက်ပွဲ စဝင်ကြပါပြီ။ကမ္ဘာပေါ်မှာ လက်ရှိအချိန်အထိ ကိုဗစ်ကပ်ရောကြောင့် လူ ၃၂ သန်း ကျော် ကူးစက် ခံထားရပြီး၁ သန်းနီးပါး သေဆုံးခဲ့ရပါပြီ။ သေနှုန်းကတော့ ၃.၁% ပါ။ မြန်မာပြည်မှာက နမူနာပေါင်း ၂ သိန်းခွဲနီးပါး စစ် ဆေးခဲ့ပြီးပိုးတွေ့လူနာ ၁၀၀၀၀ ကျော် တွေ့ရှိထားကာ သေဆုံးသူ ၂၀၀ ကျော်ရှိပါတယ်။

ဒီလိုရလဒ်တွေအရ ကြည့်ရင်တော့ သိပ်မဆိုးဘူးထင်ရပေမယ့် မြေပြင်မှာက ခက်ခဲမှု များစွာ ရှိနေပါတယ်။ အဓိကကတော့ System ထက် လူ့စွမ်းအားအရင်းအမြစ်နဲ့ အခြေခံအဆောက်အဦးတွေ အားနည်းမှုရှိတာ၊ ခေတ်အဆက်ဆက် ကျန်းမာရေးဘတ်ဂျတ် သိပ်မရခဲ့တာတွေ က အခုချိန်မှာ ခံစားနေရတာပါပဲ။ ဒီရောဂါက တိကျတဲ့ ဗျူဟာ မရှိပါဘူး။ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံအလိုက် အဆင်ပြေမယ့်နည်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြရပါတယ်။ဒီနေရာမှာ လက်ရှိ မြန်မာပြည်ရဲ့ Epicenter လို့ ပြောရမယ့် ရန်ကုန်မြို့ဟာ အကြီးမားဆုံးခြိမ်း ခြောက်မှုကို ရင်ဆိုင်နေရပါတယ်။ တခုထဲသော မြို့ပြစစ်စစ်ဖြစ်တဲ့ ရန်ကုန်ဟာ ဒီတိုက်ပွဲမှာ အလူးအလဲပါပဲ။ ဘယ်လိုတွေဖြစ်နေလဲ။ တကယ့်မြေပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို ပြည်သူတွေအနေနဲ့ တကယ်ကို သိဖို့လိုနေပါတယ်။

အကြောက်တရားမရှိပဲ လျှောက်လုပ်နေခြင်းဟာ အလွန်ဆိုးရွားပြီးရှေ့တန်းက တိုက်ပွဲဝင်နေရသူတွေကိုလဲ ဒုက္ခပေးရာရောက်ပါတယ်။ ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေဟာ အခုချိန်မှာ အတော်ကို ကြမ်းတမ်းခက်ခဲတဲ့အနေအထားကို ရောက်နေပါတယ်။ ရန်ကုန်မြို့ရဲ့ ဆေးရုံ အားလုံးနီးပါးဟာ ပြည့်နေပြီးဖြစ်ပြီးကျန်းမာရေးဝန်ထမ်းတွေလဲ Q ဝင်သူ P ဖြစ်သူတွေနဲ့ အင်အားနည်းနေပါတယ်။ ရန်ကုန်ရဲ့ အဓိက ဆေးရုံကြီးဖြစ်တဲ့ YGH အကြောင်းကိုပဲ ပြောပါမယ်။ အခြားဆေးရုံတွေလဲ အတူတူပါပဲ။ အိမ်မပြန်နိုင်ဘူး။ ကြုံသလိုအိပ် ကြုံသလိုစားပြီး ပြည်သူအတွက် အလုပ်လုပ်နေကြပါတယ်။လက်ရှိသွားနေတဲ့ Process က ဒီလိုပါ။ ဆေးရုံကို ရောက်လာရင် သံသယလူနာလို့ သတ်မှတ် ရင် သီးသန့်အဆောင်တွေမှာ ထားပါတယ်။ Swab ယူပါတယ်။ NHL ပို့ပါတယ်။

P ဖြစ်တဲ့လူနာတွေ စာရင်းပြန်ပို့လာရင် အဲဒီလူနာတွေကို တာဝန်ကျ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက လိုက်ရှာရပါတယ်။ သွေးပေါင်ချိန်၊ အဖျားတိုင်း၊ အောက်ဆီဂျင်တိုင်းတာတွေ လုပ်ပြီးတင်ပြရပါတယ်။ ညစဉ်တိုင်းမှာ ဆရာကြီး ဆရာမကြီးတွေက အစည်း အဝေးထိုင်ပြီးဘယ်လူနာကို ဘယ်ကိုပို့မယ်။ အခြေအနေဆိုးတဲ့သူကို ICU ပို့ဖို့ ဘယ်ဆေးရုံလွှဲမယ်ဆိုတာ ဆုံးဖြတ်ရပါတယ်။ မနက်ကျရင် အဲလို စီစဉ်ထားတဲ့ အတိုင်း မနက်ကျ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ဆေးရုံတွေကို ခေါ်သွားပါတယ်။ ဒါက အရင်ကပါ။အခုဆိုရင် သံသယ လူနာတွေ အရမ်းများလာလို့ အဆောင် ၇ ခုလောက် တိုးချဲ့ထားရပါတယ်။ ရွက်ဖျင်တဲတွေလဲ ထိုးထားရပါတယ်။ အဲဒါတောင် အဲဒီအ ဆောင်တွေမှာ လူနာတွေပြည့်နေပါတယ်။ P စာရင်းပြန်ပို့လာရင် ဘယ်လူနာက ဘယ်နားမှာရှိမှန်းတောင် မသိတော့ပါဘူး။

အဲဒီအဆောင်တွေထဲ လူတွေ အဲလောက်များနေပါတယ်။ N နဲ့ P တွေ ရောနေသလို အခုလို လူနာတွေ ဆက်တိုက်တွေ့လာချိန်မှာ P တွေ ကို မနက်ကျရင် လွှဲပို့ဖို့ နေရာတွေက ချဲ့မလောက်ဖြစ်နေလို့ အခုဆိုရင် P လူနာတွေဟာ YGH မှာပဲ သောင်တင်နေတာ ၃ ၄ ရက်ရှိနေပါ ပြီ။ COVID Center တွေကို ပို့ဖို့ လာမခေါ်နိုင်တော့ပါဘူး။ ဒါကြောင့် အခုဆို လာသမျှလူနာတွေကို ဆေးရုံမှာ လက်မခံနိုင်ပါဘူး။ လွတ် နေတဲ့ ကုတင်အနေအထားအလိုက်ပဲ လက်ခံနိုင်ပြီးအတော်များများကို အိမ်ပြန်လွှတ်နေရပါတယ်။တာဝန်ကျ ဆရာဝန်တွေနဲ့ ဝန်ထမ်း တွေဟာ မလျှော့သောဇွဲနဲ့ ကမ္ဘာပျက်နေသလို အနေအထားမှာ တိုက်ပွဲဝင်နေရပါတယ်။ တညလုံး မအိပ်ရဘူး။ ၂၄ နာရီ အပြည့် မအိပ်ပဲ ရဲစွမ်းသတ္တိပြောင်မြောက်စွာ ပေးဆပ်မှုများစွာနဲ့ တိုက်ပွဲဝင်နေရပါတယ်။

Duty ထွက်ရင် အသံတွေဝင်၊ နာကျင်ကိုက်ခဲနေတဲ့အကြားက ဒီရောဂါကြောင့် ထွက်မပြေးပဲ ရင်ဆိုင်ခုခံနေကြပါတယ်။ အခြားဆေးရုံအား လုံးက ကျန်းမာရေးဝန်ထမ်းအားလုံး ဒီလိုပါပဲ။နောက် ရောဂါရဲ့ အကြောင်းလဲ ပြောချင်ပါသေးတယ်။ မသေဘူးတို့ အေးဆေးပါတို့ကို မေ့ လိုက်ပါ။ ဂျင်းပြုတ်က မကယ်ပါဘူး။ အသက် ၆၀ အထက် လူနာအားလုံးဟာ အသက်တဝက်ကို သေမင်းဆီ အပ်ထားရတာပါ။ လူနာတွေ ဟာ ကြည့်နေရင်း အကောင်းကနေ SPO2 တွေ ပြုတ်ကျပြီးကွယ်လွန်ကုန်ကြပါတယ်။ အောက်ဆီဂျင်ပေးထားတာတောင် SPO2 90 ပတ်ချာလည်ပဲ ရှိပါတယ်။ တချို့ ၄၀ အရွယ်လူတွေပါ အဲလိုပြုတ်ကျနေတာပါ။ မနက်က အကောင်း၊ ညကျရင် မရှိတော့တာတွေ အများ ကြီးပါ။ ဒါဟာ ကြောက်ဖို့ကောင်းတဲ့အနေအထားပါ။ သူတို့တွေဟာ တစုံတယောက်ရဲ့ ဖခင်၊ မိခင်၊ အဖိုးနဲ့ အဖွားတွေဖြစ်ပါတယ်။

မိသားစုတွေအတွက်လဲ ဖြေစရာမရသလို ဆရာဝန်တွေလဲ ဘယ်သူမှ စိတ်မကောင်းပါဘူး။ICU ထဲထည့်ဖို့ကလဲ လူတိုင်းကို ထည့်ဖို့ ကု တင်မရှိပါဘူး။ ICU ရှိတဲ့ COVID center တွေကလဲ ကုတင်တွေပြည့်နေပါတယ်။ ကြေကွဲဝမ်းနည်းစွာနဲ့ လူနာတွေကို လက်လွှတ်နေရ ပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ရဲ့သားနဲ့ စည်းကမ်းမရှိတာတွေကြောင့် အခုလို ကြုံတွေ့နေရတာပါ။ဒါ့အပြင် ခင်ဗျားမှာ တခြား ရောဂါတခုခုရှိတယ်ဆိုရင် ပိုတောင်ဆိုးပါတယ်။ ကျောက်ကပ်လူနာတွေ P ဖြစ်ပီဆို ဘယ်အပြင်ဆေးခန်းကမှ ကျောက်ကပ်မဆေးပေး ပါဘူး။ သမားတော်တွေကလဲ မဆေးနိုင်ပါဘူး။ ထို့အတူပါပဲ အခြားခွဲစိတ်စရာတွေ၊ ဆီးချိုကြောင့် ခြေထောက်အနာဖြစ်တာတွေ အတွက် လဲ လုပ်ရခက်ပါတယ်။ ခွဲစိတ်တွေ၊ အရိုးအထူးကုတွေကလဲ P အဖြစ်ခံပြီးကို ခွဲစိတ်ပေးနေကြပေမယ့်။

ဆေးရုံမှာ ပြန့်နေတဲ့ပိုးတွေ P လူနာတွေကြောင့် အရာရာဟာ အခက်အခဲရှိနေပါတယ်။မတ်လထဲကနေ ဆေးပညာနဲ့မေ့ဆေး သမားတော် တွေ၊ အထူးကုတွေကပဲ ကုပေး နေရပေမယ့် အခုတော့ တခြားဌာနတွေဖြစ်တဲ့ ကင်ဆာတို့ ပြန်လည်ထူထောင်ရေးတို့ အရိုးတို့ OG တို့ ခွဲ စိတ်တို့ အရေပြားအစရှိတဲ့ ဌာနတွေက အထူးကုတွေကပါ ဝင်ရောက်ပြီးဆရာဝန်စိတ်ရှိရှိနဲ့ ဝင်ရောက်ကုသပေးနေကြရပါတယ်။ ဘယ် လောက်ပဲ ပိုက်ဆံရှိရှိ ဘယ်နိုင်ငံကဘယ်ဆေးရုံကမှ လက်ခံမကုပေးပါဘူး။ ကွယ်လွန်ချိန်မှာလဲ အနားမှာ မိသားစု မရှိနိုင်သလို သဂြိုဟ်တဲ့ အခါလဲ ဘာထုံးတမ်းအစဉ်အလာအတိုင်း ခမ်းခမ်းနားနားမရှိပါဘူး။ သိပ်ကြောက်ဖို့ ကောင်းနေလို့ သတိပေးနေတာဖြစ်ပါတယ်။ ဒီလိုအ နေအထားမှာ ရန်ကုန်ဟာ ရေစုန်မျောနေပါတယ်။ Center တွေထပ် ချဲ့ရမယ်။

အဲဒါက ချဲ့လို့ရပေမယ့် ထပ်ထည့်ဖို့ ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းက မရှိတော့ပါဘူး။ ဒီတော့ တင်းကြပ်သော Stay at home လုပ်ပါ တယ်။ လူတွေက ဟဲဟဲဟဲဟဲပါပဲ။ ၂၄ ရက်နေ့မှ စတင်တင်းကြပ်ပေမယ့်လဲ အကြောင်းမရှိပဲ လမ်းထွက်နေတုန်းပါပဲ။ ဒါကြောင့် ဒီနေ့ကစ တင်းကြပ်ပါတယ်။ ဒါဟာ LD သဘောမျိုးကို ချဉ်းကပ်တာဖြစ်ပါတယ်။ ထို့အတူ စစ်တဲ့ပုံစံပြောင်းလိုက်ပါတယ်။ အချိန်ကော လူအင်အား ကော များစွာကုန်တဲ့ PCR ကနေ Antigen Test ကို ပြောင်းလိုက်ပါတယ်။ဒီအခါမှာ မြောက်မြားစွာတဲ့ P တွေ ထပ်ထွက်လာမှာဖြစ်လို့ အဲဒီလူအားလုံးကို ထည့်ဖို့ Center အသစ်တွေလိုနေပါတယ်။ အခု Center အသစ်တွေ အများကြီးဖော်ထုတ်နေသလို တပ်ကလဲ ကုတင် ၁၀၀၀ ခန့်ရဖို့ ပြင်ဆင်ထားပါတယ်။ဒီထပ်တိုးချဲ့လိုက်တဲ့နေရာတွေအတွက် ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေက။

ဘယ်ကရမလဲဆိုရင် တိုင်းနဲ့ပြည်နယ် အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေက ရန်ကုန်ကို ချီတက်လာကြပါပီ။ ရန်ကုန်က အပြင်က စေ တနာဝန်ထမ်းဆရာဝန်တွေကလဲ လျှောက်လွှာတွေ တင်နေကြသလို ဆေးကျောင်းသားတွေကလဲ သူတို့တတ်နိုင်တဲ့ ဘက်က တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြပါပြီ။တိုက်ပွဲဝင်နေရသူတွေကလဲ ရောဂါကို ကြောက်လို့ ထွက်မပြေးပဲ ဆရာဝန်စိတ်ဓာတ်အပြည့်နဲ့ ပိုးအကူးခံရတာတောင် ဆက်လက်တိုက်ဖို့ အသင့်ပြင်နေရကြပါတယ်။ဒါဟာ နောက်ဆုံးဖောင်ဖျက်တိုက်ပွဲပါပဲ။ တိုက်ပွဲကာလက ၁ ပတ်ခွဲပါ။ဒီတိုက်ပွဲကို ဘာ ကြောင့်တိုက်ရသလဲဆိုရင် ဒါဟာ Containment system ရဲ့ နောက်ဆုံးကြိုးစားခြင်းအနေနဲ့ ကြိုးစားတာဖြစ်ပါတယ်။ ရှိသမျှ လူအင် အား၊ ပစ္စည်းနဲ့ နေရာတွေ အကုန်ရင်းနှီးပြီးတိုက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ တွေ့သမျှလူနာတွေကို Center တွေထဲထည့်မယ်။

Q တွေထဲ ကျန်နေတဲ့ လူအားလုံးကို စစ်မယ်။ ထည့်မယ်။ ရှိသမျှလူအင်အားနဲ့ ကုသကာကွယ်မယ်။ဒါက ကျန်နေတဲ့ ခင်ဗျားတို့အားလုံး ၇ သန်းရှိတဲ့ ရန်ကုန်သူ ရန်ကုန်သား အားလုံး ထပ်မံကူးစက်မှုကို အစွမ်းကုန်လျှော့ချဖို့ပါ။ ဒီတိုက်ပွဲမှာ ကျန်းမာရေးဘက်က တာဝန်ကျေခဲ့ပြီ ။ ရှေ့တန်းမှာ အားလုံး အလုံးအရင်းနဲ့ တိုက်ကြတော့မယ်။ အဓိက တာဝန်ကျေရမှာကတော့ ၇သန်းသော ပြည်သူတွေဖြစ်ပါတယ်။ ၂ပတ် ခန့်ကို ရန်ကုန်တမြို့လုံး ရှိသမျှ လူအားလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် အိမ်ထဲမှာနေပါ။ အိမ်အောက်က လမ်းထဲကိုတောင် ဖြစ်နိုင်ရင် အဆင်းပဲ နေပါ။ရန်ကုန်အတွက် နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲကြပါပီ။ ဒီလောက် အပြင်း အထန်တိုက်မယ့်ပွဲကြီးထဲမှာတောင် အိမ်မှာမနေပဲ လမ်းသလားနေကြမယ်။ ပျော်ပါးနေကြမယ်ဆိုရင်တော့ ၂ ပတ်ကျော်သွားရင် ဆေးရုံတွေမှာလဲ နေစရာပြည့်နေပြီ။

ICU တွေလဲ လူလျှံနေပြီ။ကျန်းမာရေးဝန်ထမ်းတွေလဲ ခြေကုန်လက်ပန်းကျသွားကြပြီဆိုရင်တော့ သေခြင်းတရားဟာ ခင်ဗျားတို့ရဲ့ တံခါး တွေကို လာခေါက်ပါလိမ့်မယ်။ အလွန်လွယ်ကူတဲ့ Mask ကို မတပ်ကြလို့ အသက်များစွာ သေခဲ့ကြရပြီ။အချိန်လွန်မှ နောင်တမရပါနဲ့။ သေ ခြင်းတရားနဲ့ စစ်ခင်းရတော့မယ့် နောက်ဆုံးတိုက်ပွဲမှာ ခင်ဗျားဟာ တာဝန်ကျေတဲ့ တပ်သားတယောက်၊ နိုင်ငံသားတယောက်အဖြစ် ပါဝင် နိုင်ပါစေ။ မနက်ဖြန်မှာ မနိုင်ခဲ့ရင် မနက်ဖြန်တွေဟာမသေချာတော့ဘူး။ ဒါကြောင့် သာယာတဲ့ မနက်ဖြန်များစွာကို ပိုင်ဆိုင်ရဖို့ မနက်ဖြန် ရဲ့လမ်းများပေါ်မှာ။

source : Nay Thway

Add a Comment

Your email address will not be published. Required fields are marked *