သွယ်လျတဲ့ခန္ဓာကိုယ် အချိုးအစား ဖြစ်စေရန် လေ့ကျင့်ခန်းတွေ ပြုလုပ်နေတဲ့ မတ်မတ်သင်ဇာ(ရုပ်သံ)





UNICODE

မနေ့ညကလည်း သင်ဇာရဲ့ Facebook story မှာ ဗီဒီယိုလေး တွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ Stay Homeကာလမှာ အချိုး အစားသွယ်လျတဲ့ ခန္ဓာကိုယ်ဖြစ်စေရန်လေ့ကျင့်ခန်းတွေ လုပ်ကာထိန်းသိမ်းနေတဲ့ သင်ဇာရဲ့Video လေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ် တွေလည်း ကြည့်ရှု ခံစားနိုင်အောင် သင်ဇာဝင့်ကျော် ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

ဖက်ရှင်များကို အများ နဲ့မတူအောင် ဝတ်ဆင် တတ်တာကြောင့် ပုရိသတွေရဲ့ဝန်းရံအားပေးမှုတွေကိုရရှိထားသူကတော့ မင်းသမီးချော လေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင် ကြိုးစား လုပ်ကိုင်နေသူ တစ်ယောက် လည်း ဖြစ်ပါတယ်။ သင်ဇာဟာ သူမရဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်မှတစ်ဆင့် အမြဲဝေမျှလေ့ရှိသူပါ။

သူမရဲ့ အောင်မြင်မှုတွေကြောင့်လည်း အနုပညာ အလုပ်တွေကို မပြတ်တမ်း တောက်လျှောက်လုပ်ကိုင်ရပြီး ပရိသတ်တွေမလွတ်တမ်း အားပေးနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ ဆက်ဆီကျကျပွဲတက်ဖက်ရှင်တွေကြောင့်လည်း ပရိသတ်တွေသာမက တက်သစ်စမော်ဒယ်တွေတောင် အားကျနေရတာလည်း ဖြစ်ပါတယ်။

Source and Photo Crd-  Thinzar Wint Kyaw’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *