ကမ္ဘာ့ အသက်ကြီး ဆုံးလို့ သတ်မှတ်ထားတဲ့ အမျိုးသမီး ထက် (၁၀)နှစ် ပိုကြီးတဲ့ မြန်မာပြည် က အဘွားဒေါ်ထွေး



REF: SHWE WIKI

UNICODE

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံ တစ်နိုင်ငံလုံး တွင် အသက်အကြီးဆုံး အဘွားများအား စိစစ်ရွေးချယ်၍ ဂုဏ်ပြုလျက် ရှိကြောင်းလည်း သိရပါတယ်။လက်ရှိကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံရတဲ့ ဂျပန်နိုင်ငံမှ အဘွား ကိန်းတာနာကာသည် အသက် ၁၁၇ နှစ် ၂၇၁ ရက် ရှိပြီဖြစ်ကြောင်း သိရပါတယ်။

ပဲခူး တိုင်း အုတ်ဖိုမြို့နယ်က အသက် ၁၂၇ နှစ် အရွယ်ရှိ အဘွားဒေါ်ထွေး အား လူမှုဝန်ထမ်းဦးစီးဌာနက ငွေကျပ် ၁၀ သိန်းကို သွားရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရပါတယ်။အဆိုပါ အဘွားမှာ မြန်မာနိုင်ငံတွင် အသက်အကြီးဆုံးစာရင်းဝင် ဖြစ်ပြီး အုတ်ဖိုမြို့ နယ် သရက် ပင်ကန် ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ (၁၄ ရက် ၄ လ ၁၃၈၂ ခုနှစ်)တွင် အသက် ၁၂၇ နှစ် ပြည့်ပြီဖြစ်ကြောင်း သိရပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *