ကိုဗစ္ေပ်ာက္ကင္း တဲ့ လူေတြဆီကေန ေရာ့ခ္အဆိုေတာ္မ်ိဳးႀကီး ေတာင္းဆိုမႈ(၁)ခု ျပဳလုပ္

ေရာ့ခ္အဆိုေတာ္မ်ိဳးႀကီးက သူကိုယ္တိုင္လည္း ေသြးရည္ၾကည္လႉဒါန္ေနသူျဖစ္ၿပီး က်န္တဲ့လူေတြကိုလည္း” ေရာဂါေဝဒနာ ရွင္ေတြကို တစ္ဖက္တစ္လမ္းကေန ကူညီေပးၾကပါ” လို႔ ဗီဒီယိုေလးကေန တိုက္တြန္းထားပါတယ္။ ပရိသတ္ႀကီးလည္း ဒီဗီဒီ ယိုေလးကိုၾကည့္ၿပီး ေသြးလႉရွင္ေတြ ေပၚထြက္လာေစဖို႔ မွ်ေဝရင္းနဲ႔ ကူညီလိုက္ၾကရေအာင္ေနာ္။လက္ရွိ မွာ အေသအဆုံးမ်ားျပားေနၿပီး ထင္မထားေလာက္ ေအာင္ ကူးစက္မႈႏႈန္းျမန္ေနတဲ့ ကိုဗစ္ေရာဂါေၾကာင့္ ျပည္သူမ်ားထိတ္လန္ ႔ေနၾကပါတယ္။ဒီေရာဂါဟာ ကုသဖို႔ေဆးမေပၚထြက္ေသးဘူးဆိုေပမယ့္ ေရာဂါေပ်ာက္ကင္းသက္သာသြားၿပီး ေဆး႐ုံက ဆင္းသြားတဲ့လူေတြ ရွိလို႔ေနပါၿပီ။ ကိုဗစ္ပထမလႈိင္းမွာ ေရာဂါပိုးကူးစက္ခံရၿပီး ေဆးကုသမႈခံယူခဲ့သူ မ်ိဳးႀကီးကေတာ့ Negative ႏွစ္ႀကိမ္ျပကာ ေဆး႐ုံက ဆင္းခြင့္ရခဲ့သူ တစ္ဦးျဖစ္ပါတယ္။

အခုအခ်ိန္မွာ ကိုဗစ္ေရာဂါေပ်ာက္ကင္းသြားသူေတြရဲ႕ ေသြးနဲ႔ ကိုဗစ္ အေရးေပၚလူနာမ်ားကို ကုသလို႔ရေနၿပီျဖစ္တဲ့ အတြက္ မ်ိဳးႀကီးကေတာ့သူ႔ရဲ႕ေသြးကို ျပန္လည္လႉဒါန္းေန႐ုံသာမက တျခား ေဝဒနာေပ်ာက္ကင္းသြားသူေတြကိုပါ လႉဒါန္းေ ပးဖို႔။သူ႔ရဲ႕ Official page ကေန ဒီလိုပဲ ေတာင္းဆိုထားပါတယ္။ျမန္မာႏိုင္ငံမွာ ကိုဗစ္ေဝဒနာေပ်ာက္ကင္းသက္သာသြားၿပီး ေဆး႐ုံကဆင္းသြား သူ ၂ေထာင္ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ သူတို႔ရဲ႕ေသြးနဲ႔ ကိုဗစ္အေရးေပၚျဖစ္ေနတဲ့ လူနာေတြကို ကုသႏိုင္မွာျဖစ္တဲ့အတြက္ မ်ိဳးႀကီးက ေသြး ရည္ၾကည္ကိုလႉဒါန္းေပးဖို႔ ေသြးလႉဘဏ္ကိုဆက္သြယ္ေပးဖို႔ ေတာင္းဆိုထား တာပဲျဖစ္ပါတယ္။ေသြးလႉခ်င္တဲ့လူေတြက ကိုယ္ဟာ Case number ဘယ္ေလာက္ျဖစ္ေၾကာင္းနဲ႔ ဘယ္ေဆး႐ုံကေန ေပ်ာ က္ကင္းသြားတာျဖစ္ေၾကာင္း ေျပာေပးဖို႔လိုတယ္လို႔ ဆိုလာပါတယ္။ ေသြးလႉရွင္ေတြအေနနဲ႔ ၁၈ႏွစ္မွ ၅၅ႏွစ္အတြင္းျဖစ္ ဖို႔လိုအပ္ၿပီး ေပါင္ခ်ိန္အနည္းဆုံး ၁၂၀ရွိဖို႔လိုအပ္တယ္လို႔ ဆိုလာပါတယ္။

Yin Khat Pan ( Writer – LLA )

UNICODE

ရော့ခ်အဆိုတော်မျိုးကြီးက သူကိုယ်တိုင်လည်း သွေးရည်ကြည်လှူဒါန်နေသူဖြစ်ပြီး ကျန်တဲ့လူတွေကိုလည်း” ရောဂါဝေဒနာရှင်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးကြပါ” လို့ ဗီဒီယိုလေးကနေ တိုက်တွန်းထားပါတယ်။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး သွေးလှူရှင်တွေ ပေါ်ထွက်လာစေဖို့ မျှဝေရင်းနဲ့ ကူညီလိုက်ကြရအောင်နော်။လက်ရှိ မှာ အသေအဆုံးများပြားနေပြီး ထင်မထားလောက် အောင် ကူးစက်မှုနှုန်းမြန်နေတဲ့ ကိုဗစ်ရောဂါကြောင့် ပြည်သူများထိတ်လန့်နေကြပါတယ်။ဒီရောဂါဟာ ကုသဖို့ဆေးမပေါ်ထွက် သေးဘူး ဆိုပေမယ့် ရောဂါပျောက်ကင်းသက်သာသွားပြီး ဆေးရုံကဆင်းသွားတဲ့လူတွေ ရှိလို့နေပါပြီ။ ကိုဗစ်ပထမလှိုင်းမှာ ရောဂါပိုးကူးစက်ခံရပြီး ဆေးကုသမှုခံယူခဲ့သူ မျိုးကြီးကတော့ Negative နှစ်ကြိမ်ပြကာ ဆေးရုံက ဆင်းခွင့်ရခဲ့သူ တစ်ဦးဖြစ်ပါတယ်။

အခုအချိန်မှာ ကိုဗစ်ရောဂါပျောက်ကင်းသွားသူတွေရဲ့ သွေးနဲ့ ကိုဗစ် အရေးပေါ်လူနာများကို ကုသလို့ရနေပြီဖြစ်တဲ့ အတွက် မျိုးကြီးက တော့သူ့ရဲ့သွေးကို ပြန်လည်လှူဒါန်းနေရုံသာမက တခြား ဝေဒနာပျောက်ကင်းသွားသူတွေကိုပါ လှူဒါန်းပေးဖို့။သူ့ရဲ့ Official page ကနေ ဒီလိုပဲ တောင်းဆိုထားပါတယ်။မြန်မာနိုင်ငံမှာ ကိုဗစ်ဝေဒနာပျောက်ကင်းသက်သာသွားပြီး ဆေးရုံကဆင်းသွား သူ ၂ထောင်ကျော်ရှိ နေပြီ ဖြစ်ပါတယ်။ သူတို့ရဲ့သွေးနဲ့ ကိုဗစ်အရေးပေါ်ဖြစ်နေတဲ့ လူနာတွေကို ကုသနိုင်မှာဖြစ်တဲ့အတွက် မျိုးကြီးက သွေး ရည်ကြည်ကို လှူဒါန်း ပေးဖို့ သွေးလှူဘဏ်ကိုဆက်သွယ်ပေးဖို့ တောင်းဆိုထားတာပဲဖြစ်ပါတယ်။သွေးလှူချင်တဲ့လူတွေက ကိုယ်ဟာ Case number ဘယ် လောက်ဖြစ်ကြောင်းနဲ့ ဘယ်ဆေးရုံကနေ ပျောက်ကင်းသွားတာဖြစ်ကြောင်း ပြောပေးဖို့လိုတယ်လို့ ဆိုလာပါတယ်။ သွေးလှူရှင်တွေ အနေနဲ့ ၁၈နှစ်မှ ၅၅နှစ်အတွင်းဖြစ်ဖို့လိုအပ်ပြီး ပေါင်ချိန်အနည်းဆုံး ၁၂၀ရှိဖို့လိုအပ်တယ်လို့ ဆိုလာပါတယ်။

Yin Khat Pan ( Writer – LLA )

Add a Comment

Your email address will not be published. Required fields are marked *