ကိုဗစ္ ကို အႏိုင္ယူေက်ာ္ျဖတ္ႏိုင္ ခဲ့ တဲ့ ဆီးခ်ိဳေဝဒနာ ရွင္ လူနာ အမွတ္ ၂၄၄၀ ရဲ႕ မွတ္တမ္း အျပည့္ အစုံ ေဖာ္ျပခ်က္

မိတ္ေဆြအားလုံး မက္စ္တပ္ၾကပါ လက္ေဆးၾကပါ တကယ္ဆိုးတဲ့ေရာဂါပါ လက္ေတြ႕ခံစားခဲ့ရေတာ့ ဘယ္သူမွ မႀကဳံေတြ႕ေစခ်င္ပါဘူး လူ နာေစာင့္မရွိ ကိုယ့္ဘာသာရင္ဆိုင္ရတာပါ ကိုဗစ္ကေသခ်ာေနရာယူပီးမွ အပိုင္တိုက္ခိုက္တာပါ ေရာဂါဝင္လာတာနက္ သူရဲ႕ လကၡဏာ ေတြျဖစ္တဲ့ အနံေပ်ာက္တာ ေခ်ာင္းဆိုးတာ ဝမ္းသြားတာေတြ ျဖစ္ေနေပမယ့္ လူေကာင္းလိုပါပဲ အဲ ပီးရင္ေတာ့ ေသခ်ာေနရာယူပီးရင္ တစ္ ခါထဲ အၿပီးေဆာ္တာပါ အားလုံး ဂ႐ုစိုက္ၾကပါ။၂.၉.၂၀ ရက္ေန႔ ညမွာ ၾကက္ဥရယ္ ခ်မ္းေျမ့ရယ္နဲ႔အတူတူ အရက္ေသာက္ၿပီး သူတို႔နဲ႔ပဲ ည အိပ္ျဖစ္တယ္ ၃ ရက္ေန႔မွာ မနက္အေစာထၿပီး အိမ္ျပန္ ေရမိုးခ်ိဳးၿပီး ဆိုဒ္ထဲသြားတယ္ ၿပီးေတာ့ စိတ္တိုင္းက်မွာ တီးဆြဲရင္း ကိုရဲဝင္း ကို ထြန္းထြန္းခိုင္ ကိုအံေက်ာ္ တို႔နဲ႔ထိုင္တယ္ ခနေနေတာ့ မုံ႐ြာက ကိုျမင့္ေအာင္ေရာက္လာလို႔ တူတူထိုင္ေသာက္ၾကတယ္။

ၿပီးေတာ့ MLCA ႐ုံးသြားၿပီး ကိုရဲဝင္း ကိုထြန္းထြန္းခိုင္ ဘိုေတာက္ ကိုျမတ္ေခ်ာ တို႔နဲ႔ အလုပ္ကိစၥ အစည္းအေဝးလုပ္တယ္ အစည္းအေဝး အၿပီးမွာ ၾကက္ဥကဖုန္းဆက္တယ္ သူဖ်ားေနတယ္ မင္းလဲသတိထားအူးတဲ့ အာ့နက္ ငါကေတာ့ေအးေဆး က်န္းမာေရးေကာင္းတယ္ ေျပာတယ္ စိတ္ထဲေတာ့ နဲနဲစိုးရိမ္သြားတယ္ ညက်ေတာ့ အျပင္ထြက္မစားခ်င္တာနဲ႔ ဆိုဒ္ကျပန္လာတဲ့ အင္ယာေတြနဲ႔ပဲ အိမ္မွာ ထမင္းတူ တူစားလိုက္တယ္။4 ရက္ေန႔ ကိုရဲဝင္းနဲ႔ ဆိုဒ္ထဲသြားတယ္ တေနကုန္ဆိုဒ္ထဲပါပဲ ေန႔လည္က် ၾကက္ဥက သူ႔သက္သာတယ္တဲ့ ေျပာေတာ့ ခရီးပန္းလို႔ေနမာပါ ေအးေဆးပါလို႔ျပန္ေျပာလိုက္တယ္ ညလဲ အင္ယာေတြနဲ႔ပဲ ထမင္းစားတယ္။5 ရက္ေန႔က်ေတာ့ အာခီက ေနမေကာင္း လို႔ swab စစ္တယ္ ၾကက္ဥလဲ ေနေကာင္းေနေတာ့ ကိုယ္လဲေအးေဆးေပါ့ အာ့ေန႔မွာ ဆိုဒ္အသစ္မွာ ေျမသန္႔မဂၤလာ လုပ္လိုက္ေသးတယ္။

တေနကုန္အလုပ္လုပ္ေပါ့ ေန႔လည္က် ကိုေအာင္စိုးမိုးလာလို႔ သူနဲ႔ဆိုဒ္ထဲမွာ စကားေျပာ အလုပ္ကိစၥတိုင္ပင္တာေပါ့ ညက်ေတာ့ ထမင္း လဲအိမ္မွာပဲ အင္ယာေတြနဲ႔အတူတူစားျဖစ္တယ္။6 ရက္ေန႔က် အာခီက ေပါ့စတစ္ထြက္ေတာ့ စိတ္ထဲစပူပီေလ အာ့နက္ ၾကက္ဥဆီဆက္ ေတာ့ သူကအနံေပ်ာက္ေနတယ္တဲ့ ခ်မ္းေျမ့က ဖ်ားေနတယ္ဆိုေတာ့ အျပင္မသြားေတာ့ပဲ အိမ္မွာပဲ ဘာလုပ္ရမလဲ မသိေတာ့ဘူး ညေန က် အာခီကို ေဆး႐ုံတင္လိုက္ပီ ၾကက္ဥတို႔လဲ swab ယူဖို႔ကို ေဟာ္တယ္မွာမရဘူး ဖ်ားေနလို႔ ေဆး႐ုံတက္ရမယ္တဲ့ သူတို႔လဲ အာ့ေန႔ပဲ ေဆး႐ုံတက္တယ္ ကိုယ္လဲစိတ္ညစ္ စိတ္ဓါတ္လဲက်ေနပီ ပီးေတာ့ ကြၽန္ေတာ္က ေသြးတိုး ဆီးခ်ိဳရွိေတာ့ ပိုပီးစိတ္ဓါတ္က်တယ္ ေဖ့ဘြတ္ ကေန ကိုဗစ္သတင္းေတြ ဖတ္ေတာ့ ဆီးခ်ိဳသမားေတြဆို ေရာဂါပိုဆိုးတယ္တဲ့ တညလုံးလဲ အိပ္မေပ်ာ္ပါဘူး။

တအိမ္ထဲေနတဲ့ အင္ယာေတြေတာ့ စိတ္ဓါတ္မက်ေအာင္အားေပး။7 ရက္ေန႔က် ၾကက္ဥတို႔က ေပါ့စတစ္ဆိုေတာ့ ကိုယ္လဲေသခ်ာပီ ဆို ၿပီးေတာ့ ေနျပည္ေတာ္ကုတင္ ၃၀၀ သြားၿပီး swab ယူဖို႔စုံစမ္းေတာ့ ျပင္ပလူနာဌာနက အေငါက္ေတာင္ခံရေသး အေဝးကစကားေျပာပါ အနားမလာပါနဲ႔တဲ့ စိတ္ဓါတ္က်ေနပါတယ္ဆိုမွ ပီးေတာ့ ဒီမွာစစ္လို႔မရပါဘူး ကုတင္၁၀၀၀ သြားပါတဲ့။အာ့အခ်ိန္မွာ ဆုံးျဖတ္ခ်က္ခ် လိုက္ တယ္ မေကြးပဲျပန္ေတာ့မယ္လို႔ အဓိကက အိမ္မျပန္ခ်င္တာက မေကြးကလူေတြ ကူးမွာစိုးလို႔ပါ ျပန္ဖို႔ဆုံးျဖတ္ပီးေတာ့ ဆရာႀကီးေဒါက္ တာေသာင္းလႈိင္ဆီ အကူအညီေတာင္းပါတယ္ ပီးေတာ့ ကိုသူ (သဒၶါရွင္လူမႈကူညီေရးအသင္း) ဆီဆက္သြယ္ပါတယ္ လာႀကိဳေပးပါလို႔ တိုးဂိတ္မွာ ပိုက္ဆံေပးရင္ ေရာဂါကူးမွာေၾကာက္လို႔ပါ။အာ့အခ်ိန္မွာ ညေန ၄ နာရီေက်ာ္ပါၿပီး ဆက္သြယ္ပီးတာနဲ႔။

မေကြးကိုတန္းေမာင္းပါတယ္ ဘယ္မွကားမရပ္ေတာ့ပါ ညစာလဲမစားေတာ့ပါဘူး။မေကြးၿမိဳ႕မေရာက္ခင္ မူလျမသလြန္ဘုရားေရာက္ေတာ့ လာႀကိဳမယ္အဖြဲ႕ေတြကို တစ္နာရီေလာက္ေစာင့္ရပါတယ္ ဖုန္းေတြလဲဆက္တိုက္လာပါတယ္ ဖုန္းတစ္ခုကဆို ဒီည Q ဝင္ဖို႔အဆင္မေျပလို႔ ျဖစ္သလိုအိပ္လိုက္ပါတဲ့ ဒါေပမဲ့ စည္ၿဖိဳးသူေဖါင္ေဒးရွင္းက ညီေလးေတြက PPE အျပည့္အစုံနဲ႔ လာႀကိဳပါတယ္ သူတို႔ကား၂ စီး ေရွ႕ေနာက္ နဲ႔ မေကြး TTC ထဲက FQ စင္တာကို ေရာက္ပါတယ္ ေရာက္တာနဲ႔ အာ့ညီေလးေတြကပဲ ကားအတြင္းအျပင္ ပါလာတဲ့ပစၥည္းေတြ ေဆး ျဖန္းပါတယ္ တကယ္ေက်းဇူးတင္ပါတယ္ FQ မွာကေတာ့ အိမ္သာေတြညစ္ပတ္လို႔ ေဟာ္တယ္Q ရမလားေမးပါေသးတယ္ ဒီတစ္ညေတာ့ ဒီမွာပဲ အိပ္လိုက္ပါေတာ့မယ္ေပါ့ ကိုယ္ဘာသာလဲ ေရာဂါမျဖစ္ပါဘူး စိတ္ထဲအားတင္းေတြးေနတာေပါ့။

8 ရက္ေန႔ မနက္ အိပ္ရာကႏိုးေတာ့ ထူးဆန္းစြာ အနံေပ်ာက္သြားပါၿပီ ဒါေပသိ ေရာဂါမျဖစ္ခ်င္တဲ့စိတ္အခံကရွိေတာ့ တညလုံးပန္ကာ ဖြင့္အိပ္ေတာ့ ႏွာစီးေနတယ္ေပါ့ ကိုယ္ဘာသာလိမ္ခ်င္ေပမယ့္ စိတ္ထဲအမွန္တရားကိုလက္ခံၿပီး အနံေပ်ာက္တာ သတင္းပို႔လိုက္ပါတယ္ ေန႔လည္စာစားၿပီး စည္ၿဖိဳးသူပရဟိတက ညီငယ္ေတြပဲ PPE ေတြနဲ႔ လာေခၚၿပီး မေကြးေဆး႐ုံ ၅ ထပ္ေဆာင္ကို ပို႔ေပးပါတယ္ ေဆး႐ုံ ေရာက္ေတာ့ လူနာစမ္းသပ္ခန္းမွာ အၾကာႀကီး ေနရပါတယ္ ေသြးေပါင္ခ်ိန္တိုင္း လာလုပ္ပါတယ္ အခန္းထဲမွာ အိုက္လို႔ အျပင္ထြက္ေတာ့ ေဆးသုတ္ေနတဲ့ ကေလးေတြရွိလို႔ သူတို႔ကို ဒီနားမသုတ္ပါနဲ႔ေျပာလိုက္ေသးတယ္။ အကိုကသံသယလူနာပါလို႔ ခနေနေတာ့ ၅ ထပ္ေဆာင္ ေဆာက္ေနတဲ့ အင္ယာခေလးမေရာက္လာၿပီး ဒီနားမေနနဲ႔ အလုပ္လုပ္ေနတာလာေျပာလို႔။

အကိုက ကိုဗစ္ေပါ့စတစ္လို႔ စကားမွမဆုံးေသးဘူး ခင္ဗ်ားဗ်ာဆိုၿပီး ရန္ေတြ႕သြားပါေရာ အမွန္က ေပါ့စတစ္လူနာနဲ႔အနီးကပ္ထိေတြ႕ခဲ့တာ အနားမလာနဲ႔ေျပာမလို႔ပါ အာ့လဲၿပီးေရာ နာစ္ေတြေရာက္လာၿပီး လာလာ ခင္ဗ်ားေနရမယ့္အခန္းပို႔ေပးမယ္ ေငါက္ခံရျပန္ေရာ။ အခန္းထဲ ေရာက္ေတာ့ အခန္းထဲမွာက ထိုင္းျပန္လူနာနဲ႔တခန္းထဲထားေတာ့ ကိုယ့္ကသံသယရယ္ ျဖစ္မွာမဟုတ္ဘူး သူကထိုင္းျပန္ပီးေတာ့ ထိုင္း မွာေလျဖတ္လို႔ ေဆး႐ုံတက္လာတာ သူဆီက ကူးေတာ့မွာပဲ စိတ္ညစ္ပါတယ္ဆိုၿပီး ဆရာမေတြကို အခန္းသီးသန္႔စီစဥ္ေပးလို႔မရဘူးလား ေမးေတာ့ မရပါဘူးတဲ့ ညေနၾကေတာ့ swab လာယူပါတယ္ တညလုံးအိပ္မရပါဘူး အခန္းတစ္ခုလုံး အလုံပိတ္ထားတဲ့အျပင္ အဲယားကြန္း မရွိ ပန္ကါမပါ အသက္ရႈပါၾကပ္ပါတယ္ တကိုယ္လုံးလဲ ေခြၽးေတြနဲ႔ အိပ္လိုက္ ႏိုးလိုက္နဲ႔ပါ။

9 ရက္ေန႔က်ေတာ့ ဓါတ္မွန္႐ိုက္ပါတယ္ အာ့အထိ လူကအေကာင္းပါ ေခ်ာင္းေတာင္ မဆိုးပါ အိမ္ကပန္ကာမွာပါတယ္။ ပန္ကာတခ်ိန္လုံး ဖြင့္ထားေတာ့ ေခြၽးကလဲတအားထြက္ေတာ့ လူလဲႏုံးေနတာကလြဲရင္ အကုန္အဆင္ေျပပါတယ္ ေဆး႐ုံက အခန္းထဲမွာ ေသြးေပါင္ခ်ိန္တိုင္း တာရယ္ ေသြးထဲေအာက္စီဂ်င္တိုင္းတဲ့ Pulse Oximeter ရယ္ထားေပးထားပီး တိုင္းပီး ဖုန္းဆက္ေျပာရပါတယ္။ အိမ္ကေနဆီးခ်ိဳ တိုင္း တာယူပီး တိုင္းၾကည့္ေတာ့ ၁၃၀ တပတ္လည္ပါပဲ အိုေကပါတယ္ေပါ့။10 ရက္ေန႔က် အိုက္တာ ေလမဝင္လို႔ မြန္းတာကလြဲရင္ပုံမွန္ပါပဲ ညက် အိပ္ေနတုန္း ည ၂ နာရီေလာက္မွာ PPE ဝတ္ထားတဲ့ ဆရာမေရာက္လာၿပီး လာႏိုးေတာ့ စိတ္ထဲအရမ္းတုန္လႈပ္သြားပါတယ္။ ဆရာမ ကြၽန္ေတာ္ေပါ့စတစ္လားလို႔ေမးလိုက္ေတာ့ အလုပ္ရႈပ္ရတဲ့ၾကားထဲ ဘာေတြလာေျပာေနတာလဲ။

အေရးႀကီးလူနာလာလို႔ အခန္းေ႐ႊ႕ေပးပါတဲ့ အံမေလးဆရာမရယ္ ႏွလုံးေရာဂါရွိရင္ေသမွာပါပဲလို႔ ကိုယ္ပစၥည္းကိုယ္သိမ္း အခန္းေ႐ႊ႕ ပီး ေတာ့ ဟိုေလျဖတ္ေနတဲ့ လူမမာပါကူေ႐ႊ႕ေပးရပါတယ္ အိပ္ခ်င္စိတ္လဲေပ်ာက္ေပါ့။11 ရက္ေန႔က် မနက္စာစားပီး ေဖ့ဘြတ္သုံးေတာ့ မ ေကြးကအားလုံး နဂတစ္ဆိုေတာ့ ကိုယ္မွာမ်က္ရည္ေတြစို႔ပီး ေပ်ာ္လိုက္တာေပါ့ ပီးမွ ကိုယ္ေတြကမပါဘူးတဲ့ ရန္ကုန္ NHL ပို႔စစ္တာတဲ့ အေပ်ာ္ေလးေတာင္ ဘယ္ေရာက္မွန္းမသိဘူး။12 ရက္ေန႔က်ေတာ့ မနက္အေစာမွာပဲ အခ်စ္ဆုံးအကိုႀကီးက ဖုန္းဆက္ပါတယ္ ညီေလး အားတင္းထားပါတဲ့ သိလိုက္ပါပီ အစကထဲကလဲ ထင္ေနပီးသားပါ ကိုယ္ဘာသာလိမ္ေနတာလဲ ရပ္သြားပါၿပီး ရင္ဆိုင္ယုံေပါ့ ခနေနေတာ့ ဆရာမေရာက္လာပီး (ထိုင္းျပန္က နဂတစ္ပါ ) အခန္းေ႐ႊ႕ဖို႔ေျပာပါတယ္ အရင္ေနခဲ့တဲ့အခန္းပါ ကိုယ့္ပစၥည္းကိုယ္သိမ္းၿပီး ။

အရင္ကုတင္ပါပဲ ျပန္ေရာက္ပါၿပီ စိတ္ဓါတ္က်လို႔မျဖစ္ဘူး ငါ့ေနာက္မွာ ငါ့ကိုမွီခိုေနသူေတြအမ်ားႀကီးပဲ ငါက်ရႈံးလို႔မျဖစ္ဘူး မာန္တင္းပါ တယ္ ဒါေပသိ မရပါဘူး စိတ္ဓါတ္က်ပါတယ္ တညလုံးလဲ အိပ္မေပ်ာ္ပါဘူး အိုက္တာကတမ်ိဳး ပန္ကာေလနဲ႔ဆိုေတာ့ ေခြၽးနဲ႔အေအးပတ္ သလိုျဖစ္ပါတယ္။13 ရက္ေန႔ေတာ့ စိတ္ဓါတ္ကအဆုံးစြန္ပါပဲ ထိုးက်ေနတာ အားေပးသူေတြေတာ့ ေအးေဆးေပါ့ ထပ္လိမ္ရျပန္ပါတယ္။ ကိုယ့္ေၾကာင့္ ေနျပည္ေတာ္က ထိေတြ႕ခဲ့တဲ့ မိတ္ေဆြေတြ ေဟာ္တယ္Q ဝင္ေနရတာလဲ အားနာတယ္ တစ္အိမ္ထဲအတူေနခဲ့တဲ့ အင္ယာ ေတြကေတာ့ အနီးကပ္ထိေတြ႕ခဲ့လို႔ ေဆး႐ုံမွာ Q ဝင္ရတယ္ တစ္ကားထဲအတူစီးခဲ့တဲ့ ကိုရဲဝင္းက မေကြးမွာQ ဝင္ေနတယ္ သူတို႔အားလုံး လဲ ကိုယ္ဆီကကူးမွာစိုးတယ္ တကယ္စိတ္ဓါတ္က်တယ္။14 ရက္ေန႔ ကိုဗစ္က စဖိုက္ပါၿပီ။

မနက္အေစာ ၄:၃၀ ေလာက္မွာ အိပ္ေနရာကေန ထအန္ပါတယ္ လူလဲႏုံးခ်ိပီး မလႈပ္ရွားခ်င္ေတာ့ပါဘူး ခနေနေတာ့ အိမ္သာသြားခ်င္လို႔ သြားေတာ့ အရည္ေတြပန္းပါတယ္ ေခါင္းကိုက္တာလဲတအားပါပဲ ၆ နာရီေလာက္ ဆရာမေတြဖုန္းဆက္ေမးေတာ့ ေသြးေပါင္ခ်ိန္တိုင္းေတာ့ ၁၅၄/၁၀၁ ပါ ဆီးခ်ိဳစစ္ေတာ့ ၃၃၃ ပါ ဆရာမေတြကဖ်ားလားေမးပါတယ္ ဒါေပမဲ့ အခန္းထဲမွာ အဖ်ားတိုင္းတာမရွိလို႔ ဖ်ားလားမသိခဲ့ပါဘူး ဖ်ားတယ္ထင္တာပါပဲ။ေရေသာက္တာနက္ ဝမ္းတန္းသြားပါတယ္ ဘာစားစား ဝမ္းသြားပါတယ္ အစာလဲမဝင္ေတာ့ပါဘူး လူလဲအိပ္ယာထဲ လဲတာပါပဲ အိမ္ကိုၾကက္ေပါင္းလုပ္ခိုင္းပါတယ္ ေဆးေသာက္သလိုေသာက္ပါတယ္ Brand ငွက္သိုက္ ၁၀ ဗူးေလာက္ေသာက္ပါတယ္ ဘာ စားစား ဝမ္းတန္းသြားပါတယ္ ဓါတ္စားလဲေသာက္မရပါဘူး ဆီးခ်ိဳကတက္ေနေတာ့ အာ့ေနမွာစၿပီး ခံရပါတယ္။

ကိုဗစ္က ခႏၵာကိုယ္ထဲမွာေရာက္ေနပီး ေသခ်ာေနရာယူပီးမွ တိုက္ခိုက္တာပါ တခါထဲအပီႀကိတ္တာပါ ဆက္တိုက္ ၄ ရက္ေလာက္ခံလိုက္ရ ပါတယ္။ေသာက္ခဲ့တဲ့ေဆးေတြကေတာ့ ဝမ္းသြားတာက Bioflor ေခါင္းကိုက္ပီး ဖ်ားတာက ပါရာစီတေမာ့ Vitacee 500 ; ENAT 400 Vitamin E ; Wellman အားေဆးေတြ ေသာက္ပါတယ္ ေသြးတိုးကေတာ့ Coversyl 5 mg ဆီးခ်ိဳကေတာ့ Metformin Denk 500, Diamicron 30 mg, Atocor 20 mg, Aspilets 80 mg ေခ်ာင္းဆိုးတာက Zetex 5 ml အစားပ်က္တာက Aminomin ေသာက္တယ္။၄ ရက္ေလာက္ ဘာမွစားမဝင္တဲ့အခ်ိန္မွာကေတာ့ ၾကက္ေပါင္းအရည္ ဆိတ္စြပ္ ငွက္သိုက္ အန္ရႈးဝါး အဲဒါေတြနဲ႔ အသက္ဆက္ခဲ့တာပါ ကံေကာင္းတာရယ္ ေသေန႔မေစ့ေသးလို႔ရယ္ေၾကာင့္ ျပန္လည္ေကာင္းမြန္လာတာပါ။

ေဆး႐ုံတက္ေနတုန္းမွာ တအားပူလို႔ မခံႏိုင္ေတာ့လို႔ ရစ္သလိုျဖစ္သြားတာေတြလဲ ေတာင္းပန္ပါတယ္ ဒါေပမဲ့လဲ ေျပာလဲမရခဲ့ပါဘူး ေလ ။ ကမဝင္ အခန္းကအလုံပိတ္ တကယ္ပါ မခံႏိုင္ေအာင္ ပူပါတယ္ ပူလို႔မအိပ္ႏိုင္ မစားႏိုင္တာလဲ တကယ္ဒုကၡတစ္ခုပါပဲ ကိုယ့္ေၾကာင့္ ကိုယ္နဲ႔ထိေတြ႕ခဲ့သူအားလုံး မကူးစက္ခဲ့လို႔လဲ တကယ္ေပ်ာ္႐ႊင္ရပါတယ္။ေဆး႐ုံထဲမွာ ေနခဲ့စဥ္တုန္းက မိတ္ေဆြအားလုံးက ရတနာသုတ္ ႐ြတ္ပါ ဘုရားစာ႐ြတ္ပါ တရားထိုင္ပါ ေျပာၾကေပမယ့္ တကယ္ျဖစ္ေနတဲ့အခ်ိန္ကေတာ့ ဘာမွမ႐ြတ္ျဖစ္ပါဘူး ေန႔လည္ဆို သီခ်င္းေတြ ေအာ္ဆို ေမာပီး ေခြၽးထြက္လာရင္ ေခ်ာင္းတအားဆိုးလာရင္နား ပီးရင္ ျပန္ဆို အာပဲလုပ္ခဲ့တာပါ ဟီး တကယ္ျဖစ္ေတာ့ ဘယ္ေလာက္အား တင္း အားတင္း စိတ္ဓါတ္ကေတာ့ က်တာပါပဲ။ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံကဆင္းၿပီး အိမ္မွာတစ္ပတ္ သီးသန္႔ခြဲေနရမယ္ဆိုလို႔။

ပိုၿပီးေသခ်ာေအာင္ ေဟာ္တယ္Q မွာ တစ္ပတ္ေနခဲ့ပါၿပီ တစ္ပတ္ျပည့္ရင္ ေဆး႐ုံျပန္ျပရမယ္ဆိုတာလဲ ျပန္ျပခဲ့ပါၿပီ ေသြးရည္ၾကည္လဲ လႉ ဖို႔ေျပာခဲ့ပါတယ္ ေရာဂါခံစားေနရစဥ္အတြင္း ေျပာမွားဆိုမွားရွိခဲ့ရင္လဲ ေတာင္းပန္ပါတယ္။ေရာဂါသံသယဝင္တဲ့အခ်ိန္ကေန ေပ်ာက္ကင္း တဲ့အထိ ဂ႐ုတစိုက္ကုသေပးခဲ့တဲ့ မေကြးေဆး႐ုံႀကီးမွ ဆရာဝန္ ဆရာမမ်ားကို ေက်းဇူးအထူးတင္ပါတယ္ ကူညီေပးခဲ့တဲ့ ပရဟိတအဖြဲ႕မ်ား မိတ္ေဆြမ်ားအားလုံး ဖုန္းနဲ႔ေရာ မက္ေဆ့နဲ႔ေရာ သတင္းေမးခဲ့တဲ့မိတ္ေဆြအားလုံး တကယ္စိတ္ထဲကေန ေက်းဇူးတင္ပါတယ္။

Aung Thu

UNICODE

မိတ်ဆွေအားလုံး မက်စ်တပ်ကြပါ လက်ဆေးကြပါ တကယ်ဆိုးတဲ့ရောဂါပါ လက်တွေ့ခံစားခဲ့ရတော့ ဘယ်သူမှ မကြုံတွေ့စေချင်ပါဘူး လူ နာစောင့်မရှိ ကိုယ့်ဘာသာရင်ဆိုင်ရတာပါ ကိုဗစ်ကသေချာနေရာယူပီးမှ အပိုင်တိုက်ခိုက်တာပါ ရောဂါဝင်လာတာနက် သူရဲ့ လက္ခဏာ တွေဖြစ်တဲ့ အနံပျောက်တာ ချောင်းဆိုးတာ ဝမ်းသွားတာတွေ ဖြစ်နေပေမယ့် လူကောင်းလိုပါပဲ အဲ ပီးရင်တော့ သေချာနေရာယူပီးရင် တစ် ခါထဲ အပြီးဆော်တာပါ အားလုံး ဂရုစိုက်ကြပါ။၂.၉.၂၀ ရက်နေ့ ညမှာ ကြက်ဥရယ် ချမ်းမြေ့ရယ်နဲ့အတူတူ အရက်သောက်ပြီး သူတို့နဲ့ပဲ ည အိပ်ဖြစ်တယ် ၃ ရက်နေ့မှာ မနက်အစောထပြီး အိမ်ပြန် ရေမိုးချိုးပြီး ဆိုဒ်ထဲသွားတယ် ပြီးတော့ စိတ်တိုင်းကျမှာ တီးဆွဲရင်း ကိုရဲဝင်း ကို ထွန်းထွန်းခိုင် ကိုအံကျော် တို့နဲ့ထိုင်တယ် ခနနေတော့ မုံရွာက ကိုမြင့်အောင်ရောက်လာလို့ တူတူထိုင်သောက်ကြတယ်။

ပြီးတော့ MLCA ရုံးသွားပြီး ကိုရဲဝင်း ကိုထွန်းထွန်းခိုင် ဘိုတောက် ကိုမြတ်ချော တို့နဲ့ အလုပ်ကိစ္စ အစည်းအဝေးလုပ်တယ် အစည်းအဝေး အပြီးမှာ ကြက်ဥကဖုန်းဆက်တယ် သူဖျားနေတယ် မင်းလဲသတိထားအူးတဲ့ အာ့နက် ငါကတော့အေးဆေး ကျန်းမာရေးကောင်းတယ် ပြောတယ် စိတ်ထဲတော့ နဲနဲစိုးရိမ်သွားတယ် ညကျတော့ အပြင်ထွက်မစားချင်တာနဲ့ ဆိုဒ်ကပြန်လာတဲ့ အင်ယာတွေနဲ့ပဲ အိမ်မှာ ထမင်းတူ တူစားလိုက်တယ်။4 ရက်နေ့ ကိုရဲဝင်းနဲ့ ဆိုဒ်ထဲသွားတယ် တနေကုန်ဆိုဒ်ထဲပါပဲ နေ့လည်ကျ ကြက်ဥက သူ့သက်သာတယ်တဲ့ ပြောတော့ ခရီးပန်းလို့နေမာပါ အေးဆေးပါလို့ပြန်ပြောလိုက်တယ် ညလဲ အင်ယာတွေနဲ့ပဲ ထမင်းစားတယ်။5 ရက်နေ့ကျတော့ အာခီက နေမကောင်း လို့ swab စစ်တယ် ကြက်ဥလဲ နေကောင်းနေတော့ ကိုယ်လဲအေးဆေးပေါ့ အာ့နေ့မှာ ဆိုဒ်အသစ်မှာ မြေသန့်မင်္ဂလာ လုပ်လိုက်သေးတယ်။

တနေကုန်အလုပ်လုပ်ပေါ့ နေ့လည်ကျ ကိုအောင်စိုးမိုးလာလို့ သူနဲ့ဆိုဒ်ထဲမှာ စကားပြော အလုပ်ကိစ္စတိုင်ပင်တာပေါ့ ညကျတော့ ထမင်း လဲအိမ်မှာပဲ အင်ယာတွေနဲ့အတူတူစားဖြစ်တယ်။6 ရက်နေ့ကျ အာခီက ပေါ့စတစ်ထွက်တော့ စိတ်ထဲစပူပီလေ အာ့နက် ကြက်ဥဆီဆက် တော့ သူကအနံပျောက်နေတယ်တဲ့ ချမ်းမြေ့က ဖျားနေတယ်ဆိုတော့ အပြင်မသွားတော့ပဲ အိမ်မှာပဲ ဘာလုပ်ရမလဲ မသိတော့ဘူး ညနေ ကျ အာခီကို ဆေးရုံတင်လိုက်ပီ ကြက်ဥတို့လဲ swab ယူဖို့ကို ဟော်တယ်မှာမရဘူး ဖျားနေလို့ ဆေးရုံတက်ရမယ်တဲ့ သူတို့လဲ အာ့နေ့ပဲ ဆေးရုံတက်တယ် ကိုယ်လဲစိတ်ညစ် စိတ်ဓါတ်လဲကျနေပီ ပီးတော့ ကျွန်တော်က သွေးတိုး ဆီးချိုရှိတော့ ပိုပီးစိတ်ဓါတ်ကျတယ် ဖေ့ဘွတ် ကနေ ကိုဗစ်သတင်းတွေ ဖတ်တော့ ဆီးချိုသမားတွေဆို ရောဂါပိုဆိုးတယ်တဲ့ တညလုံးလဲ အိပ်မပျော်ပါဘူး။

တအိမ်ထဲနေတဲ့ အင်ယာတွေတော့ စိတ်ဓါတ်မကျအောင်အားပေး။7 ရက်နေ့ကျ ကြက်ဥတို့က ပေါ့စတစ်ဆိုတော့ ကိုယ်လဲသေချာပီ ဆို ပြီးတော့ နေပြည်တော်ကုတင် ၃၀၀ သွားပြီး swab ယူဖို့စုံစမ်းတော့ ပြင်ပလူနာဌာနက အငေါက်တောင်ခံရသေး အဝေးကစကားပြောပါ အနားမလာပါနဲ့တဲ့ စိတ်ဓါတ်ကျနေပါတယ်ဆိုမှ ပီးတော့ ဒီမှာစစ်လို့မရပါဘူး ကုတင်၁၀၀၀ သွားပါတဲ့။အာ့အချိန်မှာ ဆုံးဖြတ်ချက်ချ လိုက် တယ် မကွေးပဲပြန်တော့မယ်လို့ အဓိကက အိမ်မပြန်ချင်တာက မကွေးကလူတွေ ကူးမှာစိုးလို့ပါ ပြန်ဖို့ဆုံးဖြတ်ပီးတော့ ဆရာကြီးဒေါက် တာသောင်းလှိုင်ဆီ အကူအညီတောင်းပါတယ် ပီးတော့ ကိုသူ (သဒ္ဓါရှင်လူမှုကူညီရေးအသင်း) ဆီဆက်သွယ်ပါတယ် လာကြိုပေးပါလို့ တိုးဂိတ်မှာ ပိုက်ဆံပေးရင် ရောဂါကူးမှာကြောက်လို့ပါ။အာ့အချိန်မှာ ညနေ ၄ နာရီကျော်ပါပြီး ဆက်သွယ်ပီးတာနဲ့။

မကွေးကိုတန်းမောင်းပါတယ် ဘယ်မှကားမရပ်တော့ပါ ညစာလဲမစားတော့ပါဘူး။မကွေးမြို့မရောက်ခင် မူလမြသလွန်ဘုရားရောက်တော့ လာကြိုမယ်အဖွဲ့တွေကို တစ်နာရီလောက်စောင့်ရပါတယ် ဖုန်းတွေလဲဆက်တိုက်လာပါတယ် ဖုန်းတစ်ခုကဆို ဒီည Q ဝင်ဖို့အဆင်မပြေလို့ ဖြစ်သလိုအိပ်လိုက်ပါတဲ့ ဒါပေမဲ့ စည်ဖြိုးသူဖေါင်ဒေးရှင်းက ညီလေးတွေက PPE အပြည့်အစုံနဲ့ လာကြိုပါတယ် သူတို့ကား၂ စီး ရှေ့နောက် နဲ့ မကွေး TTC ထဲက FQ စင်တာကို ရောက်ပါတယ် ရောက်တာနဲ့ အာ့ညီလေးတွေကပဲ ကားအတွင်းအပြင် ပါလာတဲ့ပစ္စည်းတွေ ဆေး ဖြန်းပါတယ် တကယ်ကျေးဇူးတင်ပါတယ် FQ မှာကတော့ အိမ်သာတွေညစ်ပတ်လို့ ဟော်တယ်Q ရမလားမေးပါသေးတယ် ဒီတစ်ညတော့ ဒီမှာပဲ အိပ်လိုက်ပါတော့မယ်ပေါ့ ကိုယ်ဘာသာလဲ ရောဂါမဖြစ်ပါဘူး စိတ်ထဲအားတင်းတွေးနေတာပေါ့။

8 ရက်နေ့ မနက် အိပ်ရာကနိုးတော့ ထူးဆန်းစွာ အနံပျောက်သွားပါပြီ ဒါပေသိ ရောဂါမဖြစ်ချင်တဲ့စိတ်အခံကရှိတော့ တညလုံးပန်ကာ ဖွင့်အိပ်တော့ နှာစီးနေတယ်ပေါ့ ကိုယ်ဘာသာလိမ်ချင်ပေမယ့် စိတ်ထဲအမှန်တရားကိုလက်ခံပြီး အနံပျောက်တာ သတင်းပို့လိုက်ပါတယ် နေ့လည်စာစားပြီး စည်ဖြိုးသူပရဟိတက ညီငယ်တွေပဲ PPE တွေနဲ့ လာခေါ်ပြီး မကွေးဆေးရုံ ၅ ထပ်ဆောင်ကို ပို့ပေးပါတယ် ဆေးရုံ ရောက်တော့ လူနာစမ်းသပ်ခန်းမှာ အကြာကြီး နေရပါတယ် သွေးပေါင်ချိန်တိုင်း လာလုပ်ပါတယ် အခန်းထဲမှာ အိုက်လို့ အပြင်ထွက်တော့ ဆေးသုတ်နေတဲ့ ကလေးတွေရှိလို့ သူတို့ကို ဒီနားမသုတ်ပါနဲ့ပြောလိုက်သေးတယ်။ အကိုကသံသယလူနာပါလို့ ခနနေတော့ ၅ ထပ်ဆောင် ဆောက်နေတဲ့ အင်ယာခလေးမရောက်လာပြီး ဒီနားမနေနဲ့ အလုပ်လုပ်နေတာလာပြောလို့။

အကိုက ကိုဗစ်ပေါ့စတစ်လို့ စကားမှမဆုံးသေးဘူး ခင်ဗျားဗျာဆိုပြီး ရန်တွေ့သွားပါရော အမှန်က ပေါ့စတစ်လူနာနဲ့အနီးကပ်ထိတွေ့ခဲ့တာ အနားမလာနဲ့ပြောမလို့ပါ အာ့လဲပြီးရော နာစ်တွေရောက်လာပြီး လာလာ ခင်ဗျားနေရမယ့်အခန်းပို့ပေးမယ် ငေါက်ခံရပြန်ရော။ အခန်းထဲ ရောက်တော့ အခန်းထဲမှာက ထိုင်းပြန်လူနာနဲ့တခန်းထဲထားတော့ ကိုယ့်ကသံသယရယ် ဖြစ်မှာမဟုတ်ဘူး သူကထိုင်းပြန်ပီးတော့ ထိုင်း မှာလေဖြတ်လို့ ဆေးရုံတက်လာတာ သူဆီက ကူးတော့မှာပဲ စိတ်ညစ်ပါတယ်ဆိုပြီး ဆရာမတွေကို အခန်းသီးသန့်စီစဉ်ပေးလို့မရဘူးလား မေးတော့ မရပါဘူးတဲ့ ညနေကြတော့ swab လာယူပါတယ် တညလုံးအိပ်မရပါဘူး အခန်းတစ်ခုလုံး အလုံပိတ်ထားတဲ့အပြင် အဲယားကွန်း မရှိ ပန်ကါမပါ အသက်ရှုပါကြပ်ပါတယ် တကိုယ်လုံးလဲ ချွေးတွေနဲ့ အိပ်လိုက် နိုးလိုက်နဲ့ပါ။

9 ရက်နေ့ကျတော့ ဓါတ်မှန်ရိုက်ပါတယ် အာ့အထိ လူကအကောင်းပါ ချောင်းတောင် မဆိုးပါ အိမ်ကပန်ကာမှာပါတယ်။ ပန်ကာတချိန်လုံး ဖွင့်ထားတော့ ချွေးကလဲတအားထွက်တော့ လူလဲနုံးနေတာကလွဲရင် အကုန်အဆင်ပြေပါတယ် ဆေးရုံက အခန်းထဲမှာ သွေးပေါင်ချိန်တိုင်း တာရယ် သွေးထဲအောက်စီဂျင်တိုင်းတဲ့ Pulse Oximeter ရယ်ထားပေးထားပီး တိုင်းပီး ဖုန်းဆက်ပြောရပါတယ်။ အိမ်ကနေဆီးချို တိုင်း တာယူပီး တိုင်းကြည့်တော့ ၁၃၀ တပတ်လည်ပါပဲ အိုကေပါတယ်ပေါ့။10 ရက်နေ့ကျ အိုက်တာ လေမဝင်လို့ မွန်းတာကလွဲရင်ပုံမှန်ပါပဲ ညကျ အိပ်နေတုန်း ည ၂ နာရီလောက်မှာ PPE ဝတ်ထားတဲ့ ဆရာမရောက်လာပြီး လာနိုးတော့ စိတ်ထဲအရမ်းတုန်လှုပ်သွားပါတယ်။ ဆရာမ ကျွန်တော်ပေါ့စတစ်လားလို့မေးလိုက်တော့ အလုပ်ရှုပ်ရတဲ့ကြားထဲ ဘာတွေလာပြောနေတာလဲ။

အရေးကြီးလူနာလာလို့ အခန်းရွှေ့ပေးပါတဲ့ အံမလေးဆရာမရယ် နှလုံးရောဂါရှိရင်သေမှာပါပဲလို့ ကိုယ်ပစ္စည်းကိုယ်သိမ်း အခန်းရွှေ့ ပီး တော့ ဟိုလေဖြတ်နေတဲ့ လူမမာပါကူရွှေ့ပေးရပါတယ် အိပ်ချင်စိတ်လဲပျောက်ပေါ့။11 ရက်နေ့ကျ မနက်စာစားပီး ဖေ့ဘွတ်သုံးတော့ မ ကွေးကအားလုံး နဂတစ်ဆိုတော့ ကိုယ်မှာမျက်ရည်တွေစို့ပီး ပျော်လိုက်တာပေါ့ ပီးမှ ကိုယ်တွေကမပါဘူးတဲ့ ရန်ကုန် NHL ပို့စစ်တာတဲ့ အပျော်လေးတောင် ဘယ်ရောက်မှန်းမသိဘူး။12 ရက်နေ့ကျတော့ မနက်အစောမှာပဲ အချစ်ဆုံးအကိုကြီးက ဖုန်းဆက်ပါတယ် ညီလေး အားတင်းထားပါတဲ့ သိလိုက်ပါပီ အစကထဲကလဲ ထင်နေပီးသားပါ ကိုယ်ဘာသာလိမ်နေတာလဲ ရပ်သွားပါပြီး ရင်ဆိုင်ယုံပေါ့ ခနနေတော့ ဆရာမရောက်လာပီး (ထိုင်းပြန်က နဂတစ်ပါ ) အခန်းရွှေ့ဖို့ပြောပါတယ် အရင်နေခဲ့တဲ့အခန်းပါ ကိုယ့်ပစ္စည်းကိုယ်သိမ်းပြီး ။

အရင်ကုတင်ပါပဲ ပြန်ရောက်ပါပြီ စိတ်ဓါတ်ကျလို့မဖြစ်ဘူး ငါ့နောက်မှာ ငါ့ကိုမှီခိုနေသူတွေအများကြီးပဲ ငါကျရှုံးလို့မဖြစ်ဘူး မာန်တင်းပါ တယ် ဒါပေသိ မရပါဘူး စိတ်ဓါတ်ကျပါတယ် တညလုံးလဲ အိပ်မပျော်ပါဘူး အိုက်တာကတမျိုး ပန်ကာလေနဲ့ဆိုတော့ ချွေးနဲ့အအေးပတ် သလိုဖြစ်ပါတယ်။13 ရက်နေ့တော့ စိတ်ဓါတ်ကအဆုံးစွန်ပါပဲ ထိုးကျနေတာ အားပေးသူတွေတော့ အေးဆေးပေါ့ ထပ်လိမ်ရပြန်ပါတယ်။ ကိုယ့်ကြောင့် နေပြည်တော်က ထိတွေ့ခဲ့တဲ့ မိတ်ဆွေတွေ ဟော်တယ်Q ဝင်နေရတာလဲ အားနာတယ် တစ်အိမ်ထဲအတူနေခဲ့တဲ့ အင်ယာ တွေကတော့ အနီးကပ်ထိတွေ့ခဲ့လို့ ဆေးရုံမှာ Q ဝင်ရတယ် တစ်ကားထဲအတူစီးခဲ့တဲ့ ကိုရဲဝင်းက မကွေးမှာQ ဝင်နေတယ် သူတို့အားလုံး လဲ ကိုယ်ဆီကကူးမှာစိုးတယ် တကယ်စိတ်ဓါတ်ကျတယ်။14 ရက်နေ့ ကိုဗစ်က စဖိုက်ပါပြီ။

မနက်အစော ၄:၃၀ လောက်မှာ အိပ်နေရာကနေ ထအန်ပါတယ် လူလဲနုံးချိပီး မလှုပ်ရှားချင်တော့ပါဘူး ခနနေတော့ အိမ်သာသွားချင်လို့ သွားတော့ အရည်တွေပန်းပါတယ် ခေါင်းကိုက်တာလဲတအားပါပဲ ၆ နာရီလောက် ဆရာမတွေဖုန်းဆက်မေးတော့ သွေးပေါင်ချိန်တိုင်းတော့ ၁၅၄/၁၀၁ ပါ ဆီးချိုစစ်တော့ ၃၃၃ ပါ ဆရာမတွေကဖျားလားမေးပါတယ် ဒါပေမဲ့ အခန်းထဲမှာ အဖျားတိုင်းတာမရှိလို့ ဖျားလားမသိခဲ့ပါဘူး ဖျားတယ်ထင်တာပါပဲ။ရေသောက်တာနက် ဝမ်းတန်းသွားပါတယ် ဘာစားစား ဝမ်းသွားပါတယ် အစာလဲမဝင်တော့ပါဘူး လူလဲအိပ်ယာထဲ လဲတာပါပဲ အိမ်ကိုကြက်ပေါင်းလုပ်ခိုင်းပါတယ် ဆေးသောက်သလိုသောက်ပါတယ် Brand ငှက်သိုက် ၁၀ ဗူးလောက်သောက်ပါတယ် ဘာ စားစား ဝမ်းတန်းသွားပါတယ် ဓါတ်စားလဲသောက်မရပါဘူး ဆီးချိုကတက်နေတော့ အာ့နေမှာစပြီး ခံရပါတယ်။

ကိုဗစ်က ခန္ဒာကိုယ်ထဲမှာရောက်နေပီး သေချာနေရာယူပီးမှ တိုက်ခိုက်တာပါ တခါထဲအပီကြိတ်တာပါ ဆက်တိုက် ၄ ရက်လောက်ခံလိုက်ရ ပါတယ်။သောက်ခဲ့တဲ့ဆေးတွေကတော့ ဝမ်းသွားတာက Bioflor ခေါင်းကိုက်ပီး ဖျားတာက ပါရာစီတမော့ Vitacee 500 ; ENAT 400 Vitamin E ; Wellman အားဆေးတွေ သောက်ပါတယ် သွေးတိုးကတော့ Coversyl 5 mg ဆီးချိုကတော့ Metformin Denk 500, Diamicron 30 mg, Atocor 20 mg, Aspilets 80 mg ချောင်းဆိုးတာက Zetex 5 ml အစားပျက်တာက Aminomin သောက်တယ်။၄ ရက်လောက် ဘာမှစားမဝင်တဲ့အချိန်မှာကတော့ ကြက်ပေါင်းအရည် ဆိတ်စွပ် ငှက်သိုက် အန်ရှုးဝါး အဲဒါတွေနဲ့ အသက်ဆက်ခဲ့တာပါ ကံကောင်းတာရယ် သေနေ့မစေ့သေးလို့ရယ်ကြောင့် ပြန်လည်ကောင်းမွန်လာတာပါ။

ဆေးရုံတက်နေတုန်းမှာ တအားပူလို့ မခံနိုင်တော့လို့ ရစ်သလိုဖြစ်သွားတာတွေလဲ တောင်းပန်ပါတယ် ဒါပေမဲ့လဲ ပြောလဲမရခဲ့ပါဘူး လေ ။ ကမဝင် အခန်းကအလုံပိတ် တကယ်ပါ မခံနိုင်အောင် ပူပါတယ် ပူလို့မအိပ်နိုင် မစားနိုင်တာလဲ တကယ်ဒုက္ခတစ်ခုပါပဲ ကိုယ့်ကြောင့် ကိုယ်နဲ့ထိတွေ့ခဲ့သူအားလုံး မကူးစက်ခဲ့လို့လဲ တကယ်ပျော်ရွှင်ရပါတယ်။ဆေးရုံထဲမှာ နေခဲ့စဉ်တုန်းက မိတ်ဆွေအားလုံးက ရတနာသုတ် ရွတ်ပါ ဘုရားစာရွတ်ပါ တရားထိုင်ပါ ပြောကြပေမယ့် တကယ်ဖြစ်နေတဲ့အချိန်ကတော့ ဘာမှမရွတ်ဖြစ်ပါဘူး နေ့လည်ဆို သီချင်းတွေ အော်ဆို မောပီး ချွေးထွက်လာရင် ချောင်းတအားဆိုးလာရင်နား ပီးရင် ပြန်ဆို အာပဲလုပ်ခဲ့တာပါ ဟီး တကယ်ဖြစ်တော့ ဘယ်လောက်အား တင်း အားတင်း စိတ်ဓါတ်ကတော့ ကျတာပါပဲ။ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းပြီး အိမ်မှာတစ်ပတ် သီးသန့်ခွဲနေရမယ်ဆိုလို့။

ပိုပြီးသေချာအောင် ဟော်တယ်Q မှာ တစ်ပတ်နေခဲ့ပါပြီ တစ်ပတ်ပြည့်ရင် ဆေးရုံပြန်ပြရမယ်ဆိုတာလဲ ပြန်ပြခဲ့ပါပြီ သွေးရည်ကြည်လဲ လှူ ဖို့ပြောခဲ့ပါတယ် ရောဂါခံစားနေရစဉ်အတွင်း ပြောမှားဆိုမှားရှိခဲ့ရင်လဲ တောင်းပန်ပါတယ်။ရောဂါသံသယဝင်တဲ့အချိန်ကနေ ပျောက်ကင်း တဲ့အထိ ဂရုတစိုက်ကုသပေးခဲ့တဲ့ မကွေးဆေးရုံကြီးမှ ဆရာဝန် ဆရာမများကို ကျေးဇူးအထူးတင်ပါတယ် ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့များ မိတ်ဆွေများအားလုံး ဖုန်းနဲ့ရော မက်ဆေ့နဲ့ရော သတင်းမေးခဲ့တဲ့မိတ်ဆွေအားလုံး တကယ်စိတ်ထဲကနေ ကျေးဇူးတင်ပါတယ်။

Aung Thu

Add a Comment

Your email address will not be published. Required fields are marked *