ရန္ကုန္တိုင္းအတြင္းက စက္႐ုံလုပ္သား (၆)သိန္းေက်ာ္အတြက္ သတင္းေကာင္းေလး လာပါၿပီ

Stay at Home ကာလ ရန္ကုန္တိုင္းအတြင္းရွိ ဖြင့္လွစ္ခြင့္မျပဳထားေသာလုပ္ငန္းမ်ားမွ ဝန္ထမ္းမ်ား၊ အလုပ္သမားမ်ားအတြက္ လုပ္ခလ စာေထာက္ပံ့ေပးႏိုင္ ေရး ယေန႔(စက္တင္ဘာ ၂၆) တြင္ Video Conferencing စနစ္ျဖင့္ ညႇိႏႈိင္းအစည္းအေဝးျပဳလုပ္ခဲ့ရာ ရန္ကုန္တိုင္း ေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္၊ အစည္းအေဝးသို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ (UM FCCI)မွ ဥကၠဌ ဦးေဇာ္မင္းဝင္း၊ ဒုတိယဥကၠဌ ဦးေဝၿဖိဳး၊ဦးေသာင္းတင္ ၊အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးေအးဝင္း၊ တြဲဖက္ အေထြ ေထြအတြင္းေရးမႉးမ်ား။ဦးစီးဌာနမွ တာဝန္ရွိသူမ်ား တက္ေရာက္ပါဝင္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

စက္႐ုံ၊အလုပ္႐ုံဝန္ထမ္းမ်ားအား ေထာက္ပံ့ေငြေပးမည့္ အစီအစဥ္ႏွင့္ပတ္သက္၍ ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္၊UMFCCI ဥကၠ႒ ဦးေဇာ္မင္း ဝင္းႏွင့္တြဲဖက္ အေထြေထြ အတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္တို႔ကို ဖုန္းဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း အေသးစိတ္ ေျဖၾကားေပးႏိုင္ခဲ့ျခင္း မရွိေပ။Video Conferencing စနစ္ျဖင့္ ျပဳလုပ္ခဲ့သည့္ ညႇိႏႈိင္းအ စည္းအေဝးပြဲ၌ ေငြေၾကးေထာက္ပံ့ရာတြင္ လုပ္ခလစာမ်ားကို Online Payment ျဖင့္ေပးအပ္မည့္အစီအစဥ္၊ အလုပ္သမားစာရင္းမ်ားျပဳစုႏိုင္ေရး၊ Database တည္ ေဆာက္ႏိုင္ေရး၊အလုပ္သမားမ်ား စနစ္ တက် မွတ္ပုံတင္ႏိုင္ေရးႏွင့္ အခ်က္အလက္မ်ားတိက်မွန္ကန္မႈရရွိရန္ စိ စစ္ႏိုင္ေရး၊ သတင္းအခ်က္အလက္မ်ား အခ်ိန္ႏွင့္တစ္ေျပးညီ ထုတ္ျပန္ႏိုင္ေရးတို႔ ေဆြးေႏြးခဲ့ေၾကာင္း UMFCCI မွ ထုတ္ျပန္ထားသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္႐ုံ၊အလုပ္႐ုံ၊အလုပ္ဌာနမ်ား၌ လူမႈဖူလုံေရးတြင္ အက်ဳံးဝင္မွတ္ပုံတင္ထားျခင္းမရွိသည့္ အလုပ္သမား ဝန္ထမ္းစုစုေပါင္း(၆၈၅,၄၅၉) ဦးခန္႔အား တစ္ဦးလွ်င္ ေငြက်ပ္ (၃၀,၀၀၀) ႏႈန္းစီျဖင့္ ႏိုင္ ငံေတာ္အစိုးရက ေထာက္ပံ့ေပးအပ္မည္ ျဖစ္​ေၾကာင္း သ တင္းရရွိသည္။ကိုဗစ္-၁၉ ေရာဂါကူးစက္ ျပန္႔ပြါးမႈမ်ားျပားလ်က္ရွိရာ ေရာဂါကာကြယ္ တားဆီးေရးအတြက္ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ား၊ ကုမၸဏီမ်ားအား ယာယီပိတ္သိမ္းထားရာ လူမႈဖူလုံေရးတြင္အက်ဳံးဝင္မွတ္ပုံတင္ထား ျခင္းမရွိသည့္ အလုပ္သမားဝန္ ထမ္းမ်ားအတြက္ ႏိုင္ငံေတာ္မွ ေငြက်ပ္ (၂၀.၅၆၃) ဘီလီယံ အကုန္က်ခံသုံးစြဲကာ ေထာက္ပံ့ေပးအပ္သြားမည္ ျဖစ္ ေၾကာင္းသိရသည္။

ထို႔အျပင္ လူမႈဖူလႈံေရး ထည့္ဝင္ေၾကး ေပးသြင္း ထားေသာ စက္႐ုံ၊ အလုပ္႐ုံ၊ လုပ္ငန္းဌာနမ်ားရွိ အလုပ္သမားမ်ားအား ၂၀၂၀ခုႏွစ္ (၆)လ ပိုင္းအထိ ေပးသြင္းထားပါက လုပ္ခလစာ၏ ၄၀% ကို ေထာက္ပံ့ေပးသြားမည္ျဖစ္ၿပီး၊ လူမႈဖူလႈံေရး မေပးထားသည့္ အလုပ္သမားမ်ား အ တြက္ ႏိုင္ငံေတာ္အစိုးရမွ တစ္ဦးလွ်င္ ေငြက်ပ္ (၃၀,၀၀၀)က်ပ္စီ ေထာက္ပံ့ေပးအပ္ရန္စီစဥ္လ်က္ရွိသည္။ လူမႈဖူလုံေရး အာ မခံစနစ္မွာ အ က်ဳံးဝင္တဲ့သူေတြကို ၂ပတ္ပိတ္ထားတယ္။CMP လုပ္ငန္းေတြေပါ့။ အဲဒါကို လူမႈဖူလုံေရးက ၄၀ ရာခိုင္ႏႈန္း ေထာက္ပံေပး မယ္လို႔ သိရ တယ္” ဟု ရန္ကုန္ တိုင္းအလုပ္သမားေရးရာဦးစီးမႉး ႐ုံးမွ တာဝန္ရွိသူက ေျပာသည္။

REF: THE LIFESTYLE MYANMAR

UNICODE

Stay at Home ကာလ ရန်ကုန်တိုင်းအတွင်းရှိ ဖွင့်လှစ်ခွင့်မပြုထားသောလုပ်ငန်းများမှ ဝန်ထမ်းများ၊ အလုပ်သမားများအတွက် လုပ်ခလ စာထောက်ပံ့ပေးနိုင် ရေး ယနေ့(စက်တင်ဘာ ၂၆) တွင် Video Conferencing စနစ်ဖြင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် (UM FCCI)မှ ဥက္ကဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဌ ဦးဝေဖြိုး၊ဦးသောင်းတင် ၊အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက် အထွေ ထွေအတွင်းရေးမှူးများ။ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စက်ရုံ၊အလုပ်ရုံဝန်ထမ်းများအား ထောက်ပံ့ငွေပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်း ဝင်းနှင့်တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း အသေးစိတ် ဖြေကြားပေးနိုင်ခဲ့ခြင်း မရှိပေ။Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သည့် ညှိနှိုင်းအ စည်းအဝေးပွဲ၌ ငွေကြေးထောက်ပံ့ရာတွင် လုပ်ခလစာများကို Online Payment ဖြင့်ပေးအပ်မည့်အစီအစဉ်၊ အလုပ်သမားစာရင်းများပြုစုနိုင်ရေး၊ Database တည် ဆောက်နိုင်ရေး၊အလုပ်သမားများ စနစ် တကျ မှတ်ပုံတင်နိုင်ရေးနှင့် အချက်အလက်များတိကျမှန်ကန်မှုရရှိရန် စိ စစ်နိုင်ရေး၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးတို့ ဆွေးနွေးခဲ့ကြောင်း UMFCCI မှ ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများ၌ လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အလုပ်သမား ဝန်ထမ်းစုစုပေါင်း(၆၈၅,၄၅၉) ဦးခန့်အား တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀) နှုန်းစီဖြင့် နိုင် ငံတော်အစိုးရက ထောက်ပံ့ပေးအပ်မည် ဖြစ်​ကြောင်း သ တင်းရရှိသည်။ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွါးမှုများပြားလျက်ရှိရာ ရောဂါကာကွယ် တားဆီးရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ ကုမ္ပဏီများအား ယာယီပိတ်သိမ်းထားရာ လူမှုဖူလုံရေးတွင်အကျုံးဝင်မှတ်ပုံတင်ထား ခြင်းမရှိသည့် အလုပ်သမားဝန် ထမ်းများအတွက် နိုင်ငံတော်မှ ငွေကျပ် (၂၀.၅၆၃) ဘီလီယံ အကုန်ကျခံသုံးစွဲကာ ထောက်ပံ့ပေးအပ်သွားမည် ဖြစ် ကြောင်းသိရသည်။

ထို့အပြင် လူမှုဖူလှုံရေး ထည့်ဝင်ကြေး ပေးသွင်း ထားသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများအား ၂၀၂၀ခုနှစ် (၆)လ ပိုင်းအထိ ပေးသွင်းထားပါက လုပ်ခလစာ၏ ၄၀% ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ လူမှုဖူလှုံရေး မပေးထားသည့် အလုပ်သမားများ အ တွက် နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ရန်စီစဉ်လျက်ရှိသည်။ လူမှုဖူလုံရေး အာ မခံစနစ်မှာ အ ကျုံးဝင်တဲ့သူတွေကို ၂ပတ်ပိတ်ထားတယ်။CMP လုပ်ငန်းတွေပေါ့။ အဲဒါကို လူမှုဖူလုံရေးက ၄၀ ရာခိုင်နှုန်း ထောက်ပံပေး မယ်လို့ သိရ တယ်” ဟု ရန်ကုန် တိုင်းအလုပ်သမားရေးရာဦးစီးမှူး ရုံးမှ တာဝန်ရှိသူက ပြောသည်။

REF:  THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *