သာကေတFortune Plaza ကို ကိုဗစ် လူနာ(၁၀၀၀)ထား ဖို့ နေရာလှူဒါန်း တဲ့ အပြင် ကျပ်သိန်း (၁၀၀၀) ပါ ထပ်လှူလိုက် တဲ့ အလှူရှင်



Credit- Shwe Yoe

UNICODE

ကိုဗစ်-၁၉ဖြစ်ပွားနေတဲ့ လူနာတွေအတွက် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မှာရှိတဲ့ Forturne Plaza Expo ခန်းမ ကို ခုတင် (၁၀၀၀)ဆန့် ယာယီဆေးရုံအဖြစ် အသုံးပြုဖို့အတွက် Excellent Fortune Development Group ဥက္ကဌ ဖြစ်သူ ဦးစိုင်းမျိုးဝင်းက လှု ဒါန်းလိုက်ကြောင်း ဝမ်းမြောက်ဖွယ်ရာ သိရပါတယ်။

အဲဒီ Centre ကိုလူနာတွေ အမြန်ဆုံးအသုံးပြုနိုင်ဖို့အတွက် စတင် ပြင်ဆင် ဆောင်ရွက် နေပြီဖြစ်ပါတယ်။အဲဒီခန်းမကြီးကို ခုတင်(၁၀၀၀) ဆန့် Fortune Covid Centre ဆေးရုံအဖြစ် အသုံးပြုမှာဖြစ်ပြီး တက်ရောက်လာမယ့် လူနာတွေအတွက် လိုအပ်သည်များသုံးစွဲဖို့ ငွေ ကျပ်သိန်းတစ်ထောင်ကိုလည်း မတည်လှူဒါန်းထားကြောင်း သိရပါတယ်။

Credit-  Shwe  Yoe

Add a Comment

Your email address will not be published. Required fields are marked *