ေျပာင္းလဲအသုံးျပဳလိုက္တဲ့ ကိုဗစ္ အျမန္စစ္ကိရိယာ နဲ႔ စစ္ခဲ့ရသူ တဦး ေျပာျပ တဲ့ အေတြ႕အႀကဳံ

ကိုဗစ္ေနာက္ဆုံးတိုက္ပြဲပဲ ဆိုဆို တိုက္ပြဲအစပဲ ဆိုဆို ရန္ကုန္သားေတြ အေနနဲ႔ အိမ္ထဲေနဖို႔ လိုအပ္ပါေသးတယ္။ ပူးေပါင္းေပးဖို႔ လိုပါတယ္ ။ ဒီတိုက္ပြဲ ဟာ အစိုးရအတြက္ တိုက္ပြဲ မဟုတ္ပါ။ မိမိ အသက္အတြက္ တိုက္ပြဲ ဆိုတာ ကို မေမ့ပါနဲ႔။အသက္ရွင္ဖို႔ ႐ုန္းကန္ရတာ ကို Sur vive လုပ္တယ္လို႔ ေျပာၾကတယ္။ စစ္ပြဲမွာရွင္က်န္ဖို႔ ခက္ခဲစြာ လုပ္ ရတယ္။ မုန္တိုင္းၾကားမွာ ရွင္က်န္ဖို႔ လုပ္ ရတာမလြယ္။ ငလ်င္ေဘး မီးေဘး အစစ အရာရာ မွာ ရွင္က်န္ေနဖို႔ လုပ္ရတာ ဘယ္ေလာက္ခက္လည္း ေတြးၾကည့္ပါ။ခုကိုဗစ္ေဘးက ရွင္က်န္ဖို႔ လုပ္ရတာ အလြယ္ ဆုံးပါ။ အိမ္ထဲမွာ အိပ္လိုက္ တီဗီ ၾကည့္လိုက္ စာဖတ္လိုက္ နဲ႔ ရွင္က်န္ေအာင္ လုပ္ေပး႐ုံ ေလးပါ. ရွင္က်န္ေနဖို႔ အိမ္ထဲေနလိုက္ပါ။က်ေနာ္ တို႔အလုပ္ရဲ႕သေဘာအရ လုပ္ငန္းခြင္မွာ ကိုဗစ္ ျပန႔္ႏွံ႔မႈ ျဖစ္မွာ ေၾကာက္ရပါတယ္။ သီး သန႔္ခြဲျခားထားတဲ့ေနရာ ျဖစ္ေနေပမယ့္။

တဦးတေယာက္မွာ ပိုးပါလာရင္ HAVAC စနစ္ (အလြယ္ေျပာရင္ Air Con စနစ္ တခုထဲ) တခုထဲ မွာ ေနထိုင္ရတဲ့အတြက္ ဧရိယာ တခု လုံး ကူးစက္ႏိုင္ပါတယ္။ဒီအတြက္ ကိုဗစ္နဲ႔ ပတ္သက္ၿပီး ေဆးစစ္ မႈေတြ စဥ္ဆက္မျပတ္ သတိထား လုပ္ရပါ တယ္။ အမ်ိဳးသားဓာတ္ခြဲ ခန္းရဲ႕ SWAB TEST စနစ္ ဟာ ေဈးမ်ားတယ္။ အခ်ိန္လိုတယ္။ စစ္ေဆးႏိုင္တဲ့ အကန႔္အသတ္ရွိတယ္။ တိက်ေသခ်ာ မႈေတာ့ ရွိတယ္။ Rapid Test ေတြရဲ႕ တိက်မႈ ကေတ့ ေသခ်ာမႈက အရင္က ၇၈% ေလာက္ပဲရွိ ခဲ့တယ္။ ခုေနာက္ပိုင္း ၉၈% ထိ ေသခ်ာ တယ္ လို႔ ဖတ္ရ တယ္။ဒါကလည္း ထုတ္လုပ္တဲ့ ကုမၸဏီ ေပၚ မူတည္ တယ္။ ပစၥည္းအရည္အေသြးေပၚ မူတည္ တယ္ ဆိုတယ္။ေဈးႏႈန္းကေတာ့ တ ေသာင္းမေက်ာ္ တဲ့ ပမာဏ နဲ႔ စစ္ေဆးႏိုင္မယ္။ အလြန္ဆုံး ၁၀ ေဒၚလာသာသာ။ ေငြေၾကးအားျဖင့္ အဆမ်ားစြာ သက္ သာ လာပါမယ္။

Rapid Test နဲ႔စစ္ၿပီး သံသယ ထပ္ရွိ မွ လက္ရွိစစ္ေနတဲ့ Swab Test ကို ထပ္စစ္ရင္ စစ္ေဆးရတဲ့ လူ ေလ်ာ့လာ ႏိုင္ တယ္။ စရိတ္ခ်ဳံ႕ႏိုင္ မယ္။Rapid Test မွာ စစ္လို႔ Positive ဆို ရင္ ခဏယာယီ ခြဲထားလိုက္ျခင္းျဖင့္ လည္း ဆက္လက္ျပန႔္ႏႈန္းကို ထိန္းႏိုင္ မယ္။ က်ေနာ္ ကိုယ္တိုင္ Rapid Test စစ္တာ ခံရတာ ၂ ဆင့္ စစ္တယ္။ ေသြးေဖာက္တယ္။ပု႐ြက္ဆိတ္ ကိုက္တာ ကမွ ပိုနာပါတယ္။ အဖုထ တယ္။ ခုက အဲေလာက္မနာပါ။ ေသြးစက္ေလးကို Test Kit ေပၚတင္ၿပီး မိနစ္ ၂၀ ေလာက္ဆို ေသြးရဲ႕ ျပန႔္ႏႈန္းက ပထမ တလိုင္းကို ေရာက္မယ္။ အဲမွာ ရပ္သြားရင္ Negative ေပါ့။ အဲမွာ မရပ္ဘဲ ဒုတိယ လိုင္းထိဆက္ ျပန႔္ရင္ေတာ့ လိုင္း ၂လိုင္း ျပတဲ့ Positive ေပါ့။ေနာက္ ႏွာေခါင္းႏႈိက္ တယ္။ အဲတာက ေတာ့ နည္းနည္း မ်က္ရည္ဝဲ႐ုံေပါ့။ အေကာင္းဆုံးက စိတ္ကိုေလွ်ာ့ထားပါ။ ေခါင္းကို ၿငိမ္ေအာင္ထားပါ။

ပါးစပ္ကို “အား “လို႔ ေအာ္သလို ဟ ၿပီး ေအာ္ျပပါ။ဒါဆို ႏွာလမ္းေၾကာင္း ေရွာေရွာရႈရႈ ျဖစ္လာပါမယ္။ မနာပါ။၊ တို႔ဖတ္ Test ကို သူ႔ Test kit ဘူးထဲက Gel ေလးတမ်ိဳးထဲ စိမ္ၿပီး ေစာင့္ ၾကည့္ပါ တယ္။ Rapid Test စစ္ၿပီး ၃ ရက္ေလာက္ သီးသန႔္ ေနၿပီးရင္ အလုပ္ထဲထြက္ခြာ ရပါတယ္။က်ေနာ္တို႔စစ္တဲ့ အမ်ိဳးအစားဟာ ကိုရီးယား ႏိုင္ငံထုတ္ပါ။ Rapid Test ဟာ ျမန္တယ္။ တိက်မႈ ေတာ့ ကန႔္သတ္ခ်က္ရွိတယ္။ ၂ % ကိုေတာ့ ကံေပၚ ထားရပါမယ္။ လူအ မ်ား ၾကား ျပန႔္ႏႈန္းျမႇင့္ၿပီး ခြဲျခားရ ခက္ တဲ့ ခုလို အခါ မွာ သုံးတာ မွန္ပါ တယ္။ အလ်င္ျမန္ဆုံး ဆြဲထုတ္ႏိုင္မယ့္ တခုထဲ ေသာ နည္းပါ။

Yann Naing Soe

UNICODE

ကိုဗစ်နောက်ဆုံးတိုက်ပွဲပဲ ဆိုဆို တိုက်ပွဲအစပဲ ဆိုဆို ရန်ကုန်သားတွေ အနေနဲ့ အိမ်ထဲနေဖို့ လိုအပ်ပါသေးတယ်။ ပူးပေါင်းပေးဖို့ လိုပါတယ် ။ ဒီတိုက်ပွဲ ဟာ အစိုးရအတွက် တိုက်ပွဲ မဟုတ်ပါ။ မိမိ အသက်အတွက် တိုက်ပွဲ ဆိုတာ ကို မမေ့ပါနဲ့။အသက်ရှင်ဖို့ ရုန်းကန်ရတာ ကို Sur vive လုပ်တယ်လို့ ပြောကြတယ်။ စစ်ပွဲမှာရှင်ကျန်ဖို့ ခက်ခဲစွာ လုပ် ရတယ်။ မုန်တိုင်းကြားမှာ ရှင်ကျန်ဖို့ လုပ် ရတာမလွယ်။ ငလျင်ဘေး မီးဘေး အစစ အရာရာ မှာ ရှင်ကျန်နေဖို့ လုပ်ရတာ ဘယ်လောက်ခက်လည်း တွေးကြည့်ပါ။ခုကိုဗစ်ဘေးက ရှင်ကျန်ဖို့ လုပ်ရတာ အလွယ် ဆုံးပါ။ အိမ်ထဲမှာ အိပ်လိုက် တီဗီ ကြည့်လိုက် စာဖတ်လိုက် နဲ့ ရှင်ကျန်အောင် လုပ်ပေးရုံ လေးပါ. ရှင်ကျန်နေဖို့ အိမ်ထဲနေလိုက်ပါ။ကျနော် တို့အလုပ်ရဲ့သဘောအရ လုပ်ငန်းခွင်မှာ ကိုဗစ် ပြန့်နှံ့မှု ဖြစ်မှာ ကြောက်ရပါတယ်။ သီး သန့်ခွဲခြားထားတဲ့နေရာ ဖြစ်နေပေမယ့်။

တဦးတယောက်မှာ ပိုးပါလာရင် HAVAC စနစ် (အလွယ်ပြောရင် Air Con စနစ် တခုထဲ) တခုထဲ မှာ နေထိုင်ရတဲ့အတွက် ဧရိယာ တခု လုံး ကူးစက်နိုင်ပါတယ်။ဒီအတွက် ကိုဗစ်နဲ့ ပတ်သက်ပြီး ဆေးစစ် မှုတွေ စဉ်ဆက်မပြတ် သတိထား လုပ်ရပါ တယ်။ အမျိုးသားဓာတ်ခွဲ ခန်းရဲ့ SWAB TEST စနစ် ဟာ ဈေးများတယ်။ အချိန်လိုတယ်။ စစ်ဆေးနိုင်တဲ့ အကန့်အသတ်ရှိတယ်။ တိကျသေချာ မှုတော့ ရှိတယ်။ Rapid Test တွေရဲ့ တိကျမှု ကတေ့ သေချာမှုက အရင်က ၇၈% လောက်ပဲရှိ ခဲ့တယ်။ ခုနောက်ပိုင်း ၉၈% ထိ သေချာ တယ် လို့ ဖတ်ရ တယ်။ဒါကလည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ် မူတည် တယ်။ ပစ္စည်းအရည်အသွေးပေါ် မူတည် တယ် ဆိုတယ်။ဈေးနှုန်းကတော့ တ သောင်းမကျော် တဲ့ ပမာဏ နဲ့ စစ်ဆေးနိုင်မယ်။ အလွန်ဆုံး ၁၀ ဒေါ်လာသာသာ။ ငွေကြေးအားဖြင့် အဆများစွာ သက် သာ လာပါမယ်။

Rapid Test နဲ့စစ်ပြီး သံသယ ထပ်ရှိ မှ လက်ရှိစစ်နေတဲ့ Swab Test ကို ထပ်စစ်ရင် စစ်ဆေးရတဲ့ လူ လျော့လာ နိုင် တယ်။ စရိတ်ချုံ့နိုင် မယ်။Rapid Test မှာ စစ်လို့ Positive ဆို ရင် ခဏယာယီ ခွဲထားလိုက်ခြင်းဖြင့် လည်း ဆက်လက်ပြန့်နှုန်းကို ထိန်းနိုင် မယ်။ ကျနော် ကိုယ်တိုင် Rapid Test စစ်တာ ခံရတာ ၂ ဆင့် စစ်တယ်။ သွေးဖောက်တယ်။ပုရွက်ဆိတ် ကိုက်တာ ကမှ ပိုနာပါတယ်။ အဖုထ တယ်။ ခုက အဲလောက်မနာပါ။ သွေးစက်လေးကို Test Kit ပေါ်တင်ပြီး မိနစ် ၂၀ လောက်ဆို သွေးရဲ့ ပြန့်နှုန်းက ပထမ တလိုင်းကို ရောက်မယ်။ အဲမှာ ရပ်သွားရင် Negative ပေါ့။ အဲမှာ မရပ်ဘဲ ဒုတိယ လိုင်းထိဆက် ပြန့်ရင်တော့ လိုင်း ၂လိုင်း ပြတဲ့ Positive ပေါ့။နောက် နှာခေါင်းနှိုက် တယ်။ အဲတာက တော့ နည်းနည်း မျက်ရည်ဝဲရုံပေါ့။ အကောင်းဆုံးက စိတ်ကိုလျှော့ထားပါ။ ခေါင်းကို ငြိမ်အောင်ထားပါ။

ပါးစပ်ကို “အား “လို့ အော်သလို ဟ ပြီး အော်ပြပါ။ဒါဆို နှာလမ်းကြောင်း ရှောရှောရှုရှု ဖြစ်လာပါမယ်။ မနာပါ။၊ တို့ဖတ် Test ကို သူ့ Test kit ဘူးထဲက Gel လေးတမျိုးထဲ စိမ်ပြီး စောင့် ကြည့်ပါ တယ်။ Rapid Test စစ်ပြီး ၃ ရက်လောက် သီးသန့် နေပြီးရင် အလုပ်ထဲထွက်ခွာ ရပါတယ်။ကျနော်တို့စစ်တဲ့ အမျိုးအစားဟာ ကိုရီးယား နိုင်ငံထုတ်ပါ။ Rapid Test ဟာ မြန်တယ်။ တိကျမှု တော့ ကန့်သတ်ချက်ရှိတယ်။ ၂ % ကိုတော့ ကံပေါ် ထားရပါမယ်။ လူအ များ ကြား ပြန့်နှုန်းမြှင့်ပြီး ခွဲခြားရ ခက် တဲ့ ခုလို အခါ မှာ သုံးတာ မှန်ပါ တယ်။ အလျင်မြန်ဆုံး ဆွဲထုတ်နိုင်မယ့် တခုထဲ သော နည်းပါ။

Yann Naing Soe

Add a Comment

Your email address will not be published. Required fields are marked *