လူေျပာမ်ား ေနၾကတဲ့ ကိုဗစ္စစ္ေဆးသည့္ Test kit ေတြ အေၾကာင္း တေစ့တေစာင္း

ကိုဗစ္-၁၉နဲ႔ပတ္သက္ၿပီး ေျပာခ်င္တာက သံသယ/ထိေတြ႕လူနာေတြကို လုံေလာက္ေအာင္မ စစ္ေဆးေပးႏိုင္လို႔ အိမ္မွာပဲျပန္ေန၊ အေရး ႀကီးမွျပန္လာခဲ့ဆိုတာမ်ိဳးေတြ နည္းသြားေတာ့မွာပါ။ အဲ့ဒါေၾကာင့္ သံသယရွိရင္ Fever Clinic ေတြကိုသြားျပၾကပါ။ ၿပီးေတာ့ ေဈးကြက္ထဲ က Test kit ေတြနဲ႔ေတာ့ လက္တည္းမစမ္းၾကပါနဲ႔။အေရးအႀကီးဆုံးကေတာ့… အိမ္ထဲမွာပဲေနၾကပါ။ကိုရီးယားႏိုင္ငံ ကေနေရာက္လာတဲ့ Test kit ေတြနဲ႔ ရန္ကုန္က ကိုးဗစ္ကုသေရးစန္တာႀကီးေတြမွာ မေန႔ကစစစ္ေနပါၿပီတဲ့။ ႀကိဳမွန္းထားတဲ့အတိုင္းပါပဲ။ Positive case ေတြလည္းအမ်ားႀကီးထြက္လာပါၿပီ။ေနာက္ပိုင္းမွာ ေတာ့ အဲ့ဒီ Test kit ေတြကို ျပည္နယ္၊ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္အထိ ျဖန႔္ေဝၿပီး ေတာ့ စစ္သြားမယ္လို႔သိရပါတယ္။ ခုလတ္တေလာမွာေတာ့ ရန္ကုန္နဲ႔တင္ အပတ္မလည္ဘူးျဖစ္ေနပါတယ္။

သိၾကတဲ့အတိုင္း ရန္ကုန္မွာက ပိုးေတြ႕လူနာအမ်ားဆုံးပဲ။ ၿပီးေတာ့ တစ္ေယာက္ပိုးေတြ႕ဆိုတာနဲ႔ သူနဲ႔ထိေတြ႕ဆက္စပ္ေနတဲ့သူေတြကို ရ သေလာက္ Contact tracing လိုက္ဖမ္းရတယ္။ ဆိုေတာ့ အဲ့ဒီထိစပ္လူနာေတြေရာ၊ အနံ႔မရ၊ ဖ်ားနာ၊ ေခ်ာင္းဆိုး နဲ႔လာျပတဲ့ သံသယလူ နာေတြေရာ အကုန္လုံးကို ပိုးရွိမရွိ စစ္ေပးဖို႔က လိုကိုလိုအပ္ပါတယ္။အခု Test kit ေတြမလာခင္တုန္းကေတာ့ ဓာတ္ခြဲခန္းႀကီးေတြမွာ RT PCR စက္ႀကီးေတြနဲ႔စစ္ၾကရတယ္။ သိၾကတဲ့အတိုင္း စစ္ေပးရမယ့္ ထိေတြ႕/သံသယ လူနာေတြကတအားမ်ားေတာ့ အဲ့ဒီ RT PCR ေတြနဲ႔ သာဆို အခ်ိန္ေတြအၾကာႀကီးထပ္ေစာင့္ၾကရမွာပါ။ ဝန္နဲ႔အား မမွ်ပါဘူး။အခု Test kit ေတြနဲ႔ဆိုရင္ေတာ့ အခ်ိန္ျမန္ျမန္နဲ႔ လူနာအေရအ တြက္မ်ားမ်ား ပိုစစ္ေပးလာႏိုင္မယ္။ အဲ့ဒါေၾကာင့္ မစစ္ျဖစ္ဘဲလြတ္ေနတဲ့ Case ေတြ အမ်ားႀကီးမိလာမယ္။

ခုလတ္တေလာၾကားရသေလာက္ လူ ၁၆၀ ေလာက္စစ္တာ အေယာက္ ၅၀ Positive ျဖစ္ေနပါတယ္တဲ့။အဲ့ဒါေၾကာင့္ ေနာက္ပိုင္းမွာေတာ့ ေန႔စဥ္ထုတ္ျပန္ေနတဲ့ ပိုးေတြ႕လူနာအေရအတြက္လည္း ပိုလာႏိုင္ပါတယ္။ ေျပာရရင္ေတာ့ ပိုၿပီး Effective ျဖစ္လာမယ္။ လုပ္ရကိုင္ရတာ ပိုၿပီးလက္ေတြ႕က်လာမယ္။ ပိုၿပီးအက်ိဳးရွိလာမယ္ေပါ့။တဘက္ကလည္း ထပ္ထြက္လာမယ့္ပိုးေတြ႕လူနာေတြ အတြက္ ကုသေရးစန္တာ (ယာယီေဆး႐ုံ) ေတြကို ေန႔ခ်င္းညခ်င္းကို အမ်ားႀကီးထပ္ခ်ဲ႕ေနတာၾကားရတယ္။ အစိုးရတာဝန္ရွိသူေတြ၊ က်န္းမာေရးဝန္ထမ္းေတြ၊ အ လႉရွင္ေတြ၊ ပရဟိတေဗာ္လန္တီယာသမားေတြ၊ ျပည္သူေတြ တက္ညီလက္ညီႀကိဳးစား႐ုန္းကန္ေနတာ အရမ္းအားရစရာေကာင္းလွတယ္ ။ ဒါေပမယ့္ ဘယ္ေလာက္ပဲေကာင္းေအာင္လုပ္လုပ္ အဆိုးျမင္တဲ့သူေတြဆိုတာကေတာ့ ရွိေနဦးမွာပဲ။

ခုလိုမ်ိဳး Test kit ေတြနဲ႔အျမန္စစ္ခ်လိုက္ေတာ့ ဘာေတြေကာင္းသြားမလဲဆိုရင္ Q စန္တာေတြမွာ ပိုး ရွိ၊ မရွိစစ္ဖို႔ေစာင့္ေနရတာ သံသယ လူနာ၊ ထိေတြ႕လူနာေတြကို ျမန္ျမန္ရွင္းထုတ္ႏိုင္လာမယ္။ အားလုံးကို အျမန္စစ္မယ္။ ပိုးေတြ႕ရင္ ကုသေရးစန္တာပို႔၊ ပိုးမေတြ႕ရင္ အိမ္ျပန္ HQ ေန အဲ့ဒီလိုေတြလုပ္လာႏိုင္မယ္။ (ဒါကေတာ့ အၾကမ္းဖ်ဥ္းေတြးၾကည့္မိတာပါ။ တကယ္လက္ေတြ႕မွာေတာ့ ဒီ့ထက္ပိုစိတ္ခ်ရမယ့္ Guideline ေတြ၊ အစီအစဥ္ေတြနဲ႔ သြားမယ္ထင္ပါတယ္။)အဲ့ဒီလိုဆိုရင္ Q စန္တာေတြမွာ လူေတြနည္းသြားၿပီး Workload အရမ္းက်သြား မယ္။ ေနရာထိုင္ခင္း ေတြ၊ အခ်ိန္အား၊ ေငြအား၊ လူအားေတြ အမ်ားႀကီး ပိုထြက္လာမယ္။ အဲ့ဒါေတြ ကို ကုသေရးဘက္မွာ အင္တိုက္အား တိုက္သုံးလို႔ရလာမယ္။ မလိုအပ္ဘဲအပိုကုန္တာေတြ နည္းသြားမယ္ေပါ့။အဲ့ဒီေတာ့ ေမးစရာရွိလာတယ္။

အဲ့ဒီ Test kit ေတြက ဒီေလာက္ေတာင္သုံးရလြယ္ေနတာ စိတ္ခ်ရလို႔လားေပါ့။ ေျပာရရင္ ဓာတ္ခြဲခန္းမွာ စက္ႀကီးေတြနဲ႔စစ္တဲ့ RT PCR နည္းကေတာ့ Gold standard ပါ။ အေကာင္းဆုံး၊ စိတ္အခ်ရဆုံးနည္းလမ္းပါ။ လက္ေတြ႕မွာက်ေတာ့ ရွိသမွ်လူနာအားလုံးကို သူနဲ႔မစစ္ ႏိုင္လို႔ Test kit ေတြကိုသုံးလာရတာပါ။ေျပာရရင္ Test kit ကေတာ့ PCR ေလာက္ေတာ့ မတိက်တာအမွန္ပါပဲ။ Test kit က Sensitivity မွာ 58% to 80% နဲ႔ Specificity ကေတာ့ 100% ရွိတယ္လို႔ဆိုပါတယ္။ဆိုလိုတာက Test kit နဲ႔စစ္လိုက္လို႔ Positive လူ ၁၀၀ ေတြ႕ၿပီဆို ရင္ အဲ့ဒီ လူ ၁၀၀ လုံးက ကိုဗစ္ Positive ဆိုတာက်ိန္းေသပါတယ္တဲ့။ ဒါေပမယ့္ False negative ဆိုတာေတြလည္း ရွိႏိုင္ပါတယ္တဲ့။ လူ ၁၀၀ စစ္ရင္ ၅၈ ေယာက္ကေန အေယာက္ ၈၀ အထိပဲ အေျဖမွန္ထြက္ပါတယ္တဲ့။ က်န္နဲ႔သူေတြကေတာ့ လြတ္သြားႏိုင္ပါတယ္တဲ့။

ဒါ တာဝန္ရွိသူေတြတရားဝင္ေျပာထားတဲ့ အခ်က္အလက္ေတြကို က်ေနာ္နားလည္ မိသေလာက္ပါ။ RT PCR နည္းကေတာ့ အတိက်ဆုံး လို႔ဆိုပါတယ္။RT PCR နဲ႔ Test kit က ဘာေၾကာင့္ဒီလိုေတြကြာျခားေနရတာလဲဆိုေတာ့ Test kit ဆိုတာက Virus ရဲ႕ အေပၚယံ Antigen ကိုပဲစစ္တာပါ။ RT PCR ကက်ေတာ့ Virus မ်ိဳး႐ိုးဗီဇ Gene ကိုစစ္တာပါ။ အဲ့ဒါေၾကာင့္ RT PCR အမ်ားႀကီးပိုၿပီးတိက်သလို ပိုၿပီးလည္းအကုန္အက်မ်ားပါတယ္။ဟိုးအရင္တုန္းက တိုးတိုးတိတ္တိတ္ႀကိတ္စစ္ေနၾကတဲ့ ေသြးေဖာက္ၿပီးစစ္ရတဲ့ Ab Test kit ဆိုတာ ေတြက လူနာရဲ႕ေသြးထဲက Antibody ကိုစစ္တာပါ။ အခု Ag Test kit ေတြထက္ေတာင္ ပိုၿပီးအမွားမ်ားႏိုင္ပါေသးတယ္။တခ်ိဳ႕ကလည္း ဘူမသိ၊ ကိုးမသိေျပာၾကျပန္တယ္။ အဲ့ဒါမ်ား ေစာေစာကတည္းက ခုလိုမ်ိဳး Test kit နဲ႔စစ္ခ်လိုက္ပါေတာ့လားတဲ့။

ဟုတ္ကဲ့။ အခုေနာက္ဆုံးဝင္လာတဲ့ Rapid Antigen Test kit (RAT) ဆိုတာ တီထြင္ထုတ္လုပ္ၿပီးတာ ဘယ္ေလာက္မွမၾကာေသးပါဘူး။ အခုသြင္းလာတဲ့ Korea က Test kit ေတြဆိုရင္ WHO က စက္တင္ဘာလ ၂၂ ရက္ေန႔မွာမွ ပထမဦးဆုံး ေထာက္ခံခ်က္ Qualified ေပး လိုက္တာပါတဲ့။ေနာက္ဆုံးေပၚပစၥည္းတစ္ခုကို တစ္ပတ္ဆယ္ရက္ေလာက္အတြင္းရေအာင္ယူၿပီး သုံးလိုက္ ႏိုင္တာ ေတာ္႐ုံအစြမ္းနဲ႔ေတာ့ မဟုတ္ပါဘူး။ ႏိုင္ငံေရးအေျခအေနနဲ႔၊ အစိုးရတာဝန္ရွိသူေတြရဲ႕ ႀကိဳးစားမႈေတြ အမ်ားႀကီးပါပါတယ္။Test kit အေၾကာင္းဆက္ေျပာရ ရင္ေတာ့ က်ေနာ္တို႔ႏိုင္ငံမွာထုံးစံအတိုင္း ေအာက္လမ္းတို႔၊ ေမွာင္ခိုတို႔၊ လမ္းေၾကာင္းတို႔၊ လိုင္းတို႔က ေနတဆင့္ ျပည္သူလူထုၾကားထဲကို Test kit ေတြဝင္လာေနပါၿပီ။ Online ေပၚမွာေရာင္းေနၾကတာေတာင္ေတြ႕ရပါတယ္။

အစိုးရကတရားဝင္သြင္းထားတဲ့ Test kit မွာေတာင္ သူတို႔ၫႊန္ၾကားတဲ့ Instruction အတိုင္းအတိအက်လုပ္မယ္ဆိုရင္ေတာင္ Error ဆိုတာရွိႏိုင္ပါေသးတယ္။ ကိုယ့္ဘာသာကိုယ္ဝယ္တဲ့၊ Quality ဘယ္လိုမွန္းမသိတဲ့ဟာေတြနဲ႔ နည္းစနစ္မမွန္ဘဲစစ္ရင္ေတာ့ ပိုလို႔ေတာင္ အမွားမ်ားပါဥိးမယ္။ ၿပီးေတာ့ Swab လို႔ေခၚတဲ့ ႏွာေခါင္း၊ အာေခါင္တို႔ဖတ္ယူရတဲ့နည္းပါ။ RT PCR မွာလိုပဲ အခု Test Kit ကလည္း Swab ယူၿပီးစစ္ရတာပါပဲ။အဲ့ဒီ Swab က က်ေနာ္တို႔ေတာင္ တစ္ခါမွမယူဖူးပါဘူး။ မယူတတ္ပါဘူး။ ယူတတ္တဲ့ သူေတြ၊ ယူေနက်သူေတြ ေတာင္ PPE ေတြဝတ္ၿပီး စနစ္တက်လုပ္ၾကရတာပါ။ အခန႔္မသင့္ရင္ Swab ယူေနတုန္း လူနာက ႏွာေခ်ေခ်ာင္းဆိုးလိုက္ရင္ ဒုကၡက မ်ားပါဦးမယ္။ တတ္ေယာင္ကားနဲ႔ စစ္တဲ့နည္းစနစ္မမွန္ရင္လည္း အေျဖကမွားၿပီး တိုင္ေတြ ပတ္ၾကပါဦးမယ္။

ေပါက္ကရနည္းနဲ႔စစ္ၿပီး အေျဖကမေပၚ ၊ ငါကြ နာေဂးတစ္ဆိုၿပီး ေပါ့ေပါ့ေနျပန္ရင္လည္း ကိုယ္တိုင္ေရာ၊ ေဘးပတ္ဝန္းက်င္က လူေတြကို ပါ ျပႆနာေတြေပးၾကပါဦးမယ္။

source : Dr. Okka Kyi Winn

UNICODE

ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ပြောချင်တာက သံသယ/ထိတွေ့လူနာတွေကို လုံလောက်အောင်မ စစ်ဆေးပေးနိုင်လို့ အိမ်မှာပဲပြန်နေ၊ အရေး ကြီးမှပြန်လာခဲ့ဆိုတာမျိုးတွေ နည်းသွားတော့မှာပါ။ အဲ့ဒါကြောင့် သံသယရှိရင် Fever Clinic တွေကိုသွားပြကြပါ။ ပြီးတော့ ဈေးကွက်ထဲ က Test kit တွေနဲ့တော့ လက်တည်းမစမ်းကြပါနဲ့။အရေးအကြီးဆုံးကတော့… အိမ်ထဲမှာပဲနေကြပါ။ကိုရီးယားနိုင်ငံ ကနေရောက်လာတဲ့ Test kit တွေနဲ့ ရန်ကုန်က ကိုးဗစ်ကုသရေးစန်တာကြီးတွေမှာ မနေ့ကစစစ်နေပါပြီတဲ့။ ကြိုမှန်းထားတဲ့အတိုင်းပါပဲ။ Positive case တွေလည်းအများကြီးထွက်လာပါပြီ။နောက်ပိုင်းမှာ တော့ အဲ့ဒီ Test kit တွေကို ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဖြန့်ဝေပြီး တော့ စစ်သွားမယ်လို့သိရပါတယ်။ ခုလတ်တလောမှာတော့ ရန်ကုန်နဲ့တင် အပတ်မလည်ဘူးဖြစ်နေပါတယ်။

သိကြတဲ့အတိုင်း ရန်ကုန်မှာက ပိုးတွေ့လူနာအများဆုံးပဲ။ ပြီးတော့ တစ်ယောက်ပိုးတွေ့ဆိုတာနဲ့ သူနဲ့ထိတွေ့ဆက်စပ်နေတဲ့သူတွေကို ရ သလောက် Contact tracing လိုက်ဖမ်းရတယ်။ ဆိုတော့ အဲ့ဒီထိစပ်လူနာတွေရော၊ အနံ့မရ၊ ဖျားနာ၊ ချောင်းဆိုး နဲ့လာပြတဲ့ သံသယလူ နာတွေရော အကုန်လုံးကို ပိုးရှိမရှိ စစ်ပေးဖို့က လိုကိုလိုအပ်ပါတယ်။အခု Test kit တွေမလာခင်တုန်းကတော့ ဓာတ်ခွဲခန်းကြီးတွေမှာ RT PCR စက်ကြီးတွေနဲ့စစ်ကြရတယ်။ သိကြတဲ့အတိုင်း စစ်ပေးရမယ့် ထိတွေ့/သံသယ လူနာတွေကတအားများတော့ အဲ့ဒီ RT PCR တွေနဲ့ သာဆို အချိန်တွေအကြာကြီးထပ်စောင့်ကြရမှာပါ။ ဝန်နဲ့အား မမျှပါဘူး။အခု Test kit တွေနဲ့ဆိုရင်တော့ အချိန်မြန်မြန်နဲ့ လူနာအရေအ တွက်များများ ပိုစစ်ပေးလာနိုင်မယ်။ အဲ့ဒါကြောင့် မစစ်ဖြစ်ဘဲလွတ်နေတဲ့ Case တွေ အများကြီးမိလာမယ်။

ခုလတ်တလောကြားရသလောက် လူ ၁၆၀ လောက်စစ်တာ အယောက် ၅၀ Positive ဖြစ်နေပါတယ်တဲ့။အဲ့ဒါကြောင့် နောက်ပိုင်းမှာတော့ နေ့စဉ်ထုတ်ပြန်နေတဲ့ ပိုးတွေ့လူနာအရေအတွက်လည်း ပိုလာနိုင်ပါတယ်။ ပြောရရင်တော့ ပိုပြီး Effective ဖြစ်လာမယ်။ လုပ်ရကိုင်ရတာ ပိုပြီးလက်တွေ့ကျလာမယ်။ ပိုပြီးအကျိုးရှိလာမယ်ပေါ့။တဘက်ကလည်း ထပ်ထွက်လာမယ့်ပိုးတွေ့လူနာတွေ အတွက် ကုသရေးစန်တာ (ယာယီဆေးရုံ) တွေကို နေ့ချင်းညချင်းကို အများကြီးထပ်ချဲ့နေတာကြားရတယ်။ အစိုးရတာဝန်ရှိသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အ လှူရှင်တွေ၊ ပရဟိတဗော်လန်တီယာသမားတွေ၊ ပြည်သူတွေ တက်ညီလက်ညီကြိုးစားရုန်းကန်နေတာ အရမ်းအားရစရာကောင်းလှတယ် ။ ဒါပေမယ့် ဘယ်လောက်ပဲကောင်းအောင်လုပ်လုပ် အဆိုးမြင်တဲ့သူတွေဆိုတာကတော့ ရှိနေဦးမှာပဲ။

ခုလိုမျိုး Test kit တွေနဲ့အမြန်စစ်ချလိုက်တော့ ဘာတွေကောင်းသွားမလဲဆိုရင် Q စန်တာတွေမှာ ပိုး ရှိ၊ မရှိစစ်ဖို့စောင့်နေရတာ သံသယ လူနာ၊ ထိတွေ့လူနာတွေကို မြန်မြန်ရှင်းထုတ်နိုင်လာမယ်။ အားလုံးကို အမြန်စစ်မယ်။ ပိုးတွေ့ရင် ကုသရေးစန်တာပို့၊ ပိုးမတွေ့ရင် အိမ်ပြန် HQ နေ အဲ့ဒီလိုတွေလုပ်လာနိုင်မယ်။ (ဒါကတော့ အကြမ်းဖျဉ်းတွေးကြည့်မိတာပါ။ တကယ်လက်တွေ့မှာတော့ ဒီ့ထက်ပိုစိတ်ချရမယ့် Guideline တွေ၊ အစီအစဉ်တွေနဲ့ သွားမယ်ထင်ပါတယ်။)အဲ့ဒီလိုဆိုရင် Q စန်တာတွေမှာ လူတွေနည်းသွားပြီး Workload အရမ်းကျသွား မယ်။ နေရာထိုင်ခင်း တွေ၊ အချိန်အား၊ ငွေအား၊ လူအားတွေ အများကြီး ပိုထွက်လာမယ်။ အဲ့ဒါတွေ ကို ကုသရေးဘက်မှာ အင်တိုက်အား တိုက်သုံးလို့ရလာမယ်။ မလိုအပ်ဘဲအပိုကုန်တာတွေ နည်းသွားမယ်ပေါ့။အဲ့ဒီတော့ မေးစရာရှိလာတယ်။

အဲ့ဒီ Test kit တွေက ဒီလောက်တောင်သုံးရလွယ်နေတာ စိတ်ချရလို့လားပေါ့။ ပြောရရင် ဓာတ်ခွဲခန်းမှာ စက်ကြီးတွေနဲ့စစ်တဲ့ RT PCR နည်းကတော့ Gold standard ပါ။ အကောင်းဆုံး၊ စိတ်အချရဆုံးနည်းလမ်းပါ။ လက်တွေ့မှာကျတော့ ရှိသမျှလူနာအားလုံးကို သူနဲ့မစစ် နိုင်လို့ Test kit တွေကိုသုံးလာရတာပါ။ပြောရရင် Test kit ကတော့ PCR လောက်တော့ မတိကျတာအမှန်ပါပဲ။ Test kit က Sensitivity မှာ 58% to 80% နဲ့ Specificity ကတော့ 100% ရှိတယ်လို့ဆိုပါတယ်။ဆိုလိုတာက Test kit နဲ့စစ်လိုက်လို့ Positive လူ ၁၀၀ တွေ့ပြီဆို ရင် အဲ့ဒီ လူ ၁၀၀ လုံးက ကိုဗစ် Positive ဆိုတာကျိန်းသေပါတယ်တဲ့။ ဒါပေမယ့် False negative ဆိုတာတွေလည်း ရှိနိုင်ပါတယ်တဲ့။ လူ ၁၀၀ စစ်ရင် ၅၈ ယောက်ကနေ အယောက် ၈၀ အထိပဲ အဖြေမှန်ထွက်ပါတယ်တဲ့။ ကျန်နဲ့သူတွေကတော့ လွတ်သွားနိုင်ပါတယ်တဲ့။

ဒါ တာဝန်ရှိသူတွေတရားဝင်ပြောထားတဲ့ အချက်အလက်တွေကို ကျနော်နားလည် မိသလောက်ပါ။ RT PCR နည်းကတော့ အတိကျဆုံး လို့ဆိုပါတယ်။RT PCR နဲ့ Test kit က ဘာကြောင့်ဒီလိုတွေကွာခြားနေရတာလဲဆိုတော့ Test kit ဆိုတာက Virus ရဲ့ အပေါ်ယံ Antigen ကိုပဲစစ်တာပါ။ RT PCR ကကျတော့ Virus မျိုးရိုးဗီဇ Gene ကိုစစ်တာပါ။ အဲ့ဒါကြောင့် RT PCR အများကြီးပိုပြီးတိကျသလို ပိုပြီးလည်းအကုန်အကျများပါတယ်။ဟိုးအရင်တုန်းက တိုးတိုးတိတ်တိတ်ကြိတ်စစ်နေကြတဲ့ သွေးဖောက်ပြီးစစ်ရတဲ့ Ab Test kit ဆိုတာ တွေက လူနာရဲ့သွေးထဲက Antibody ကိုစစ်တာပါ။ အခု Ag Test kit တွေထက်တောင် ပိုပြီးအမှားများနိုင်ပါသေးတယ်။တချို့ကလည်း ဘူမသိ၊ ကိုးမသိပြောကြပြန်တယ်။ အဲ့ဒါများ စောစောကတည်းက ခုလိုမျိုး Test kit နဲ့စစ်ချလိုက်ပါတော့လားတဲ့။

ဟုတ်ကဲ့။ အခုနောက်ဆုံးဝင်လာတဲ့ Rapid Antigen Test kit (RAT) ဆိုတာ တီထွင်ထုတ်လုပ်ပြီးတာ ဘယ်လောက်မှမကြာသေးပါဘူး။ အခုသွင်းလာတဲ့ Korea က Test kit တွေဆိုရင် WHO က စက်တင်ဘာလ ၂၂ ရက်နေ့မှာမှ ပထမဦးဆုံး ထောက်ခံချက် Qualified ပေး လိုက်တာပါတဲ့။နောက်ဆုံးပေါ်ပစ္စည်းတစ်ခုကို တစ်ပတ်ဆယ်ရက်လောက်အတွင်းရအောင်ယူပြီး သုံးလိုက် နိုင်တာ တော်ရုံအစွမ်းနဲ့တော့ မဟုတ်ပါဘူး။ နိုင်ငံရေးအခြေအနေနဲ့၊ အစိုးရတာဝန်ရှိသူတွေရဲ့ ကြိုးစားမှုတွေ အများကြီးပါပါတယ်။Test kit အကြောင်းဆက်ပြောရ ရင်တော့ ကျနော်တို့နိုင်ငံမှာထုံးစံအတိုင်း အောက်လမ်းတို့၊ မှောင်ခိုတို့၊ လမ်းကြောင်းတို့၊ လိုင်းတို့က နေတဆင့် ပြည်သူလူထုကြားထဲကို Test kit တွေဝင်လာနေပါပြီ။ Online ပေါ်မှာရောင်းနေကြတာတောင်တွေ့ရပါတယ်။

အစိုးရကတရားဝင်သွင်းထားတဲ့ Test kit မှာတောင် သူတို့ညွှန်ကြားတဲ့ Instruction အတိုင်းအတိအကျလုပ်မယ်ဆိုရင်တောင် Error ဆိုတာရှိနိုင်ပါသေးတယ်။ ကိုယ့်ဘာသာကိုယ်ဝယ်တဲ့၊ Quality ဘယ်လိုမှန်းမသိတဲ့ဟာတွေနဲ့ နည်းစနစ်မမှန်ဘဲစစ်ရင်တော့ ပိုလို့တောင် အမှားများပါဥိးမယ်။ ပြီးတော့ Swab လို့ခေါ်တဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်ယူရတဲ့နည်းပါ။ RT PCR မှာလိုပဲ အခု Test Kit ကလည်း Swab ယူပြီးစစ်ရတာပါပဲ။အဲ့ဒီ Swab က ကျနော်တို့တောင် တစ်ခါမှမယူဖူးပါဘူး။ မယူတတ်ပါဘူး။ ယူတတ်တဲ့ သူတွေ၊ ယူနေကျသူတွေ တောင် PPE တွေဝတ်ပြီး စနစ်တကျလုပ်ကြရတာပါ။ အခန့်မသင့်ရင် Swab ယူနေတုန်း လူနာက နှာချေချောင်းဆိုးလိုက်ရင် ဒုက္ခက များပါဦးမယ်။ တတ်ယောင်ကားနဲ့ စစ်တဲ့နည်းစနစ်မမှန်ရင်လည်း အဖြေကမှားပြီး တိုင်တွေ ပတ်ကြပါဦးမယ်။

ပေါက်ကရနည်းနဲ့စစ်ပြီး အဖြေကမပေါ် ၊ ငါကွ နာဂေးတစ်ဆိုပြီး ပေါ့ပေါ့နေပြန်ရင်လည်း ကိုယ်တိုင်ရော၊ ဘေးပတ်ဝန်းကျင်က လူတွေကို ပါ ပြဿနာတွေပေးကြပါဦးမယ်။

source : Dr. Okka Kyi Winn

Add a Comment

Your email address will not be published. Required fields are marked *