အေမရိကန္ သမၼတေဒၚနယ္ထရမ့္နဲ႔ သမၼတကေတာ္တို႔ (၂ )ေယာက္လုံး Covid-19ကူးစက္ခံခဲ့ရေၾကာင္း ထုတ္ျပန္ေၾကညာ

အေမရိကန္သမၼတေ႐ြးေကာက္ပြဲက်င္းပဖို႔ (၁)လေက်ာ္ေက်ာ္သာ လိုေတာ့တဲ့အခ်ိန္ မွာ သမၼတေ႐ြးေကာက္ပြဲ အတြက္ အေရးပါတဲ့ပုဂၢိဳလ္ အခုလို ကိုဗစ္ ကူးစက္ခံရတာေၾကာင့္ သမၼေဒၚနယ္ထရမ့္ ရဲ႕ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးမႈေတြကို ဘယ္ေလာက္အထိ ထိခိုက္လာမလဲ ဆိုတာေတာ့ မသိရေသးပါဘူး။အေမရိကန္ သမၼတနဲ႔ သမၼတကေတာ္တို႔ ၂ ေယာက္လုံး Covid-19 ေရာဂါ ကူးစက္ခံခဲ့ရေၾကာင္း သမၼတ ထရမ့္က Twitter က တဆင့္ ေၾကညာခဲ့ပါတယ္။ခ်က္ခ်င္း ကြာရန္တင္းဝင္ ၿပီး အားလုံး နဲ႔ သီးျခားခြဲေနမွာ ျဖစ္သလို ျပန္ေကာင္းေအာင္ ေနမယ္လို႔ လည္း ေရးပါတယ္။ သမၼတ အနီးကပ္ လက္ေထာက္တဦး ျဖစ္တဲ့ Hope Hicks ဆီမွာ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕ရခဲ့ၿပီးတဲ့ေနာက္ မွာ အခုလို ကူးစက္သြားခဲ့တာပါ။

အဂၤါေန႔က က်င္းပခဲ့တဲ့ သမၼတေလာင္း ၂ ဦးရဲ႕ ပထမဆုံးအႀကိမ္ စကားစစ္ထိုးပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာ င္ေနတဲ့ ကာလအတြင္း Hope Hicks ဟာ သမၼတနဲ႔အတူ အနီးကပ္ ရွိေနခဲ့တဲ့အျပင္။အဲဒီေနာက္ေန႔ ဗုဒၶဟူးေန႔က Minnesota ျပည္နယ္မွာ ျပည္လုပ္တဲ့ ေ႐ြးေကာက္ပြဲ မဲဆြယ္ စည္း႐ုံးမႈမွာကိုလည္း သမၼတနဲ႔အတူ ေလ ယာဥ္စီးၿပီး လိုက္ပါသြားခဲ့ တာပါ။သမၼတရဲ႕ ထိပ္တန္းအႀကံေပး Hope Hicks ဟာ သမၼတအျပင္ သမၼတရဲ႕ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း ေရးအဖြဲ႕ ဝင္ အမ်ားစုနဲ႔ အခုရက္ပိုင္းေတြအတြင္း အနီးကပ္ ထိေတြ႕ဆက္ဆံမႈေတြ ရွိခဲ့တာေၾကာင့္ အဲဒီလူေတြပါ Quarantine ဝင္ဖို႔ လို မလိုဆိုတာေတာ့ မသိရေသးပါဘူး။

CRD: VOA

UNICODE

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ (၁)လကျော်ကျော်သာ လိုတော့တဲ့အချိန် မှာ သမ္မတရွေးကောက်ပွဲ အတွက် အရေးပါတဲ့ပုဂ္ဂိုလ် အခုလို ကိုဗစ် ကူးစက်ခံရတာကြောင့် သမ္မဒေါ်နယ်ထရမ့် ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို ဘယ်လောက်အထိ ထိခိုက်လာမလဲ ဆိုတာတော့ မသိရသေးပါဘူး။အမေရိကန် သမ္မတနဲ့ သမ္မတကတော်တို့ ၂ ယောက်လုံး Covid-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း သမ္မတ ထရမ့်က Twitter က တဆင့် ကြေညာခဲ့ပါတယ်။ချက်ချင်း ကွာရန်တင်းဝင် ပြီး အားလုံး နဲ့ သီးခြားခွဲနေမှာ ဖြစ်သလို ပြန်ကောင်းအောင် နေမယ်လို့ လည်း ရေးပါတယ်။ သမ္မတ အနီးကပ် လက်ထောက်တဦး ဖြစ်တဲ့ Hope Hicks ဆီမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရခဲ့ပြီးတဲ့နောက် မှာ အခုလို ကူးစက်သွားခဲ့တာပါ။

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတလောင်း ၂ ဦးရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ ကာ လအတွင်း Hope Hicks ဟာ သမ္မတနဲ့အတူ အနီးကပ် ရှိနေခဲ့တဲ့အပြင်။အဲဒီနောက်နေ့ ဗုဒ္ဓဟူးနေ့က Minnesota ပြည်နယ်မှာ ပြည်လုပ် တဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုမှာကိုလည်း သမ္မတနဲ့အတူ လေ ယာဉ်စီးပြီး လိုက်ပါသွားခဲ့တာပါ။သမ္မတရဲ့ ထိပ်တန်းအကြံပေး Hope Hicks ဟာ သမ္မတအပြင် သမ္မတရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်း ရေးအဖွဲ့ဝင် အများစုနဲ့ အခုရက်ပိုင်းတွေအတွင်း အနီးကပ် ထိတွေ့ဆက် ဆံမှုတွေ ရှိခဲ့တာကြောင့် အဲဒီလူတွေပါ Quarantine ဝင်ဖို့ လို မလိုဆိုတာတော့ မသိရသေးပါဘူး။

CRD:  VOA

Add a Comment

Your email address will not be published. Required fields are marked *