ကြည့်မိသူတိုင်း မျက်ရည် ကျခဲ့ရတဲ့ ကြည်နူးစရာ အလှူလေးကို ထပ်မံပြုလုပ်ခဲ့တဲ့ ဖြူဖြူထွေး(ဗီဒီယို)



REF:  LET  PAN

UNICODE

ဖြူဖြူထွေး ပြုလုပ်ခဲ့တဲ့ အလှူပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေ ကိုလည်း ပရိသတ်တွေအတွက် အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခု မှာဆိုရင်လည်း ဖြူဖြူထွေး က ပရိသတ်တွေကြည်နူးပီတိဖြစ်လောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ဖြူဖြူထွေးဟာ တရား ဦးဓမ္မစကြာစာအုပ်တွေနဲ့ အတူ အနုပညာမှရတဲ့ ငွေကြေးတချို့ဖြင့် လမ်းမှာတွေတဲ့ သံဃာတော်တွေအပြင် အဖိုးအဖွားတွေနဲ့ လူငယ် လေးတွေကိုပါ လှူဒါန်းပေးခဲ့တဲ့ အလှူဗီဒီယိုလေးပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးနဲ့လည်း ဖြူဖြူထွေးက “လေးလေးဘယ်သွားမလို့လဲ ဆို တော့ ထမင်းတနပ်စာစားဖို့ရှားနေတာတဲ့ အခုသူပျော်သွားပြီ” ဆိုပြီး ရေးသားထားပါတယ်။

ယခုမှာတော့ တကယ့်ကို မွန်မြတ်တဲ့ အလှူလေးကို လုပ်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုလေး ကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။ပရိသတ် ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ ဟာသဗီဒီယိုလေးတွေနဲ့ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ ရင်ထဲ ကို ချစ်ခင်မှုတွေနဲ့ ရောက်ရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။စကားပြောရင်လည်း သွက်သွက်လက်လက် နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ စိတ် သဘောထားပြည့် ဝသူလေးပဲ ဖြစ်ပါတယ် လက် ရှိမှာတော့ ဖြူဖြူထွေးဟာ ကြော်ငြာတွေကို မနားတမ်း ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။ ဖြူဖြူ ထွေးဟာ အနုပညာကနေရရှိတဲ့ ငွေကြေးတချို့ကိုလည်း လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက် လှူဒါန်းပေးတာကို တွေ့ရပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *