ကိုဗစ်ကာလအတွင်း ကန်ဘောင်ပတ်ပြေးပြီးကျန်းမာရေးလိုက်စားနေကာ လှရက်နိုင်လွန်းတဲ့ မတ်မတ်သင်ဇာ





UNICODE

သင်ဇာကတော့ တစ်ရက်မှမနားဘဲလေ့ကျင့်ခန်းလုပ်တဲ့အပြင် ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင်လည်း စားသောက်နေထိုင်ပါတယ်နော်။ အခုဆိုရင်တော့ သင်ဇာက တနင်္ဂနွေနေ့ မနက်စောစောမှာ ကန်ဘောင်ပေါ်ပတ်ပြေးနေတာ ဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားနေတဲ့ အ ချိန်မှာတောင် ညှို့အားပြင်းစွာလှရက်နိုင်လွန်းလို့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးရေ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ကတော့ အခုလိုကာလမှာ ပွဲတွေတက်တာလည်းနားထားပြီး အနုပညာအလုပ်တွေ လည်းမလုပ်ကိုင်သေးတာဖြစ်ပါတယ်။သင်ဇာက အိမ်ထဲနေရတဲ့အချိန်မှာ လေ့ကျင့်ခန်းကို အမြဲလုပ်ဆောင်ပြီး ပိုပိုလှပအောင်ကြိုးစားနေ တာဖြစ်ပါတယ်။ပုံမှန်ပြန်လည်ပတ်ကြတဲ့အခါ သင်ဇာ့ကို ဒီ့ထက်ပိုပြီးဆွဲဆောင်မှုရှိတဲ့ အလှအပတွေနဲ့ တွေ့မြင်ရမှာပါနော်။

လတ်တလောမှာတော့ သင်ဇာက ပရိသတ်တွေနဲ့မဝေးကွာသွားအောင်လို့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေနေတာဖြစ် ပါတယ် ။သင်ဇာက အလှအပကိုအထူးဂရုစိုက်တဲ့သူဖြစ်တာကြောင့် သူမရဲ့ခေါင်းအစခြေအဆုံးဟာဆိုရင် ပြစ်မျိုးမှဲ့မထင် လှပနေတာပါနော်။ သင် ဇာ့ရဲ့အလှအပတွေကို ပုရိသတွေကငေးမောရတဲ့အပြင် မိန်းကလေးပရိသတ်တွေကပါ ချီးကျူးနေကြတာဖြစ်ပါတယ်။

Source&Photo Credit: Thin Zar Wint Kyaw’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *