ဆက်ဆီကျတဲ့ ဖက်ရှင်လေးနဲ့ ဘေးနားမှာ စာအတူတူ လာဖတ်ပေးရမလားဆိုတဲ့ သွန်းဆက်




UNICODE

မင်းသမီးချောလေး သွန်းဆက်က တစ်နေ့တစ်မျိုး မရိုးရအောင် အလန်းစား ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေး လေ့ရှိနေတာကြောင့် ယနေ့မှာလည်း ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ပုံလေး တွေအပြင် ” စာဖတ်မပျင်းရအောင် ဘေးနားမှာ စာအတူတူလာဖတ်ပေးရမလား ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။သွန်းဆက် ကတော့ အိမ်နေရင်း ဖက်ရှင်လေးတွေနဲ့ ပုရိသပရိသတ်တွေကို ဆွဲဆောင်လိုက်ပြန်ပါပြီ။

ကပ်ရောဂါတိုက်ဖျက်ရေး stay home ကာလဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားတဲ့ သွန်းဆက်က ပရိသတ် တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် အလန်းစားပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက် မှာ မကြာခဏဆိုသလို တင်ပေးလေ့ ရှိနေတာလည်း ဖြစ်ပါတယ်။တောင်းတင်းလှပတဲ့ သူမရဲ့ ကောက်ကြောင်းအလှတွေကြောင့် ဘယ်လို ဖက်ရှင်တွေပဲ ဝတ်ဝတ် လိုက်ဖက် နေတာဖြစ်လို့ ဖက်ရှင်မင်းသမီးလို့လဲ ပရိသတ်တွေက တင်စားခေါ်ဝေါ်ကြတာကိုလည်း တွေ့ရပါတယ်။

Source & Photo credit – Thun Sett’s Facebook account

Add a Comment

Your email address will not be published. Required fields are marked *