ထက်ထက်မိုးဦး Live ကနေ ရတနာ တစ်ဆင်စာ သိန်း (၄၀၀) ဖိုး ဝယ်ယူ အားပေးခဲ့တဲ့ သရုပ်ဆောင်နေခြည်ဦး




Swelsone News

UNICODE

နေခြည်ဟာ အခုလက်ရှိမှာ ဆိုရင်လည်း အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်ချစ်ခင်အားပေးမှု ရရှိနေတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ နေခြည်ကသူဝယ်ခဲ့တဲ့ လက်ဝတ်ရတနာလေးကိုထုတ်ပြလာတာပဲဖြစ်ပါတယ်။ ချီချီ က ထက်ထက်မိုးဦး Live လွှင့်ရောင်း တဲ့ စီကနေ သိန်း(၄၀၀) ဖိုး ရတနာ တစ်ဆင်စာ ဝယ်ယူအားပေးခဲ့ တာပဲဖြစ်ပါတယ်။

နေခြည်က ပိုက်ဆံအိတ်တွေ မကြိုက်တော့ဘူး လက်ဝတ်ရတနာဘဲ ဝယ်စုတော့မယ် မထက်ပြောသလို ရတနာရှိရာ ရတနာ လာပါစေ ဆို ပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး အတွက်နေခြည်ဦးဝယ်ခဲ့တဲ့ ရတနာတွေရဲ့ ပုံလေးကိုဖော်ပြပေးလိုက်ပါ တယ်နော်။ အများ နဲ့မတူတဲ့ချစ်စရာ ဟန်ပန်လေးတွေနဲ့ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။

သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencer တစ်ယောက်အနေနဲ့ပါ ရပ် တည်တဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်းအနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီ ဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ‌ရိုက်ကူးလာနိုင်တဲ့သူ ဆိုလည်းမမှားပါဘူးနော်။

Swelsone News

Add a Comment

Your email address will not be published. Required fields are marked *