ရန္ကုန္တိုင္းအတြင္းရွိ ကိုဗစ္အတည္ျပဳလူနာမ်ားကို အိမ္တြင္ထားရွိ၍ ကုသရန္စီစဥ္ေနေၾကာင္း ေဆး(၁)ပါခ်ဳပ္ ေျပာၿပီ

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားကို လိုက္နာႏိုင္သည့္သူမ်ားအား ကိုဗစ္စင္တာတြင္ ထားရွိကုသမည့္အစား အိမ္တြင္ထားရွိ၍ကုသမည္ျဖစ္ေၾကာင္း၊ လက္ရွိကိုဗစ္စင္တာတြင္ကုသရာတြင္လည္း Video call၊ Inter Call ၊ တယ္လီဖုန္းမ်ားျဖင့္ေခၚဆိုကာ စမ္းသပ္သည့္ကိရိယာမ်ားကိုလည္း ထားရွိေပးထားေၾကာင္း သိရသည္။ ယင္းအျပင္ ေနအိမ္တြင္ကုသရာ တြင္လည္း ယင္းစနစ္အတိုင္း အခ်ိန္ျပည့္ဆက္သြယ္မည္ျဖစ္ေၾကာင္း သိရသည္။ျမန္မာႏိုင္ငံတြင္ Covid-19 အတည္ျပဳလူနာေပါင္း ၁၆၅၀၃ ဦးရွိၿပီး ေဆး႐ုံဆင္းခြင့္ရရွိသူဦးေရမွာ ၄၇၉၅ ဦးႏွင့္ ေသဆုံးသူ ၃၇၁ ဦးရွိေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ Covid-19 အတည္ျပဳလူနာမ်ားကို အိမ္တြင္ထားရွိ၍ ကုသရန္စီစဥ္ေနေၾကာင္း ေဆးတကၠသိုလ္(၁) ပါ ေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးက ေျပာသည္။အဆိုပါအစီအစဥ္ကို အေကာင္အထည္ေဆာင္႐ြက္ရန္ ေဆြးေႏြးညႇိႏႈိင္းေနၿပီး သတ္မွတ္ ထားသည့္စည္းကမ္းခ်က္မ်ားကို လိုက္နာႏိုင္သည့္လူနာမ်ားကို အိမ္တြင္ထားရွိ၍ ကုသမည္ျဖစ္ကာ အခက္အခဲရွိသူမ်ားကို ကိုဗစ္ကုသ ေရးစင္တာတြင္ထားရွိကုသသြားမည္ျဖစ္ေၾကာင္း သိရသည္။လူနာကတက္ေနတာေပါ့၊ ၇၀၀ ကေန ၈၀၀၊ ၈၀၀ ကေန ၉၀၀၊ ၉၀၀ ကေန ၁၀၀၀ ေက်ာ္ေတြတက္ေနတဲ့အေနအထားရွိပါတယ္။ ဒီအေနအထားကို ျပန္လည္သုံးသပ္ၿပီး ။

အခုလိုပုံစံနဲ႔ ထိန္းခ်ဳပ္မႈကို အတည္ျပဳလူနာေတြကိုကုသတဲ့ေဆး႐ုံေတြနဲ႔ ကိုဗစ္စင္တာေတြမွာ ကုသေစာင့္ေရွာက္မႈေတြ အစြမ္းကုန္လုပ္ ေနၾကတယ္။ တစ္ဖက္ကလည္း စစ္ေဆးတာေရာကာကြယ္တာေရာ အစြမ္းကုန္လုပ္ခဲ့ၾကတယ္။ အခုခ်ိန္မွာ ျပန္လည္သုံးသပ္ရမဲ့ အေနအ ထား ေရာက္လာတယ္။ သူတို႔ရဲ႕ လက္ရွိအေနအထားအရ ကုသေနတဲ့ေနရာေတြမွာ အခုဆိုကုတင္ေတြ ၇၀၀၀၊ ၈၀၀၀ ျဖစ္လာတဲ့အခ်ိန္မွာ ဒါကိုဆက္ၿပီးတိုးခ်ဲ႕သြားမယ္ဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕အေနအထားက ေတာ္ေတာ္ေလးအစြမ္းကုန္ လုပ္ေဆာင္ရမဲ့သေဘာေလးေတြရွိတယ္။ ကြၽန္ေတာ္တို႔ရဲ႕အင္အားေတြအကုန္ထုတ္သုံးရမဲ့သေဘာရွိတယ္။

ေနာင္အနာဂတ္က်န္းမာေရးေစာင့္ေရွာက္မႈေတြမွာ ထိခိုက္မႈေတြရွိလာႏိုင္တဲ့အတြက္ ျပန္လည္သုံးသပ္ၿပီးေတာ့ အခုဆိုရင္ ကြၽန္ေတာ္ဆ ရာႀကီးေတြနဲ႔ တိုင္ပင္ၿပီးေတာ့ ထိန္းခ်ဳပ္မႈကိုတစ္ဆင့္ေလွ်ာ့ခ်ႏိုင္မလားဆိုတာ ေဆြးေႏြးေနပါတယ္”ဟု ေဆးတကၠသိုလ္(၁) ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးက ေျပာသည္။

REF: THE FIFTH WAVE NEWS

UNICODE

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာနိုင်သည့်သူများအား ကိုဗစ်စင်တာတွင် ထားရှိကုသမည့်အစား အိမ်တွင်ထားရှိ၍ကုသမည်ဖြစ်ကြောင်း၊ လက်ရှိကိုဗစ်စင်တာတွင်ကုသရာတွင်လည်း Video call၊ Inter Call ၊ တယ်လီဖုန်းများဖြင့်ခေါ်ဆိုကာ စမ်းသပ်သည့်ကိရိယာများကိုလည်း ထားရှိပေးထားကြောင်း သိရသည်။ ယင်းအပြင် နေအိမ်တွင်ကုသရာ တွင်လည်း ယင်းစနစ်အတိုင်း အချိန်ပြည့်ဆက်သွယ်မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာပေါင်း ၁၆၅၀၃ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူဦးရေမှာ ၄၇၉၅ ဦးနှင့် သေဆုံးသူ ၃၇၁ ဦးရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Covid-19 အတည်ပြုလူနာများကို အိမ်တွင်ထားရှိ၍ ကုသရန်စီစဉ်နေကြောင်း ဆေးတက္ကသိုလ်(၁) ပါ မောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောသည်။အဆိုပါအစီအစဉ်ကို အကောင်အထည်ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းနေပြီး သတ်မှတ် ထားသည့်စည်းကမ်းချက်များကို လိုက်နာနိုင်သည့်လူနာများကို အိမ်တွင်ထားရှိ၍ ကုသမည်ဖြစ်ကာ အခက်အခဲရှိသူများကို ကိုဗစ်ကုသ ရေးစင်တာတွင်ထားရှိကုသသွားမည်ဖြစ်ကြောင်း သိရသည်။လူနာကတက်နေတာပေါ့၊ ၇၀၀ ကနေ ၈၀၀၊ ၈၀၀ ကနေ ၉၀၀၊ ၉၀၀ ကနေ ၁၀၀၀ ကျော်တွေတက်နေတဲ့အနေအထားရှိပါတယ်။ ဒီအနေအထားကို ပြန်လည်သုံးသပ်ပြီး ။

အခုလိုပုံစံနဲ့ ထိန်းချုပ်မှုကို အတည်ပြုလူနာတွေကိုကုသတဲ့ဆေးရုံတွေနဲ့ ကိုဗစ်စင်တာတွေမှာ ကုသစောင့်ရှောက်မှုတွေ အစွမ်းကုန်လုပ် နေကြတယ်။ တစ်ဖက်ကလည်း စစ်ဆေးတာရောကာကွယ်တာရော အစွမ်းကုန်လုပ်ခဲ့ကြတယ်။ အခုချိန်မှာ ပြန်လည်သုံးသပ်ရမဲ့ အနေအ ထား ရောက်လာတယ်။ သူတို့ရဲ့ လက်ရှိအနေအထားအရ ကုသနေတဲ့နေရာတွေမှာ အခုဆိုကုတင်တွေ ၇၀၀၀၊ ၈၀၀၀ ဖြစ်လာတဲ့အချိန်မှာ ဒါကိုဆက်ပြီးတိုးချဲ့သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့အနေအထားက တော်တော်လေးအစွမ်းကုန် လုပ်ဆောင်ရမဲ့သဘောလေးတွေရှိတယ်။ ကျွန်တော်တို့ရဲ့အင်အားတွေအကုန်ထုတ်သုံးရမဲ့သဘောရှိတယ်။

နောင်အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ထိခိုက်မှုတွေရှိလာနိုင်တဲ့အတွက် ပြန်လည်သုံးသပ်ပြီးတော့ အခုဆိုရင် ကျွန်တော်ဆ ရာကြီးတွေနဲ့ တိုင်ပင်ပြီးတော့ ထိန်းချုပ်မှုကိုတစ်ဆင့်လျှော့ချနိုင်မလားဆိုတာ ဆွေးနွေးနေပါတယ်”ဟု ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောသည်။

REF:  THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *