ႏွလုံးေရာဂါျဖစ္ေပၚေစေသာ အေၾကာင္း မ်ား ႏွင့္ ကာကြယ္ နည္းမ်ား အေၾကာင္း

အဆီမ်ားေသာအစာမ်ားစားျခင္းႏွင့္အဝလြန္ျခင္း အဆီမ်ားေသာအစာမ်ားစားျခင္းေၾကာင့္ ေသြးထဲမွာ မေကာင္းေသာ ကိုလက္စထေရာ မ်ားစုပုံရာမွ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါနဲ႔ ေနာက္ဆက္တြဲဆိုးက်ိဴးမ်ားကိုျဖစ္ေစပါတယ္။ အဝလြန္သူမ်ားအေနနဲ႔လဲ က်န္းမာေရးနဲ႔ ညီ ၫြတ္ေသာစားေသာက္ေနထိုင္မႈပုံစံကိုလိုက္နာၿပီး ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ဝိတ္ခ်သင့္ပါတယ္။ေသြးတိုး ဆီးခ်ိဴနဲ႔ ႏွလုံးေရာဂါဟာ ဆက္ စပ္ေနတာမို႔ ေသြးတိုးေရာဂါရွိသူမ်ားအေနနဲ႔ ေသြးညႇိေဆးပုံမွန္ေသာက္ေပးျခင္းျဖင့္ မိမိေသြးေပါင္ခ်ိန္ကိုပုံမွန္ထိမ္းခ်ဴပ္ႏိုင္ဖို႔ လိုအပ္ပါ တယ္။စိတ္ဖိစီးမႈမ်ားျခင္းကေနဒါပညာရွင္မ်ားရဲ႕ ေလ့လာခ်က္မ်ားအရ စိတ္ညစ္ျခင္း၊စိုးရိမ္ပူပန္မႈမ်ားျခင္းနဲ႔စိတ္ဖိစီးျခင္းတို႔ေၾကာင့္ ႏွလုံး ဆီသို႔ေသြးေထာက္ပံ့မႈကို ထိခိုက္ေစပါတယ္။ဒါေၾကာင့္ ႏွလုံးေရာဂါရွိသူေတြကို စိတ္ဖိစီးမႈမျဖစ္ေအာင္ ေနထိုင္ခိုင္းတာျဖစ္ပါတယ္။

ေလေကာင္းေလသန႔္မရျခင္းလူ၁၆၀၀၀ေက်ာ္ကိုေလ့လာရာမွာ ေလဆိုးေတြရႉရႈိက္ရသူေတြမွာ ျပင္းထန္တဲ့ႏွလုံးေရာဂါကို ရႏိုင္တယ္လို႔ ေတြ႕ရွိထားပါတယ္။ ေလထုညစ္ညမ္းေသာၿမိဳ႕ျပေနလူမ်ားထက္ ေက်းလက္ေနလူမ်ားက ႏွလုံးက်န္းမာေရး ပိုေကာင္းတာေတြ႕ရပါတယ္ ။ေဒါသျဖစ္ျခင္းစစ္ဒနီတကသိုလ္ရဲ႕ေလ့လာခ်က္အရ အျပင္းအထန္ေဒါသထြက္ၿပီးေနာက္၂နာရီအၾကာမွာ သာမန္အခ်ိန္ထက္ ႐ုတ္တရက္ ႏွလုံးထိခိုက္မႈျဖစ္ပြားႏႈန္း ၈.၅ဆမ်ားျပားတယ္ဆိုပါတယ္။ ျဖစ္ပြားေသာအေၾကာင္းရင္းအမ်ားစုမွာ မိသားစုနဲ႔စကားမ်ားျခင္း၊ လုပ္ငန္းခြင္ တြင္ေဒါသျဖစ္ျခင္း၊ကားေမာင္းစဥ္စိတ္ဖိစီးျခင္းတို႔ျဖစ္ပါတယ္။အရက္နဲ႔ေဆးလိပ္အလြန္အကြၽံေသာက္ျခင္း အရက္အလြန္ေသာက္ျခင္း ေၾကာင့္ ႏွလုံးေရာဂါျဖစ္ပြားႏႈန္းကို ၂ဆျမင့္ေစပါတယ္။ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ႏွလုံးေရာဂါျဖစ္ပြားႏႈန္း ၃ဆျမင့္တက္ေစပါတယ္။

အသက္၅၀ေက်ာ္အ႐ြယ္ ေဆးလိပ္ေသာက္သူအမ်ိဴးသားမ်ားအေနနဲ႔ေသြးတိုးဆီးခ်ိဴေရာဂါပါရွိေနပါက ႏွလုံးေရာဂါေၾကာင့္ေသဆုံးဖို႔ အလားအလာမ်ားပါတယ္။ရာသီဥတုေအးျခင္းကေနဒါႏိုင္ငံမွပညာရွင္မ်ားရဲ႕ ၆ႏွစ္ၾကာေလ့လာခ်က္အရ အပူခ်ိန္ ၁၀ ဒီဂရီစင္တီဂရိတ္ က်ဆင္းေလ ႏွလုံးေရာဂါမ်ားအနက္ အျပင္းထန္ဆုံးျဖစ္ေသာ ႏွလုံးႂကြက္သားေသြးမရေသာႏွလုံးေရာဂါျဖစ္ႏႈန္း ၇ရာႏႈန္းျမင့္ေလ ျဖစ္ပါ တယ္။ဒါေၾကာင့္ႏွလုံးေရာဂါျဖစ္ႏိုင္ေခ်ရွိသူမ်ားအေနနဲ႔ ရာသီဥတုေအးခ်ိန္ အျပင္မထြက္သင့္ပါဘူး။ ညအိပ္မေပ်ာ္ျခင္း ေနာ္ေဝးပညာရွင္ တို႔ရဲ႕ေလ့လာခ်က္အရ ညအိပ္မေပ်ာ္သူမ်ားမွာ ႏွလုံးေရာဂါျဖစ္ႏိုင္ေခ် ၄၅ရာႏႈန္းထိ ျမင့္မားတယ္လို႔ဆိုပါတယ္။

Credit: Writer – Min Thu ( XYZ News )

UNICODE

အဆီများသောအစာများစားခြင်းနှင့်အဝလွန်ခြင်း အဆီများသောအစာများစားခြင်းကြောင့် သွေးထဲမှာ မကောင်းသော ကိုလက်စထရော များစုပုံရာမှ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နောက်ဆက်တွဲဆိုးကျိူးများကိုဖြစ်စေပါတယ်။ အဝလွန်သူများအနေနဲ့လဲ ကျန်းမာရေးနဲ့ ညီ ညွတ်သောစားသောက်နေထိုင်မှုပုံစံကိုလိုက်နာပြီး လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်ဝိတ်ချသင့်ပါတယ်။သွေးတိုး ဆီးချိူနဲ့ နှလုံးရောဂါဟာ ဆက် စပ်နေတာမို့ သွေးတိုးရောဂါရှိသူများအနေနဲ့ သွေးညှိဆေးပုံမှန်သောက်ပေးခြင်းဖြင့် မိမိသွေးပေါင်ချိန်ကိုပုံမှန်ထိမ်းချူပ်နိုင်ဖို့ လိုအပ်ပါ တယ်။စိတ်ဖိစီးမှုများခြင်းကနေဒါပညာရှင်များရဲ့ လေ့လာချက်များအရ စိတ်ညစ်ခြင်း၊စိုးရိမ်ပူပန်မှုများခြင်းနဲ့စိတ်ဖိစီးခြင်းတို့ကြောင့် နှလုံး ဆီသို့သွေးထောက်ပံ့မှုကို ထိခိုက်စေပါတယ်။ဒါကြောင့် နှလုံးရောဂါရှိသူတွေကို စိတ်ဖိစီးမှုမဖြစ်အောင် နေထိုင်ခိုင်းတာဖြစ်ပါတယ်။

လေကောင်းလေသန့်မရခြင်းလူ၁၆၀၀၀ကျော်ကိုလေ့လာရာမှာ လေဆိုးတွေရှူရှိုက်ရသူတွေမှာ ပြင်းထန်တဲ့နှလုံးရောဂါကို ရနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ လေထုညစ်ညမ်းသောမြို့ပြနေလူများထက် ကျေးလက်နေလူများက နှလုံးကျန်းမာရေး ပိုကောင်းတာတွေ့ရပါတယ် ။ဒေါသဖြစ်ခြင်းစစ်ဒနီတကသိုလ်ရဲ့လေ့လာချက်အရ အပြင်းအထန်ဒေါသထွက်ပြီးနောက်၂နာရီအကြာမှာ သာမန်အချိန်ထက် ရုတ်တရက် နှလုံးထိခိုက်မှုဖြစ်ပွားနှုန်း ၈.၅ဆများပြားတယ်ဆိုပါတယ်။ ဖြစ်ပွားသောအကြောင်းရင်းအများစုမှာ မိသားစုနဲ့စကားများခြင်း၊ လုပ်ငန်းခွင် တွင်ဒေါသဖြစ်ခြင်း၊ကားမောင်းစဉ်စိတ်ဖိစီးခြင်းတို့ဖြစ်ပါတယ်။အရက်နဲ့ဆေးလိပ်အလွန်အကျွံသောက်ခြင်း အရက်အလွန်သောက်ခြင်း ကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်းကို ၂ဆမြင့်စေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်း ၃ဆမြင့်တက်စေပါတယ်။

အသက်၅၀ကျော်အရွယ် ဆေးလိပ်သောက်သူအမျိူးသားများအနေနဲ့သွေးတိုးဆီးချိူရောဂါပါရှိနေပါက နှလုံးရောဂါကြောင့်သေဆုံးဖို့ အလားအလာများပါတယ်။ရာသီဥတုအေးခြင်းကနေဒါနိုင်ငံမှပညာရှင်များရဲ့ ၆နှစ်ကြာလေ့လာချက်အရ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ် ကျဆင်းလေ နှလုံးရောဂါများအနက် အပြင်းထန်ဆုံးဖြစ်သော နှလုံးကြွက်သားသွေးမရသောနှလုံးရောဂါဖြစ်နှုန်း ၇ရာနှုန်းမြင့်လေ ဖြစ်ပါ တယ်။ဒါကြောင့်နှလုံးရောဂါဖြစ်နိုင်ချေရှိသူများအနေနဲ့ ရာသီဥတုအေးချိန် အပြင်မထွက်သင့်ပါဘူး။ ညအိပ်မပျော်ခြင်း နော်ဝေးပညာရှင် တို့ရဲ့လေ့လာချက်အရ ညအိပ်မပျော်သူများမှာ နှလုံးရောဂါဖြစ်နိုင်ချေ ၄၅ရာနှုန်းထိ မြင့်မားတယ်လို့ဆိုပါတယ်။

Credit: Writer – Min Thu ( XYZ News )

Add a Comment

Your email address will not be published. Required fields are marked *