ကိုဗစ္ေရာဂါကု ေဖာင္ႀကီး‌ေဆး႐ုံ က က်န္းမာေရး ဝန္ထမ္းေတြ မလုပ္ခ်င္ဆုံး အလုပ္တခု

တစ္ေန႔တစ္ေန႔ ICU ကို ဖုန္းဆက္ၿပီး အေမ့ကို၊ အေဖ့ကို၊ အစ္ကို႔ကို ဖုန္းဆက္မရလို႔၊ ဖုန္းမကိုင္လို႔ စိတ္ပူလို႔၊ အေျခအေနေကာင္းရဲ႕လား၊ အခုဘယ္ Q center မွာပါ၊ အခု ဘယ္ကို ေ႐ႊ႕ရပါၿပီ ေျပာေပးပါဦး ဆရာမရယ္ ဆိုတာေတြကို ျပန္ေျဖရတဲ့အခါလူနာ အေျခအေနရွင္းျပရင္း၊ သူတို႔ေျပာေပးတာေတြ ျပန္ေျပာေပးပါ့မယ္ ဆိုတာ ေျပာရင္း ေနေကာင္းေအာင္ေနၾကေနာ္၊ က်န္းမာပါေစဆိုတာေလး အၿမဲေျပာျဖစ္တယ္ …ကိုယ္တတ္ႏိုင္တာကဒါပါပဲ….ေဖာင္ႀကီးမွာ ဂ်ဴ တီ ဆင္းရတာမွာ စိတ္မေကာင္း အျဖစ္ရဆုံးက။ဆုံးသြားတဲ့ လူနာရဲ႕ ေဆြမ်ိဳးေတြကို ဖုန္း ဆက္အေၾကာင္းၾကားရတာပါပဲ…ေဝဘာဂီမွာက်ေတာ့ အဲဒီကိစၥကို ward ထဲကပဲ တာဝန္ယူေတာ့ ကိုယ္ေတြနဲ႔ သိပ္မဆိုင္လွဘူး… ။

ဒီမွာက်ေတာ့ ဆုံးသြားၿပီဆို တဲ့ အေၾကာင္း လူနာရွင္ကို ဖုန္းဆက္ေျပာရတဲ့အခါ အခုဘယ္မွာလဲလို႔ အၿမဲ လိုေမးမိတယ္။ ကြၽန္ေတာ္တို႔၊ ကြၽန္မတို႔က Q ေနတာပါ၊ P ထြက္လို႔လာေခၚတာကို ေစာင့္ေနတာပါ ဘယ္မွာေနရမယ္မွန္းေတာင္ မသိ ေသးပါဘူး ဆိုတာေတြ ၾကားရတဲ့ အခါ စိတ္မေကာင္း ေတာ္ေတာ္ ျဖစ္ရပါတယ္…သူတို႔မွာ ကိုယ့္မိဘေသလို႔မွ သၿဂိဳလ္ခြင့္ မရွိတဲ့ ဘဝ…။ သၿဂိဳလ္တဲ့ အခါ ေဆြမ်ိဳးသားခ်င္း ၃ ေယာက္ လာခြင့္ျပဳတယ္ဆိုလို႔ လာမလားလို႔ ေမးတဲ့အခါ Q ဝင္ေနရလို႔ လာလို႔မရပါဘူး ဆရာမရယ္ဆိုတာမ်ိဳး… အေဖ့ဖုန္းေလးနဲ႔ မ်က္ မွန္ေလး သိမ္းထားခ်င္ လို႔ Q မဝင္ရတဲ့ အမ်ိဳးေတြ လႊတ္လိုက္မယ္ ေပးလို႔ရမလားတဲ့…။

အေလာင္းလာသယ္တဲ့သူေတြကိုေတာ့ တတ္ႏိုင္သမွ် ေျပာေပးလိုက္တယ္၊ ရမရေတာ့မသိ… ကိုယ့္မိဘရဲ႕ အမွတ္တရ ပစၥည္းေလးေတာင္ သိမ္းခြင့္ ရမရ။မေသခ်ာတဲ့ဘဝ…။ေနာက္တစ္ခုက အသက္ရႉ ပိုက္ထည့္ဖို႔ လူနာရွင္ ရဲ႕ သေဘာတူညီခ်က္ ေတာင္းရတဲ့အခါ… ဖုန္းထဲက ေန အသက္ရႉပိုက္ထည့္ရင္ အေျခအေနေကာင္းလာမွာလားလို႔ ေမးခံရတဲ့အခါ အမွန္တိုင္းေျဖရတာ ေတာ္ေတာ္ခက္တာပါပဲ… တကယ္ကို မေျဖခ်င္မိဘူး… လူနာေတြ အနားေရာက္တဲ့အခါ ေနေကာင္းေအာင္ေနဖို႔ ၊စိတ္ဓာတ္ မက်ဖို႔၊ ေနေကာင္းရင္ ကပ္ႀကီးၿပီးရင္ ေတြ႕ၾကမယ္ ေနာ္လို႔ ေျပာျဖစ္တယ္…။ဒီကပ္ႀကီးကို ျမန္ျမန္ၿပီးေစခ်င္ လွပါၿပီ…။

Gardenia

UNICODE

တစ်နေ့တစ်နေ့ ICU ကို ဖုန်းဆက်ပြီး အမေ့ကို၊ အဖေ့ကို၊ အစ်ကို့ကို ဖုန်းဆက်မရလို့၊ ဖုန်းမကိုင်လို့ စိတ်ပူလို့၊ အခြေအနေကောင်းရဲ့လား၊ အခုဘယ် Q center မှာပါ၊ အခု ဘယ်ကို ရွှေ့ရပါပြီ ပြောပေးပါဦး ဆရာမရယ် ဆိုတာတွေကို ပြန်ဖြေရတဲ့အခါလူနာ အခြေအနေရှင်းပြရင်း၊ သူတို့ပြောပေးတာတွေ ပြန်ပြောပေးပါ့မယ် ဆိုတာ ပြောရင်း နေကောင်းအောင်နေကြနော်၊ ကျန်းမာပါစေဆိုတာလေး အမြဲပြောဖြစ်တယ် …ကိုယ်တတ်နိုင်တာကဒါပါပဲ….ဖောင်ကြီးမှာ ဂျူ တီ ဆင်းရတာမှာ စိတ်မကောင်း အဖြစ်ရဆုံးက။ဆုံးသွားတဲ့ လူနာရဲ့ ဆွေမျိုးတွေကို ဖုန်း ဆက်အကြောင်းကြားရတာပါပဲ…ဝေဘာဂီမှာကျတော့ အဲဒီကိစ္စကို ward ထဲကပဲ တာဝန်ယူတော့ ကိုယ်တွေနဲ့ သိပ်မဆိုင်လှဘူး… ။

ဒီမှာကျတော့ ဆုံးသွားပြီဆို တဲ့ အကြောင်း လူနာရှင်ကို ဖုန်းဆက်ပြောရတဲ့အခါ အခုဘယ်မှာလဲလို့ အမြဲ လိုမေးမိတယ်။ ကျွန်တော်တို့၊ ကျွန်မတို့က Q နေတာပါ၊ P ထွက်လို့လာခေါ်တာကို စောင့်နေတာပါ ဘယ်မှာနေရမယ်မှန်းတောင် မသိ သေးပါဘူး ဆိုတာတွေ ကြားရတဲ့ အခါ စိတ်မကောင်း တော်တော် ဖြစ်ရပါတယ်…သူတို့မှာ ကိုယ့်မိဘသေလို့မှ သဂြိုလ်ခွင့် မရှိတဲ့ ဘဝ…။ သဂြိုလ်တဲ့ အခါ ဆွေမျိုးသားချင်း ၃ ယောက် လာခွင့်ပြုတယ်ဆိုလို့ လာမလားလို့ မေးတဲ့အခါ Q ဝင်နေရလို့ လာလို့မရပါဘူး ဆရာမရယ်ဆိုတာမျိုး… အဖေ့ဖုန်းလေးနဲ့ မျက် မှန်လေး သိမ်းထားချင် လို့ Q မဝင်ရတဲ့ အမျိုးတွေ လွှတ်လိုက်မယ် ပေးလို့ရမလားတဲ့…။

အလောင်းလာသယ်တဲ့သူတွေကိုတော့ တတ်နိုင်သမျှ ပြောပေးလိုက်တယ်၊ ရမရတော့မသိ… ကိုယ့်မိဘရဲ့ အမှတ်တရ ပစ္စည်းလေးတောင် သိမ်းခွင့် ရမရ။မသေချာတဲ့ဘဝ…။နောက်တစ်ခုက အသက်ရှူ ပိုက်ထည့်ဖို့ လူနာရှင် ရဲ့ သဘောတူညီချက် တောင်းရတဲ့အခါ… ဖုန်းထဲက နေ အသက်ရှူပိုက်ထည့်ရင် အခြေအနေကောင်းလာမှာလားလို့ မေးခံရတဲ့အခါ အမှန်တိုင်းဖြေရတာ တော်တော်ခက်တာပါပဲ… တကယ်ကို မဖြေချင်မိဘူး… လူနာတွေ အနားရောက်တဲ့အခါ နေကောင်းအောင်နေဖို့ ၊စိတ်ဓာတ် မကျဖို့၊ နေကောင်းရင် ကပ်ကြီးပြီးရင် တွေ့ကြမယ် နော်လို့ ပြောဖြစ်တယ်…။ဒီကပ်ကြီးကို မြန်မြန်ပြီးစေချင် လှပါပြီ…။

Gardenia

Add a Comment

Your email address will not be published. Required fields are marked *