ပရဟိတ ဆရာ/ဆရာမေတြကို အထိတ္တလန္႔ ျဖစ္ေအာင္ စိတၱဇဆန္ဆန္ အၾကမ္းဖက္ခဲ့တဲ့ ကိုဗစ္လူနာ

အျဖစ္အပ်က္တစ္ခုကို ေျပာျပခ်င္လို႔ပါ။ဒီေန႔ညကေတာ့ပရဟိတ လုပ္ေဆာင္ခဲ့သမွ်ထဲမွာ ထိတ္လန္႔စရာအေကာင္းဆုံး အေနအထားတခု ဘယ္ေတာ့မွ မေမ့ႏိူင္ေတာ့ပါ။ ေသခါနီးေလး သုံးေလာင္းၿပိဳင္လား၊ေလးေလာင္းၿပိဳင္လားမသိေတာ့ဘူး။ စာေရးေနရင္းကို ေၾကာက္ဒူးေတြ ပါတုန္ေနတုန္း၊ ျဖစ္ပုံက ရန္ကုန္ပိုးေတြ႕လူနာနဲ႔ထိေတြ႕ဆက္စပ္ခဲ့တဲ့ စိတၱဇဆန္ဆန္လူနာအား ကေလးၿမိဳ႕ ေဆး႐ုံႀကီးသို႔ေဆးစစ္ပို႔ေဆာင္ ဖို႔ရာအခက္အခဲ အမ်ိဳးမ်ိဳးနဲ႔ေရာက္သြားခဲ့တယ္။ရန္ျပဳတာမ်ားလို႔ရဲအေစာင့္ အေရွာက္လိုက္ပါ ကူညီေပးၾကပါတယ္။ ႀကိဳးကိုလက္ေျခအ ကုန္တုပ္ထားကာစိတ္ၿငိမ္ေဆးထိုးေပးၿပီး ကြၽန္ေတာ္တို႔သုံးေယာက္ရယ္ ဆရာမႏွစ္ေယာက္ရယ္PPEခြၽတ္ေနတုန္း ။

ေစာင့္ၾကည့္ေနတဲ့ ဆ ရာမကလွမ္းေအာ္ေျပာတာ လူနာ ထေနၿပီတဲ့ ကြၽန္ေတာ္ နဲ႔ဆရာမႏွစ္ေယာက္ပဲ က်န္ေတာ့တာ။PPE က မခြၽတ္ရ ေသး၊ သြားၾကည့္ၾကမယ္ဆိုၿပီးမွန္ကေနၾကည့္ေတာ့မျမင္ရဘူး။တံခါးလည္းဖြင့္မယ္လုပ္ေတာ့ အထဲကေနေစာင့္ကန္ၿပီး ဖြင့္လိုက္တာသုံး ေယာက္သားေထြး ကနဲလဲသြားတယ္။ အဲ့ခ်ိန္မွာလက္ထဲမွာက တဖက္ကဝါယာႀကိဳး တဖက္ကကပ္ေၾကးႀကီးနဲ႔ ထြက္လာေရာ ဆရာမေတြ ကိုေျပးေျပးလို႔ေအာ္ၿပီး PPEခြၽတ္တဲ့ အခန္းထဲ ဝင္ေျပးၾကတယ္။တံခါးဂ်က္ထိုးၿပီး ဆရာမေရ ေအာက္ကလူေတြ အကူအညီေတာင္းဆိုၿပီး တံခါးကိုတင္းခံထားတာ ေဆာင့္လည္းကန္ေရာ ေနာက္တံခါး တခ်ပ္ဂ်က္ပ်က္စီးသြားျပန္ေရာ။

အဲ့ခ်ိန္မွာကာယကံေမတၱာဥကၠ႒နဲ႔ေက်ာ္ထိုက္ဦးေရာက္လာၿပီး ေျခာက္လိုက္တာ မဟုတ္ရင္ေသမွာ ခုခံစရာဘာမွကို မရွိတာလိုက္ရွာ လည္းမေတြ႕ဘူး။ ဖိနပ္ရယ္PPEဝတ္စုံရယ္ပဲရွိတာ လူကိုအားငယ္ခ်က္ဗ်ာ။ေနာက္ေတာ့ ဖုန္းဆက္ထားလို႔ေဆး႐ုံႀကီးအခ်ဳပ္ခန္းေစာင့္ ရဲတပ္သားသုံးဦးလာေတာ့အားရွိလာတယ္။ ေရွ႕တံခါးကို မဲေနခ်ိန္ အေနာက္ဖက္မွာဘယ္အခ်ိန္ေရာက္လာလဲကိုမသိေတာ့ဘူး။ ရဲေတြလဲ ေၾကာက္ေၾကာက္နဲ႔ကပ္ေၾကးခ်ဖို႔ေဖ်ာင္းဖ်တာ ျမန္ခ်က္ဗ်ာ ကပ္ေၾကးနဲ႔ႏွစ္ခ်က္ဆက္ထိုးပလိုက္တာ ရဲတဦးနံ႐ိုးၾကားထိုးမိသြားတယ္။ အဲ့ခ်ိန္မွာလူေတြလည္းေျခာက္ေယာက္ေလာက္ရွိေတာ့ ဝိုင္းၿပီးေတြ႕ကရာေတြနဲ႔ေကာက္႐ိုက္ၾကတာ။

ျပန္ခုခံတာၾကမ္းတယ္ဗ်ာ။ကေလးေဗာ္လန္တီယာဥကၠ႒ကိုမင္းႏိူင္စိုးေကာ နား႐ြက္တဖက္စုတ္သြားတယ္။ ေနာက္ေတာ့ဒဏ္ရာရရဲကို OPDေျပးၿပီးျပ၊ အေျခအေနမစိုးရိမ္ရလို႔ေတာ္ေသးဗ်ာ။ နံ႐ိုးၾကားထဲထိသြားတာ၊ ဒီလူသာပိုးရွိရင္ေတာ့ ကြၽန္ေတာ္တို႔အုပ္စုကေတာ့ သြား ပါၿပီဗ်ာ။ အနည္းဆုံးႏွစ္ဆယ္ဦးေလာက္ကေတာ့Qဝင္ရေတာ့မယ္ ပိုးမေတြ႕ပါေစနဲ႔ဗ်ာ။ ဘယ္ေလာက္ဇယားလုပ္သလည္း မေျပာနဲ႔ျပည္ သူ႔ရဲေတြေရာ ပရဟိတအသင္းေတြေရာ Kale Volunteer ေတြေရာ ည ၂ နာရီေက်ာ္အထိ မနားၾကရဘူး။အိမ္ေရာက္ေတာ့ သားကအနား လာေနလို႔ အေဖ့နားလာမကပ္နဲ႔လို႔ေျပာရေသးတယ္။ ျပန္ေရာက္တာနဲ႔ေရခ်ိဳးၿပီး ညေတာ့ တစ္ေယာက္ထဲသီးသန္႔ အိပ္ေနေတာ့မယ္။ ကေလးၿမိဳ႕ေလး ေအးခ်မ္းေစခ်င္ၿပီဗ်ာ။

Source:ဥကၠာမင္းထြဋ္

UNICODE

အဖြစ်အပျက်တစ်ခုကို ပြောပြချင်လို့ပါ။ဒီနေ့ညကတော့ပရဟိတ လုပ်ဆောင်ခဲ့သမျှထဲမှာ ထိတ်လန့်စရာအကောင်းဆုံး အနေအထားတခု ဘယ်တော့မှ မမေ့နိူင်တော့ပါ။ သေခါနီးလေး သုံးလောင်းပြိုင်လား၊လေးလောင်းပြိုင်လားမသိတော့ဘူး။ စာရေးနေရင်းကို ကြောက်ဒူးတွေ ပါတုန်နေတုန်း၊ ဖြစ်ပုံက ရန်ကုန်ပိုးတွေ့လူနာနဲ့ထိတွေ့ဆက်စပ်ခဲ့တဲ့ စိတ္တဇဆန်ဆန်လူနာအား ကလေးမြို့ ဆေးရုံကြီးသို့ဆေးစစ်ပို့ဆောင် ဖို့ရာအခက်အခဲ အမျိုးမျိုးနဲ့ရောက်သွားခဲ့တယ်။ရန်ပြုတာများလို့ရဲအစောင့် အရှောက်လိုက်ပါ ကူညီပေးကြပါတယ်။ ကြိုးကိုလက်ခြေအ ကုန်တုပ်ထားကာစိတ်ငြိမ်ဆေးထိုးပေးပြီး ကျွန်တော်တို့သုံးယောက်ရယ် ဆရာမနှစ်ယောက်ရယ်PPEချွတ်နေတုန်း ။

စောင့်ကြည့်နေတဲ့ ဆ ရာမကလှမ်းအော်ပြောတာ လူနာ ထနေပြီတဲ့ ကျွန်တော် နဲ့ဆရာမနှစ်ယောက်ပဲ ကျန်တော့တာ။PPE က မချွတ်ရ သေး၊ သွားကြည့်ကြမယ်ဆိုပြီးမှန်ကနေကြည့်တော့မမြင်ရဘူး။တံခါးလည်းဖွင့်မယ်လုပ်တော့ အထဲကနေစောင့်ကန်ပြီး ဖွင့်လိုက်တာသုံး ယောက်သားထွေး ကနဲလဲသွားတယ်။ အဲ့ချိန်မှာလက်ထဲမှာက တဖက်ကဝါယာကြိုး တဖက်ကကပ်ကြေးကြီးနဲ့ ထွက်လာရော ဆရာမတွေ ကိုပြေးပြေးလို့အော်ပြီး PPEချွတ်တဲ့ အခန်းထဲ ဝင်ပြေးကြတယ်။တံခါးဂျက်ထိုးပြီး ဆရာမရေ အောက်ကလူတွေ အကူအညီတောင်းဆိုပြီး တံခါးကိုတင်းခံထားတာ ဆောင့်လည်းကန်ရော နောက်တံခါး တချပ်ဂျက်ပျက်စီးသွားပြန်ရော။

အဲ့ချိန်မှာကာယကံမေတ္တာဥက္ကဋ္ဌနဲ့ကျော်ထိုက်ဦးရောက်လာပြီး ခြောက်လိုက်တာ မဟုတ်ရင်သေမှာ ခုခံစရာဘာမှကို မရှိတာလိုက်ရှာ လည်းမတွေ့ဘူး။ ဖိနပ်ရယ်PPEဝတ်စုံရယ်ပဲရှိတာ လူကိုအားငယ်ချက်ဗျာ။နောက်တော့ ဖုန်းဆက်ထားလို့ဆေးရုံကြီးအချုပ်ခန်းစောင့် ရဲတပ်သားသုံးဦးလာတော့အားရှိလာတယ်။ ရှေ့တံခါးကို မဲနေချိန် အနောက်ဖက်မှာဘယ်အချိန်ရောက်လာလဲကိုမသိတော့ဘူး။ ရဲတွေလဲ ကြောက်ကြောက်နဲ့ကပ်ကြေးချဖို့ဖျောင်းဖျတာ မြန်ချက်ဗျာ ကပ်ကြေးနဲ့နှစ်ချက်ဆက်ထိုးပလိုက်တာ ရဲတဦးနံရိုးကြားထိုးမိသွားတယ်။ အဲ့ချိန်မှာလူတွေလည်းခြောက်ယောက်လောက်ရှိတော့ ဝိုင်းပြီးတွေ့ကရာတွေနဲ့ကောက်ရိုက်ကြတာ။

ပြန်ခုခံတာကြမ်းတယ်ဗျာ။ကလေးဗော်လန်တီယာဥက္ကဋ္ဌကိုမင်းနိူင်စိုးကော နားရွက်တဖက်စုတ်သွားတယ်။ နောက်တော့ဒဏ်ရာရရဲကို OPDပြေးပြီးပြ၊ အခြေအနေမစိုးရိမ်ရလို့တော်သေးဗျာ။ နံရိုးကြားထဲထိသွားတာ၊ ဒီလူသာပိုးရှိရင်တော့ ကျွန်တော်တို့အုပ်စုကတော့ သွား ပါပြီဗျာ။ အနည်းဆုံးနှစ်ဆယ်ဦးလောက်ကတော့Qဝင်ရတော့မယ် ပိုးမတွေ့ပါစေနဲ့ဗျာ။ ဘယ်လောက်ဇယားလုပ်သလည်း မပြောနဲ့ပြည် သူ့ရဲတွေရော ပရဟိတအသင်းတွေရော Kale Volunteer တွေရော ည ၂ နာရီကျော်အထိ မနားကြရဘူး။အိမ်ရောက်တော့ သားကအနား လာနေလို့ အဖေ့နားလာမကပ်နဲ့လို့ပြောရသေးတယ်။ ပြန်ရောက်တာနဲ့ရေချိုးပြီး ညတော့ တစ်ယောက်ထဲသီးသန့် အိပ်နေတော့မယ်။ ကလေးမြို့လေး အေးချမ်းစေချင်ပြီဗျာ။

Source:ဥက္ကာမင်းထွဋ်

Add a Comment

Your email address will not be published. Required fields are marked *