မ်က္ကြင္းညိဳ တတ္ သူ မ်ား အတြက္ ေဆးနည္းေကာင္း

ကာကြယ္ျခင္းက ကုသျခင္းထက္ေကာင္းတာမို႔ မ်က္ကြင္းမညိဳျခင္ရင္ အိပ္ေရးဝဝအိပ္ပါ။ အသီးအႏွံမ်ားမ်ားစားေပးပါ။ ေရမ်ားမ်ား ေသာက္ပါ။အျပင္ထြက္ရင္ ေနကာမ်က္မွန္တပ္ပါ။မ်က္ကြင္းညိဳျခင္းသက္သာခ်င္ရင္ေတာ့ေရခဲကပ္ေပးပါ။ ( အဝတ္သန႔္ေလးထဲ ေရခဲ ထည့္ၿပီး မ်က္လုံးေအာက္ကို ကပ္ေပးပါ)ေခါင္းအုံး အနည္းငယ္ျမႇင့္ အုံးပါ။သခြားသီးကို ပါးပါးလွီးၿပီး မ်က္လုံးတစ္ဝိုက္ ၁၅မိနစ္ခန႔္ေနစဥ္ ကပ္ေပးပါ။သုံးၿပီးသား ေရေႏြးအိတ္ Tea Bag နဲ႔ ေန႔စဥ္ ၁၅မိနစ္ခန႔္ကပ္ေပးပါ။ေရခဲေသတၱာထဲထည့္ထားတဲ့ ဇြန္းနဲ႔ မ်က္လုံးတစ္ဝွိက္ကပ္ ၿပီး ခဏတာသက္သာေအာင္လုပ္မယ္ ဆိုရင္ေတာ့ မ်က္ကြင္းညိဳျခင္း သက္ သာႏိုင္ပါတယ္။

ေဆးနဲ႔ကုသခ်င္တယ္ဆိုရင္ေတာ့Chemical Peeling( ဓာတုပစၥည္းနဲ႔ အေရျပား သန႔္စင္ေပးျခင္း) ေလဆာနဲ႔ မ်က္ကြင္း ညိဳသက္သာ ေအာင္ကုသျခင္းလုပ္ႏိုင္ပါတယ္။မ်က္ႏွာတစ္ခုလုံးကေတာ့ျဖဴပါရဲ႕။ မ်က္ကြင္းေလးေတြပဲညိဳေနတယ္ ဆိုတာ ဘာေတြ ေၾကာင့္မ်ားျဖစ္ႏိုင္ ပါလဲ ဆိုတာ ေဒါက္တာဇီဝကနဲ႔အတူအေျဖရွာစို႔လား?၁) အသက္အ႐ြယ္အရ မ်က္ကြင္းညိဳတာလား?အသက္ႀကီးလာတဲ့အခါ မ်က္လုံး ေအာက္က အေရျပားတင္းရင္း မႈ၊ အဆီဓာတ္မရွိေတာ့ ပါဘူး။ ဒါေၾကာင့္ ေသြးေၾကာေလးေတြေပၚလာၿပီး မ်က္ကြင္းညိဳလာတတ္ ပါတယ္ ။၂) အိပ္ေရးမဝလို႔ မ်က္ကြင္းညိဳတာလား?ပုံမွန္ အိပ္ ခ်ိန္ေလာက္မအိပ္ရဘဲ အိပ္ေရးပ်က္တဲ့အခါ မ်က္ကြင္းညိဳလာတတ္ပါတယ္။

အိပ္ေရးမဝတဲ့အခါ မ်က္လုံးေအာက္မွာ ေဖာင္းလာၿပီး မ်က္ လုံးအစ္တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။၃) ဖုန္း ၊ တီဗီအၾကည့္မ်ားလို႔ မ်က္ ကြင္းညိဳတာလား?အလင္းေရာင္စူးတဲ့ တီဗီ၊ ဖုန္းတို႔ ၾကည့္တာမ်ားလာရင္ မ်က္လုံးနားက ေသြးေၾကာ ေတြ ေဖာင္းတာ ေရာင္ရမ္းတာျဖစ္ ေစလို႔ မ်က္ကြင္းညိဳတတ္ပါတယ္။၄) ေရဓာတ္ခမ္းေျခက္လို႔ မ်က္ကြင္းညိဳတာလား? ေရလုံေလာက္စြာ မေသာက္တာဟာလည္း မ်က္ ကြင္းညိဳျခင္းအေၾကာင္းရင္း တစ္ခုပါပဲ။ တစ္ေန႔ကို ေရ တလီတာ အနည္းဆုံးေသာက္ဖို႔မေမ့ၾကပါနဲ႔ေနာ္။၅) ေနေရာင္ထိေတြ႕မႈမ်ားလို႔ မ်က္ကြင္းညိဳတာလား?

ေနေရာင္ ထိေတြ႕တဲ့အခါ မ်က္ႏွာ အပါအဝင္ ပါးလႊာတဲ့ မ်က္လုံးတစ္ဝွိက္အေရျပားေလးေတြက ေနေလာင္ၿပီး Melanin ဆိုတဲ့ အမဲေရာင္ ျခယ္ပစၥည္းထုတ္တဲ့အခါ မ်က္ကြင္းညိဳ လာပါတယ္။၆) မ်ိဳး႐ိုးလိုက္လို႔မ်က္ကြင္းညိဳတာလား?မိသားစု မ်ိဳး႐ိုးအရ မ်က္ကြင္းညိဳမယ္ဆိုရင္ မိမိမွာလည္း မ်က္ကြင္းညိဳႏိုင္ပါတယ္။ ဘယ္လိုေၾကာင့္ ညိဳညိဳမ်က္ကြင္းညိဳခဲ့မယ္ဆိုရင္စိတ္ရွည္လက္ရွည္ သဘာဝနည္းလမ္းေလးေတြ နဲ႔ စနစ္တက်ေလ်ာ့ ပါးေအာင္လုပ္လို႔ရပါတယ္။

Crd , မယ္တင္( ေဆး ၁)

UNICODE

ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတာမို့ မျက်ကွင်းမညိုခြင်ရင် အိပ်ရေးဝဝအိပ်ပါ။ အသီးအနှံများများစားပေးပါ။ ရေများများ သောက်ပါ။အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပါ။မျက်ကွင်းညိုခြင်းသက်သာချင်ရင်တော့ရေခဲကပ်ပေးပါ။ ( အဝတ်သန့်လေးထဲ ရေခဲ ထည့်ပြီး မျက်လုံးအောက်ကို ကပ်ပေးပါ)ခေါင်းအုံး အနည်းငယ်မြှင့် အုံးပါ။သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးတစ်ဝိုက် ၁၅မိနစ်ခန့်နေစဉ် ကပ်ပေးပါ။သုံးပြီးသား ရေနွေးအိတ် Tea Bag နဲ့ နေ့စဉ် ၁၅မိနစ်ခန့်ကပ်ပေးပါ။ရေခဲသေတ္တာထဲထည့်ထားတဲ့ ဇွန်းနဲ့ မျက်လုံးတစ်ဝှိက်ကပ် ပြီး ခဏတာသက်သာအောင်လုပ်မယ် ဆိုရင်တော့ မျက်ကွင်းညိုခြင်း သက် သာနိုင်ပါတယ်။

ဆေးနဲ့ကုသချင်တယ်ဆိုရင်တော့Chemical Peeling( ဓာတုပစ္စည်းနဲ့ အရေပြား သန့်စင်ပေးခြင်း) လေဆာနဲ့ မျက်ကွင်း ညိုသက်သာ အောင်ကုသခြင်းလုပ်နိုင်ပါတယ်။မျက်နှာတစ်ခုလုံးကတော့ဖြူပါရဲ့။ မျက်ကွင်းလေးတွေပဲညိုနေတယ် ဆိုတာ ဘာတွေ ကြောင့်များဖြစ်နိုင် ပါလဲ ဆိုတာ ဒေါက်တာဇီဝကနဲ့အတူအဖြေရှာစို့လား?၁) အသက်အရွယ်အရ မျက်ကွင်းညိုတာလား?အသက်ကြီးလာတဲ့အခါ မျက်လုံး အောက်က အရေပြားတင်းရင်း မှု၊ အဆီဓာတ်မရှိတော့ ပါဘူး။ ဒါကြောင့် သွေးကြောလေးတွေပေါ်လာပြီး မျက်ကွင်းညိုလာတတ် ပါတယ် ။၂) အိပ်ရေးမဝလို့ မျက်ကွင်းညိုတာလား?ပုံမှန် အိပ် ချိန်လောက်မအိပ်ရဘဲ အိပ်ရေးပျက်တဲ့အခါ မျက်ကွင်းညိုလာတတ်ပါတယ်။

အိပ်ရေးမဝတဲ့အခါ မျက်လုံးအောက်မှာ ဖောင်းလာပြီး မျက် လုံးအစ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။၃) ဖုန်း ၊ တီဗီအကြည့်များလို့ မျက် ကွင်းညိုတာလား?အလင်းရောင်စူးတဲ့ တီဗီ၊ ဖုန်းတို့ ကြည့်တာများလာရင် မျက်လုံးနားက သွေးကြော တွေ ဖောင်းတာ ရောင်ရမ်းတာဖြစ် စေလို့ မျက်ကွင်းညိုတတ်ပါတယ်။၄) ရေဓာတ်ခမ်းခြေက်လို့ မျက်ကွင်းညိုတာလား? ရေလုံလောက်စွာ မသောက်တာဟာလည်း မျက် ကွင်းညိုခြင်းအကြောင်းရင်း တစ်ခုပါပဲ။ တစ်နေ့ကို ရေ တလီတာ အနည်းဆုံးသောက်ဖို့မမေ့ကြပါနဲ့နော်။၅) နေရောင်ထိတွေ့မှုများလို့ မျက်ကွင်းညိုတာလား?

နေရောင် ထိတွေ့တဲ့အခါ မျက်နှာ အပါအဝင် ပါးလွှာတဲ့ မျက်လုံးတစ်ဝှိက်အရေပြားလေးတွေက နေလောင်ပြီး Melanin ဆိုတဲ့ အမဲရောင် ခြယ်ပစ္စည်းထုတ်တဲ့အခါ မျက်ကွင်းညို လာပါတယ်။၆) မျိုးရိုးလိုက်လို့မျက်ကွင်းညိုတာလား?မိသားစု မျိုးရိုးအရ မျက်ကွင်းညိုမယ်ဆိုရင် မိမိမှာလည်း မျက်ကွင်းညိုနိုင်ပါတယ်။ ဘယ်လိုကြောင့် ညိုညိုမျက်ကွင်းညိုခဲ့မယ်ဆိုရင်စိတ်ရှည်လက်ရှည် သဘာဝနည်းလမ်းလေးတွေ နဲ့ စနစ်တကျလျော့ ပါးအောင်လုပ်လို့ရပါတယ်။

Crd , မယ်တင်( ဆေး ၁)