အိမ်ထဲကအိမ်ပြင်မထွက် ဘဲ ထူးထူးဆန်းဆန်း ကူးစက်ခံ လိုက်ရတဲ့ ထူးဆန်းသော ဖြစ်ရပ်




UNICODE

ဖြစ်ရင်ကြောက်အောင် ပြောတာတော့မဟုတ်ဘူး လူနာတွေ အရမ်းများနေလို့ လာပြီးအဖျားစစ်တဲ့ ဆရာဝန်တောင် မရှိသေးပါဘူး ၅ ရက် လောက် ကြိုစောရောက်နေတဲ့သူတွေတောင် ခုထိ ဘာမှ မလုပ်ပေးနိုင်သေးကြပါဘူး ။ကျန်းမာရေးဝန်ထမ်းတွေရဲ့ အပြစ်မဟုတ်ဘူး။ အခု လူနာတွေက အရမ်းကိုများနေတာ နေကောင်းအောင်ပဲ ဂရုစိုက်ကြပါ။ မဖြစ်ခင်တည်းက ကာကွယ်ကြပါ။ Q လာဝင်မယ်ဆိုရင် အရင်ဆုံး စောင် ခြင်ထောင် သောက်စရာရေ ခွက် အကုန်အစုံယူခဲ့ပါ ဘာမှမလောက်တော့ပါဘူး။

ဒီမနက်နိုးတော့ အနံ့စပျောက်ပါတယ် လည်ချောင်းလည်းနာလာတယ် အဖျားနည်းနည်းရှိလာတယ် တစ်ခုစဉ်းစားစရာက စဖြစ်တဲ့အမ ရော ကိုယ်တွေရော ဘယ်မှမထွက်ပါဘူး positive လူနာနဲ့လည်း ထိတွေ့ထားခြင်းမရှိပါဘူး ရုံးကနေ work from home ကလည်းတစ် လလောက်ရှိပါပြီ။ စဖြစ်တဲ့အမက သူခေါင်းလျှော်တယ် ခေါင်းလျှော်ပြီး ပန်ကာဖွင့်အိပ်လိုက်မိတယ် အဲ့မှာနှာစေးပြီး အနံ့မရတော့ဘူး ရိုးရိုးပဲထင်တာ နောက်တော့ ချောင်းဆိုးလာတယ် ကိုယ်ပါပူလာတယ်။ မျက်လုံးတွေနီလာတယ် မျက်နှာနည်းနည်းဖောလာတယ်။

ပြောချင်တာက သူ အဲ့လိုမဖစ်ခင် ဘာ positive လူနာ ဘယ်နေရာမှမသွားခဲ့ဘူး အိမ်မှာနေတာ သန့်သန့်လေးနေတာပါ အခုပိုးက positive လူနာနဲ့ထိမိမှ ကူးတာလို့မထင်ဘူး ကိုယ်ခံအားကျတာနဲ့ အဲ့ပိုးက ဝင်လာပြီပဲ ဘယ်မှသွားလို့မဟုတ်ဘူး အဲ့တွက် ကိုယ်ခံအား ကောင်းအောင်နေပါ။ အိမ်ထဲပဲနေလည်း ကိုယ်ခံအားကျသွားရင် အဲ့ရောဂါက အလွယ်တကူ ဝင်လာနိုင်ပါတယ်။ ပိုးကအစတည်းကရှိနေပြီး ကိုယ်ခံအားကျမှပေါ်လာတဲ့ပုံစံလားတော့ မသိဘူး (ကိုယ်တွေဖြစ်တဲ့ ပုံစံနဲ့ နှိုင်းပြတာပါ အမှားပါရင် တောင်းပန်ပါတယ်)။

Add a Comment

Your email address will not be published. Required fields are marked *