အိႏၵိယစစ္ဦးစီးခ်ဳပ္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္သို႔ ကိုဗစ္-၁၉ကုသေဆးRemdesivir(၃၀၀၀) ေပးအပ္လႉဒါန္း

အိႏၵိယစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး အမ္အမ္ နာရာဗာနီသည္ အိႏၵိယတပ္မေတာ္၏စစ္ဦးခ်ဳပ္အျဖစ္ ၂၀၁၉ ဒီဇင္ဘာ ၃၁ ရက္ေန ့က တာဝန္ ယူလိုက္ၿပီးေနာက္ စစ္ဦးစီးခ်ဳပ္အျဖစ္ ျပည္ပႏိုင္ငံတစ္ခုသို ့ ပထမဆုံးအႀကိမ္သြားေရာက္ျခင္းအျဖစ္ ျမန္မာႏိုင္ငံသို ့ ေရာက္ရွိခဲ့ျခင္းျဖစ္ သည္ဟုလည္း အိႏၵိယမီဒီယာမ်ားက ေဖာ္ျပသည္။ယခု အိႏၵိယ၏အဆင္ျမင့္ကိုယ္စားလွယ္အဖြဲ႕ ေရာက္ရွိလာျခင္းမွာ ျမန္မာႏိုင္ငံသို ့ ၂၀၂ဝေ႐ြးေကာက္ပြဲ မတိုင္မီ ေနာက္ဆုံးေရာက္ရွိလာမည့္ႏိုင္ငံျခားသံတမန္ ဧည့္သည္ေတာ္မ်ားလည္းျဖစ္သည္ဟု သိရသည္။ အိႏၵိယႏွင့္ ျမန္မာတို ့၏ဆက္ဆံေရး ပိုမိုနက္ရႈိင္းလာေနျခင္းႏွင့္အတူ အိႏၵိယမွေပးပို ့မည့္မိုးေလဝသတိုင္း တာေရးတြင္ အသုံးျပဳမည့္ ေလ ယာဥ္မ်ား အတြက္ အဖြဲ႕တစ္ဖြဲ႕လည္း ယခုေအာက္တိုဘာလအတြင္း၌ ေရာက္ရွိလာမည္ဟု သိရသည္။

၂ ရက္ၾကာ ခ်စ္ၾကည္ေရးခရီးစဥ္ အျဖစ္ ျမန္မာႏိုင္ငံသို ့ေရာက္ရွိေနၾကသည့္ အိႏၵိယတပ္မေတာ္ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး အမ္အမ္ နာ ရာဗာနီႏွင့္ အိႏၵိယႏိုင္ငုံျခားေရးဝန္ ႀကီးဌာနမွ အတြင္းဝန္ဟတ္ရွ္ရွရင္လားတိုYက ျမန္မာႏိုင္ငံ၏ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္ထံသို ့ Covid-19 ကုသရာတြင္ အသုံးျပဳသည့္ Remdesivir ေဆးဝါး ၃၀၀၀ ကို ယေနတြင္ ေပးအပ္လႉဒါန္း ကူညီခဲ့ ေၾကာင္ ေဖာ္ျပသည္။အိႏၵိယစစ္ဦးစီးခ်ဳပ္၊ ႏိုင္ငံျခားေရးအတြင္းဝန္တို ့သည္ ယမန္ေန ့(တနဂၤေႏြေန ့)က ျမန္မာႏိုင္ငံသို ့ေရာက္ရွိခဲ့ၾက ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ ငံဆိုင္ရာ အိႏၵိယသံ အမတ္ႀကီး Saurabh Kumar ႏွင့္အတူ ယေန ့ေနျပည္ ေတာ္၌ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ ့ဆုံခဲ့ျခင္းျဖစ္ သည္ဟု အိႏၵိယသံ႐ုံး၏ ထုတ္ျပန္မႈကို ကိုးကား၍ အိႏၵိယမီဒီယာမ်ားက ေဖာ္ျပသည္။

ထိုကဲ့သို ့ေတြ ့ဆုံေဆြးေႏြးရာတြင္ အိႏၵိယႏွင့္ျမန္မာ ၂ ႏိုင္ငံ အၾကားအလြန္အေရးပါသည့္ ၂ ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ ကိစၥမ်ား ေဆြးေႏြးခဲ့ၾကသည္ ဟုလည္း သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။Remdesivir ၃၀၀၀ ကို ေပးအပ္ရျခင္းႏွင့္ ပတ္သက္ၿပီးလည္း မိတ္ ေဆြသူငယ္ခ်င္း အိမ္နီးခ်င္း ျမန္မာႏိုင္ငံအတြက္ Covid-19 ကို တိုက္ဖ်က္ႏိုင္ရန္ အိႏၵိယက ကူညီေပးျခင္းျဖစ္သည္” ဟု စစ္ဦးစီးခ်ဳပ္က ေျပာၾကားခဲ့သည္ဟုလည္း ဆိုသည္။အေၾကာအတြင္းသို ့ထိုးရသည့္ ဗိုင္းရပ္စ္ကုသေရး ေဆးဝါး Remdesivir မွာ Covid-19 ကိုကုသရာ တြင္ အလြန္အသုံးတည့္ေနၿပီး ၿပီးခဲ့ သည့္ သီတင္းပတ္အတြင္းက Covid-19 ကူးစက္ခံခဲ့ရသည့္ အေမရိကန္သမၼတ ေဒၚနယ္ထရန္ ့ကို လည္း Remdesivir ျဖင့္ ကုသေနျခင္း ျဖစ္သည္ဟု အိႏၵိယသတင္းမ်ားက ေဖာ္ျပထားသည္။

CRD: THE LADIES NEWS

UNICODE

အိန္ဒိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ် နာရာဗာနီသည် အိန္ဒိယတပ်မတော်၏စစ်ဦးချုပ်အဖြစ် ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ ့က တာဝန် ယူလိုက်ပြီးနောက် စစ်ဦးစီးချုပ်အဖြစ် ပြည်ပနိုင်ငံတစ်ခုသို ့ ပထမဆုံးအကြိမ်သွားရောက်ခြင်းအဖြစ် မြန်မာနိုင်ငံသို ့ ရောက်ရှိခဲ့ခြင်းဖြစ် သည်ဟုလည်း အိန္ဒိယမီဒီယာများက ဖော်ပြသည်။ယခု အိန္ဒိယ၏အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာခြင်းမှာ မြန်မာနိုင်ငံသို ့ ၂၀၂ဝရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးရောက်ရှိလာမည့်နိုင်ငံခြားသံတမန် ဧည့်သည်တော်များလည်းဖြစ်သည်ဟု သိရသည်။ အိန္ဒိယနှင့် မြန်မာတို ့၏ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာနေခြင်းနှင့်အတူ အိန္ဒိယမှပေးပို ့မည့်မိုးလေဝသတိုင်း တာရေးတွင် အသုံးပြုမည့် လေ ယာဉ်များ အတွက် အဖွဲ့တစ်ဖွဲ့လည်း ယခုအောက်တိုဘာလအတွင်း၌ ရောက်ရှိလာမည်ဟု သိရသည်။

၂ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို ့ရောက်ရှိနေကြသည့် အိန္ဒိယတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ် နာ ရာဗာနီနှင့် အိန္ဒိယနိုင်ငုံခြားရေးဝန် ကြီးဌာနမှ အတွင်းဝန်ဟတ်ရှ်ရှရင်လားတိုYက မြန်မာနိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ထံသို ့ Covid-19 ကုသရာတွင် အသုံးပြုသည့် Remdesivir ဆေးဝါး ၃၀၀၀ ကို ယနေတွင် ပေးအပ်လှူဒါန်း ကူညီခဲ့ ကြောင် ဖော်ပြသည်။အိန္ဒိယစစ်ဦးစီးချုပ်၊ နိုင်ငံခြားရေးအတွင်းဝန်တို ့သည် ယမန်နေ ့(တနင်္ဂနွေနေ ့)က မြန်မာနိုင်ငံသို ့ရောက်ရှိခဲ့ကြ ခြင်းဖြစ်ပြီး မြန်မာနိုင် ငံဆိုင်ရာ အိန္ဒိယသံ အမတ်ကြီး Saurabh Kumar နှင့်အတူ ယနေ ့နေပြည် တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ ့ဆုံခဲ့ခြင်းဖြစ် သည်ဟု အိန္ဒိယသံရုံး၏ ထုတ်ပြန်မှုကို ကိုးကား၍ အိန္ဒိယမီဒီယာများက ဖော်ပြသည်။

ထိုကဲ့သို ့တွေ ့ဆုံဆွေးနွေးရာတွင် အိန္ဒိယနှင့်မြန်မာ ၂ နိုင်ငံ အကြားအလွန်အရေးပါသည့် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ကြသည် ဟုလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။Remdesivir ၃၀၀၀ ကို ပေးအပ်ရခြင်းနှင့် ပတ်သက်ပြီးလည်း မိတ် ဆွေသူငယ်ချင်း အိမ်နီးချင်း မြန်မာနိုင်ငံအတွက် Covid-19 ကို တိုက်ဖျက်နိုင်ရန် အိန္ဒိယက ကူညီပေးခြင်းဖြစ်သည်” ဟု စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။အကြောအတွင်းသို ့ထိုးရသည့် ဗိုင်းရပ်စ်ကုသရေး ဆေးဝါး Remdesivir မှာ Covid-19 ကိုကုသရာ တွင် အလွန်အသုံးတည့်နေပြီး ပြီးခဲ့ သည့် သီတင်းပတ်အတွင်းက Covid-19 ကူးစက်ခံခဲ့ရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန် ့ကို လည်း Remdesivir ဖြင့် ကုသနေခြင်း ဖြစ်သည်ဟု အိန္ဒိယသတင်းများက ဖော်ပြထားသည်။

CRD:  THE  LADIES  NEWS

Add a Comment

Your email address will not be published. Required fields are marked *