မင်းသမီးချောလေး ခင်ဝင့်ဝါ နဲ့ ချစ်သူတွေ ဖြစ်နေပြီလားလို့ မေးခွန်း အထုတ်ခံနေရတဲ့ အဆိုတော် ဟန်နေတာ




UNICODE

ခင်ဝင့်ဝါ နဲ့ ဟန်နေတာက အသံထွက်နေတာကြာပြီသက်သေပြစရာ မရှိသေးလို့ကိုဗစ်ကြောင့် အနုပညာရှင်တွေအပြင်ကို မထွက်ရတော့ သဲလွန်စ တွေရှာရခက်တယ်ခင်ဝင့်ဝါ Fri only နဲ့ တင်တဲ့Post တိုင်းမှာ တော့ဟန်နေတာ အသည်းတွေဝင်ဝင်ပေးထားတယ် တိကျသေ ချာတဲ့ သက်သေတော့ မရသေးဘူး ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ တင်ထားတာပါ။ဒီသတင်းတွေကိုတော့ နှစ်ဘက်စလုံးကတော့ ဖြေရှင်းလာ ချင်းမရှိသေးပါဘူးနော်။ပရိတ်ကြီးကရော ဒီနှစ်ယောက်ကိုတွဲစေချင်သလားမှတ်ချက်ပေးခဲ့ပါဦးနော်။

သိပ်မကြာခင်နှစ်တွေတုန်းက အဆိုတော်ဟန်နေတာနဲ့ မင်းသမီးချောလေးခင်ဝင့်ဝါတို့ ချစ်သူတွေဖြစ်နေကြပြီ ဆိုတဲ့ကောလဟာလတွေ လည်းထွက်ခဲ့ပါသေးတယ်။ပရိတ်သတ်ကြီးရေ Eternal Gosh band က ဟန်နေတာ ကတော့သီချင်း ဆိုတာ ထူးချွန်တဲ့အပြင် ချောမော လှပပြီး ယောက်ျားပီသတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော်ဆိုရင်လည်း မမှားပါဘူးနော်။ထွက်သမျှ သီချင်း တွေကလည်း ပရိတ်သတ် ရင်ထဲကို ရောက်အောင်ဖန်တီးနိုင်တဲ့အထိ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ပါ။

ပရိတ်သတ်တွေရဲ့ ခေး လို့ချစ်စနိုးခေါ်ခံရတဲ့ မင်း သမီးချောလေး ခင်ဝင့်ဝါကတော့ ယောက်ျားလေး ပရိတ်သတ်တွေရဲ့ အဓိက အားပေး ခြင်းကိုခံရတဲ့အပြင် ချစ်စရာကောင်းတဲ့ ရုပ်ရည် ကြောင့်လည်း မိန်းကလေးပရိတ်သတ်တွေကပါ အားပေးခြင်းကိုခံရတာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ မဟုတ်ဘူးဖြေရှင်းခဲ့ကြ ပေမယ့်ဒီကနေ့မှာတော့ တကယ်ပဲချစ်သူတွေဖြစ်နေပြီလား ဆိုတဲ့ သဲလွန်စတွေထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါသဲလွန်စတွေကို တော့ ဟန်ငြိမ်းဦးကခုလို မျိုးပြောပြခဲ့တာ ဖြစ်ပါ တယ်။