ရန္ကုန္ၿမိဳ႕ႀကီးအတြက္ ေဒါက္တာ ေဇာ္ေဝစိုး ရဲ႕ ကိုဗစ္ ထိန္းခ်ဳပ္ေရး နည္းဗ်ဴဟာမ်ားႏွင့္ ၿပီးဆုံးသြား တဲ့ တပတ္တာကာလ

ရန္ကုန္တိုင္းအတြက္ ကိုဗစ္တိုက္ပြဲ ကာလ က ဟုမ္းစေတး ကာလ ၂ ပါတ္ ။ တိုက္မယ့္ နည္း က containment နည္း၊ ပိုးေတြ႕ ၊ အနံ႔ ေပ်ာက္ ၊ ထိေတြ႕ ဆိုၿပီး ခြဲလို႔ ထိန္းခ်ဳပ္ ႏိုင္ဖို႔ ႀကိဳးစားတဲ့ နည္း။ သူ ေခါင္းခံ လိုက္တာပဲ ၊ ဒီအတြက္ ေျမျပင္ ဆင္းတယ္ ၊ စင္တာ ေတြ ပါတ္တယ္ ၊ သူ႔ လူေတြ လြတ္ အေျခအေန ကို ေစာင့္ၾကည့္ ခိုင္း တယ္ ။ ရန္ကုန္ သားေတြ စိတ္မပူ ၾကဖို႔ ေန႔စဥ္ ေတြ႕ဆုံခန္း ေတြ လုပ္ ၊ အခ်က္အလက္ ေတြ ခ် ျပတယ္ ။ အစပိုင္း တရက္ ႏွစ္ရက္ ကေတာ့ ကေသာင္းကနင္း ပဲ ၊ အခ်င္းခ်င္းေတာင္ အဆဲ ခံရတာေတြ ရွိတယ္ ။ အခု အေျခအေန ထိန္းႏိုင္မယ့္ ဘက္ ေရာက္လာၿပီ ။ ထိနိးႏိုင္ၿပီ လ္ု႔ ေျပာတာ မဟုတ္ဘူးေနာ္ ၊ ကမာၻ မွာေတာင္ ဖ႐ို ဖရဲ စခန္း သြားေနရ တာ ။(၅.၁၀.၂၀၂၀) ရက္ေန႔မွာ ပိုးေတြ႕ လူနာ ၁၀၂၈ ေဆး႐ုံ ဆင္း ၅၁၆ မေန႔က ရန္ကုန္မွာ ပိုးေတြ႕ လူနာ ၆၇၄ ေယာက္ ။

စစ္ေဆးမႈေတြ မ်ားလို႔ လူနာအေရအတြက္ က တက္လိုက္ က် လိုက္ ျဖစ္ေနတယ္။ ယခင္ထက္ စာရင္ ပို စနစ္က်လာတယ္။ လိုအပ္ခ်က္ ေတြ ရွိမယ္ ။ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစား ေနပါ တယ္ ။ ေထာက္ျပ ေဝဖန္တာ ကို ႀကိဳဆိုပါတယ္။ သီးခံ ခြင့္လြတ္ၿပီး ပူးေပါင္း ေဆာင္႐ြက္ ၾကပါ ။ ဒါက ေဒါက္တာေဇာ္ေဝစိုး ေျပာသြား တာပါ ။ကိုဗစ္ဆိုတာကလည္း လူတိုင္း နဲ႔ ဆိုင္ တယ္ ။ လူတိုင္း ေျပာပိုင္ခြင့္ ရွိတယ္ ။ ဆရာဝန္ ေတြ ၊ က်န္းမာေရး ဝန္ထမ္း ေတြ ကလည္း ေျပာတယ္ ။ ပရဟိတ သမားေတြ ကလည္း ေျပာတယ္။ ပိုးေတြ႕ လူနာက လည္း ေဖ့စ္ဘုတ္ စာ ႐ိုက္တင္တယ္ ။ အိမ္ထဲမွာ ေနၿပီး ကိုဗစ္ ကာကြယ္ေရး တႏိုင္ တပိုင္ လုပ္ေနၾကရသူေတြ ကလည္း ကိုယ့္ခံစား ခ်က္ ေဝါေပၚ တက္ေရးတယ္။ တဝမ္းတခါး အတြက္ လမ္းထြက္ရသူ ေတြ ကလည္း ေျပာခ်င္ရွာမွာပဲ ။

ျမန္မာႏိုင္ငံ ျပင္ပမွာ ေနသူမ်ားကလည္း သူတို႔ ေနတဲ့ ႏိုင္ငံ အေျခအေန နဲ႔ ယွဥ္ၿပီး စိတ္ပူေပးၾကတယ္ ။ကိုယ့္ အေတြ႕အႀကဳံ ကို ကိုယ္ျမင္ တဲ့ ဖက္က ကိုယ့္ခံစား ခ်က္နဲ႔ ကိုယ္ ေရး ၾက ေျပာၾကေတာ့ အားလုံး ဟာ အမွန္ ေတြ ပါပဲ ။ အေကာင္းဖက္ ကို ေရွ႕ရႈ ေရးၾကေစ ခ်င္ပါ တယ္ ။ ဒါကို ထိန္းညႇိ ေပးဖို႔ အစိုးရ မွာ တာဝန္ ရွိတယ္ ။ ဒီအတြက္ လုပ္ငန္းနဲ႔ လည္း သက္ဆိုင္ ေျပာရဲ ဆိုရဲ လုပ္ရဲ ကိုင္ရဲ တဲ့ ၾသဇာ ရွိတဲ့ သူ လိုလာတယ္ ။ အဲ့ဒီမွာတင္ ရန္ကုန္ အတြက္ ေဒါက္စိုး ေပၚလာတာပါပဲ ။ ကိုဗစ္ ကို စစ္ေၾကျငာတယ္ ။ ေနာက္ဆုံး တိုက္ပြဲ လို႔ တပ္လွန္႔ လိုက္ တယ္ ။ ဒါမွလည္း လူေတြ သတိရွိလာ မယ္ ။ ၂ ပါတ္ၿပီးလို႔ အရႈံး အႏိုင္ ထြက္မွာ မဟုတ္ပါဘူး ။ ေရရွည္ ေဆာင္႐ြက္ ရမယ့္ ပြဲပါ ။သူ နဲ႔ အတူ ရန္ကုန္ ဝန္ႀကီးခ်ဳပ္ ကြီးၿဖိဳး ရွိတယ္ ၊ ပရဟိတ သူရဲေကာင္း ဦး ေဇာ္ေဇာ္ ရွိတယ္ ။ kbz တို႔ ၊ ဦးစိုင္းမ်ိဳး ဝင္းတို႔ ရွိတယ္ ။

စီးပြားေရး လုပ္ငန္း ရွင္ တခ်ိဳ႕ လည္း ရွိေနတယ္ ။ လိုအပ္ခ်က္ မွန္သမွ် ကို ေနာက္က ေငြ ထုပ္ ပိုက္ ျဖည့္စည္းေပးေနၾက တာ ျမင္ေနရ ပါတယ္ ။ ေဒါက္စိုး ကေတာ့ အဖြဲ႕ အစည္း မူဝါဒ အတိုင္း ေဆာင္႐ြက္ ေနတဲ့ ျပည္သူ႔ ဝန္ထမ္း တဦး ပါလို႔ ေျပာဆို သြားပါ တယ္ ။ မူဝါဒ ေတြ ဟာ ေျမျပင္ အေျခအေန ကိုၾကည့္ၿပီး ေျပာင္းလြယ္ ျပင္လြယ္ လိုက္ေလ်ာ ညီေထြ ျဖစ္လာတာေတြ႕ ရပါတယ္ ။ တပါတ္ေတာ့ ၿပီး သြားၿပီ ။ ေနာက္တပါတ္ ကို ေစာင့္ၾကည္ ၾကတာ ေပါ့ ။ ရန္ကုန္သားေတြ အထိုက္အေလ်ာက္ စည္းကမ္း ရွိလာတာ ႀကိဳဆိုလိုက္ပါ တယ္ ။ ဖိုက္တင္း ရန္ကုန္ ၊ ဖိုက္တင္း ေဒါက္တာစိုး..

Zarni Zeya

UNICODE

ရန်ကုန်တိုင်းအတွက် ကိုဗစ်တိုက်ပွဲ ကာလ က ဟုမ်းစတေး ကာလ ၂ ပါတ် ။ တိုက်မယ့် နည်း က containment နည်း၊ ပိုးတွေ့ ၊ အနံ့ ပျောက် ၊ ထိတွေ့ ဆိုပြီး ခွဲလို့ ထိန်းချုပ် နိုင်ဖို့ ကြိုးစားတဲ့ နည်း။ သူ ခေါင်းခံ လိုက်တာပဲ ၊ ဒီအတွက် မြေပြင် ဆင်းတယ် ၊ စင်တာ တွေ ပါတ်တယ် ၊ သူ့ လူတွေ လွတ် အခြေအနေ ကို စောင့်ကြည့် ခိုင်း တယ် ။ ရန်ကုန် သားတွေ စိတ်မပူ ကြဖို့ နေ့စဥ် တွေ့ဆုံခန်း တွေ လုပ် ၊ အချက်အလက် တွေ ချ ပြတယ် ။ အစပိုင်း တရက် နှစ်ရက် ကတော့ ကသောင်းကနင်း ပဲ ၊ အချင်းချင်းတောင် အဆဲ ခံရတာတွေ ရှိတယ် ။ အခု အခြေအနေ ထိန်းနိုင်မယ့် ဘက် ရောက်လာပြီ ။ ထိနိးနိုင်ပြီ လ်ု့ ပြောတာ မဟုတ်ဘူးနော် ၊ ကမ္ဘာ မှာတောင် ဖရို ဖရဲ စခန်း သွားနေရ တာ ။(၅.၁၀.၂၀၂၀) ရက်နေ့မှာ ပိုးတွေ့ လူနာ ၁၀၂၈ ဆေးရုံ ဆင်း ၅၁၆ မနေ့က ရန်ကုန်မှာ ပိုးတွေ့ လူနာ ၆၇၄ ယောက် ။

စစ်ဆေးမှုတွေ များလို့ လူနာအရေအတွက် က တက်လိုက် ကျ လိုက် ဖြစ်နေတယ်။ ယခင်ထက် စာရင် ပို စနစ်ကျလာတယ်။ လိုအပ်ချက် တွေ ရှိမယ် ။ အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေပါ တယ် ။ ထောက်ပြ ဝေဖန်တာ ကို ကြိုဆိုပါတယ်။ သီးခံ ခွင့်လွတ်ပြီး ပူးပေါင်း ဆောင်ရွက် ကြပါ ။ ဒါက ဒေါက်တာဇော်ဝေစိုး ပြောသွား တာပါ ။ကိုဗစ်ဆိုတာကလည်း လူတိုင်း နဲ့ ဆိုင် တယ် ။ လူတိုင်း ပြောပိုင်ခွင့် ရှိတယ် ။ ဆရာဝန် တွေ ၊ ကျန်းမာရေး ဝန်ထမ်း တွေ ကလည်း ပြောတယ် ။ ပရဟိတ သမားတွေ ကလည်း ပြောတယ်။ ပိုးတွေ့ လူနာက လည်း ဖေ့စ်ဘုတ် စာ ရိုက်တင်တယ် ။ အိမ်ထဲမှာ နေပြီး ကိုဗစ် ကာကွယ်ရေး တနိုင် တပိုင် လုပ်နေကြရသူတွေ ကလည်း ကိုယ့်ခံစား ချက် ဝေါပေါ် တက်ရေးတယ်။ တဝမ်းတခါး အတွက် လမ်းထွက်ရသူ တွေ ကလည်း ပြောချင်ရှာမှာပဲ ။

မြန်မာနိုင်ငံ ပြင်ပမှာ နေသူများကလည်း သူတို့ နေတဲ့ နိုင်ငံ အခြေအနေ နဲ့ ယှဥ်ပြီး စိတ်ပူပေးကြတယ် ။ကိုယ့် အတွေ့အကြုံ ကို ကိုယ်မြင် တဲ့ ဖက်က ကိုယ့်ခံစား ချက်နဲ့ ကိုယ် ရေး ကြ ပြောကြတော့ အားလုံး ဟာ အမှန် တွေ ပါပဲ ။ အကောင်းဖက် ကို ရှေ့ရှု ရေးကြစေ ချင်ပါ တယ် ။ ဒါကို ထိန်းညှိ ပေးဖို့ အစိုးရ မှာ တာဝန် ရှိတယ် ။ ဒီအတွက် လုပ်ငန်းနဲ့ လည်း သက်ဆိုင် ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲ တဲ့ သြဇာ ရှိတဲ့ သူ လိုလာတယ် ။ အဲ့ဒီမှာတင် ရန်ကုန် အတွက် ဒေါက်စိုး ပေါ်လာတာပါပဲ ။ ကိုဗစ် ကို စစ်ကြေငြာတယ် ။ နောက်ဆုံး တိုက်ပွဲ လို့ တပ်လှန့် လိုက် တယ် ။ ဒါမှလည်း လူတွေ သတိရှိလာ မယ် ။ ၂ ပါတ်ပြီးလို့ အရှုံး အနိုင် ထွက်မှာ မဟုတ်ပါဘူး ။ ရေရှည် ဆောင်ရွက် ရမယ့် ပွဲပါ ။သူ နဲ့ အတူ ရန်ကုန် ဝန်ကြီးချုပ် ကွီးဖြိုး ရှိတယ် ၊ ပရဟိတ သူရဲကောင်း ဦး ဇော်ဇော် ရှိတယ် ။ kbz တို့ ၊ ဦးစိုင်းမျိုး ဝင်းတို့ ရှိတယ် ။

စီးပွားရေး လုပ်ငန်း ရှင် တချို့ လည်း ရှိနေတယ် ။ လိုအပ်ချက် မှန်သမျှ ကို နောက်က ငွေ ထုပ် ပိုက် ဖြည့်စည်းပေးနေကြ တာ မြင်နေရ ပါတယ် ။ ဒေါက်စိုး ကတော့ အဖွဲ့ အစည်း မူဝါဒ အတိုင်း ဆောင်ရွက် နေတဲ့ ပြည်သူ့ ဝန်ထမ်း တဦး ပါလို့ ပြောဆို သွားပါ တယ် ။ မူဝါဒ တွေ ဟာ မြေပြင် အခြေအနေ ကိုကြည့်ပြီး ပြောင်းလွယ် ပြင်လွယ် လိုက်လျော ညီထွေ ဖြစ်လာတာတွေ့ ရပါတယ် ။ တပါတ်တော့ ပြီး သွားပြီ ။ နောက်တပါတ် ကို စောင့်ကြည် ကြတာ ပေါ့ ။ ရန်ကုန်သားတွေ အထိုက်အလျောက် စည်းကမ်း ရှိလာတာ ကြိုဆိုလိုက်ပါ တယ် ။ ဖိုက်တင်း ရန်ကုန် ၊ ဖိုက်တင်း ဒေါက်တာစိုး..

Zarni Zeya