သတိထားသင့္တဲ့ Q စင္တာ မွာ ေမြးေန႔ကိတ္ ကို ခြံ႕ေကြၽးရင္း ကိုဗစ္ ကူးစက္ ခဲ့ တဲ့ သာဓက ျဖစ္ရပ္

တေလာကတင္ ကေလးမတစ္ေယာက္သူ႔ကိုယ္သူ ကိုဗစ္ျဖစ္ေနတာမသိပဲ သူငယ္ခ်င္းေတြ ေမြးေန႔ကိတ္မုန႔္ကို အျပန္အလွန္ခြံ႕ေကြၽးခဲ့ၾက ပါေသးတယ္။ အမွန္တရားကခါးပါတယ္။ မေျပာလို႔မရလို႔ေျပာရတာပါ။ ဆင္ျခင္ၾကပါ။ကိုဗစ္ ကူးစက္ျပန႔္ပြားတဲ့ ေနရာမျဖစ္သြားေစဖို႔ ေဆး႐ုံ၊ ေဆးခန္း၊ Q စင္တာေတြဟာ social distancing ကို စံျပလိုက္နာၾကရမယ့္ေနရာေတြျဖစ္ပါတယ္။ ေမြးေန႔ကိတ္ကို လိုက္လံခြံ႕ ေကြၽးတဲ့အက်င့္ကိုေဖ်ာက္ၾကပါ။ ေရာဂါပိုးကို လိုက္လံခြံ႕ေကြၽးေနႏိုင္တယ္ဆိုတာကို သတိျပဳၾကပါ။

မေျပာမျဖစ္ လို႔ ေျပာရပါမယ္။ ေမြးေန႔ကိတ္ကို ခြံ႕ေကြၽးတဲ့ကိစၥပါ။ေစတနာ နဲ႔ေမြးေန႔ကိတ္ေပးပို႔တဲ့အဖြဲ႕အစည္းက Q စင္တာကိုပို႔ေပးၿပီး အားေပးတာကိုေလးစားပါတယ္။ ဒါ့ေၾကာင့္လည္း အဲ့ဒီပုံကိုတမင္မတင္ပဲထားခဲ့ၿပီး အျခားကိတ္တစ္ခုပုံကိုတင္ပါတယ္။ဒါေပမယ့္ social distancing ကို လိုက္နာဖို႔အားလုံးကို ပန္ၾကားလိုပါတယ္။ အထူးသျဖင့္ Q center က အခ်င္းခ်င္းေမြးေန႔ကိတ္ ခြံ႕ေကြၽးေနတာျမင္ရတဲ့ အခါမွာ ဘယ္လိုမွမေျပာပဲေနလို႔မရေတာ့ပါ။

က်န္းမာေရးဝန္ထမ္းေတြပါပါေနေတာ့ ပိုၿပီးစိုးရိမ္မိပါတယ္။ ေမြးေန႔ကိတ္ကိုဇြန္းတစ္ေခ်ာင္းတည္းနဲ႔ လိုက္ခြံတာကို ဘယ္ေတာ့မွမလုပ္ ၾကပါနဲ႔။ ကိုဗစ္ သာမက အျခားတစ္သက္လုံးထိခိုက္သြားမယ့္ ေရာဂါေတြပါကူးႏိုင္ပါတယ္။အခုအခ်ိန္မွာ ဇြန္းတစ္ေခ်ာင္းတည္းမဟုတ္ လည္း Q စင္တာလိုေနရာမွာ စင္တာတစ္ခုလုံးကို ပိုးျပန႔္ႏွံ႔ထိခိုက္ႏိုင္တဲ့အတြက္ social distancing ကို မလိုက္နာပဲ အခုလိုခြံ႕ေကြၽးတာ ကို လုံးဝမလုပ္ၾကဖို႔ပန္ၾကားပါရေစ။ေမြးေန႔ကိတ္မုန႔္ကို ဇြန္းတစ္ေခ်ာင္းတည္းနဲ႔ သူငယ္ခ်င္းေတြကို လိုက္လံခြံ႕ေကြၽးခဲ့လို႔ ေရာဂါကူးစက္ခဲ့ တဲ့ကိစၥ ျမန္မာျပည္မွာတကယ္ျဖစ္ခဲ့တာေတြရွိပါတယ္။

Richard Myo Thant

UNICODE

တလောကတင် ကလေးမတစ်ယောက်သူ့ကိုယ်သူ ကိုဗစ်ဖြစ်နေတာမသိပဲ သူငယ်ချင်းတွေ မွေးနေ့ကိတ်မုန့်ကို အပြန်အလှန်ခွံ့ကျွေးခဲ့ကြ ပါသေးတယ်။ အမှန်တရားကခါးပါတယ်။ မပြောလို့မရလို့ပြောရတာပါ။ ဆင်ခြင်ကြပါ။ကိုဗစ် ကူးစက်ပြန့်ပွားတဲ့ နေရာမဖြစ်သွားစေဖို့ ဆေးရုံ၊ ဆေးခန်း၊ Q စင်တာတွေဟာ social distancing ကို စံပြလိုက်နာကြရမယ့်နေရာတွေဖြစ်ပါတယ်။ မွေးနေ့ကိတ်ကို လိုက်လံခွံ့ ကျွေးတဲ့အကျင့်ကိုဖျောက်ကြပါ။ ရောဂါပိုးကို လိုက်လံခွံ့ကျွေးနေနိုင်တယ်ဆိုတာကို သတိပြုကြပါ။

မပြောမဖြစ် လို့ ပြောရပါမယ်။ မွေးနေ့ကိတ်ကို ခွံ့ကျွေးတဲ့ကိစ္စပါ။စေတနာ နဲ့မွေးနေ့ကိတ်ပေးပို့တဲ့အဖွဲ့အစည်းက Q စင်တာကိုပို့ပေးပြီး အားပေးတာကိုလေးစားပါတယ်။ ဒါ့ကြောင့်လည်း အဲ့ဒီပုံကိုတမင်မတင်ပဲထားခဲ့ပြီး အခြားကိတ်တစ်ခုပုံကိုတင်ပါတယ်။ဒါပေမယ့် social distancing ကို လိုက်နာဖို့အားလုံးကို ပန်ကြားလိုပါတယ်။ အထူးသဖြင့် Q center က အချင်းချင်းမွေးနေ့ကိတ် ခွံ့ကျွေးနေတာမြင်ရတဲ့ အခါမှာ ဘယ်လိုမှမပြောပဲနေလို့မရတော့ပါ။

ကျန်းမာရေးဝန်ထမ်းတွေပါပါနေတော့ ပိုပြီးစိုးရိမ်မိပါတယ်။ မွေးနေ့ကိတ်ကိုဇွန်းတစ်ချောင်းတည်းနဲ့ လိုက်ခွံတာကို ဘယ်တော့မှမလုပ် ကြပါနဲ့။ ကိုဗစ် သာမက အခြားတစ်သက်လုံးထိခိုက်သွားမယ့် ရောဂါတွေပါကူးနိုင်ပါတယ်။အခုအချိန်မှာ ဇွန်းတစ်ချောင်းတည်းမဟုတ် လည်း Q စင်တာလိုနေရာမှာ စင်တာတစ်ခုလုံးကို ပိုးပြန့်နှံ့ထိခိုက်နိုင်တဲ့အတွက် social distancing ကို မလိုက်နာပဲ အခုလိုခွံ့ကျွေးတာ ကို လုံးဝမလုပ်ကြဖို့ပန်ကြားပါရစေ။မွေးနေ့ကိတ်မုန့်ကို ဇွန်းတစ်ချောင်းတည်းနဲ့ သူငယ်ချင်းတွေကို လိုက်လံခွံ့ကျွေးခဲ့လို့ ရောဂါကူးစက်ခဲ့ တဲ့ကိစ္စ မြန်မာပြည်မှာတကယ်ဖြစ်ခဲ့တာတွေရှိပါတယ်။

Richard Myo Thant