အနံ႔ေပ်ာက္ လူနာမ်ားအတြက္ သတင္းေကာင္းေလးကေတာ့ အနံ႔ေပ်ာက္စင္ တာေတြ ဖြင့္ ပါၿပီ

ေဆး႐ုံေတြကိုသြားတဲ့အနံ႔ေပ်ာက္ေနသူေတြကိုလည္း အိမ္ျပန္မလႊတ္ဘဲ အနံ႔ေပ်ာက္စင္တာကိုလႊဲေပးဖို႔ မွာၾကား ထားၿပီးျဖစ္တယ္လို႔ဆိုပါ တယ္။လတ္တေလာမွာ ရန္ကုန္တိုင္းေဒသႀကီးရဲ႕အေရွ႕ပိုင္းခ႐ိုင္မွာအနံ႔ေပ်ာက္စင္တာ (၂၉) ေနရာ၊ အေနာက္ပိုင္း ခ႐ိုင္မွာ (၁၅) ေနရာ၊ ေတာင္ပိုင္းခ႐ိုင္မွာ (၂၁) ေနရာ၊ ေျမာက္ပိုင္းခ႐ိုင္မွာ (၁၇) ေနရာရွိၿပီးစုစုေပါင္း( ၈၂) ေနရာ မွာ လူနာ တစ္ေထာင္ေက်ာ္ထားရွိထားၿပီး အနံ႔ေပ်ာက္ေနသူေတြ ေစာေစာစီးစီးကုသမႈ ခံယူႏိုင္ဖို႔ နဲ႔ အနံ႔ေပ်ာက္ စင္တာေတြမွာ သြားေရာက္ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူႏိုင္ ဖို႔ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္တယ္ လို႔သိရပါတယ္။

အနံ႔ေပ်ာက္ျခင္း တခု ထဲအတြက္ ေဆး႐ုံ လာဖို႔မလိုပါ။ Call center 2019 ကို ဆက္သြယ္၍ မိမိ ေနထိုင္သည့္ၿမိဳ႕နယ္ကို ေျပာၾကားသ တင္းပို႔ရန္။ ၿမိဳ႕နယ္ဆရာဝန္ထံသို႔လဲ ဆက္သြယ္ႏိုင္သည္။ထို႔ေနာက္ ၫႊန္ၾကားခ်က္အတိုင္း သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ အနံ႔ေပ်ာက္ စင္တာတြင္ ေနထိုင္ရန္။ ထိုေနရာတြင္ပင္ Swab ယူ၍ စစ္ေဆးေပးမည္ ျဖစ္သည္။ရန္ကုန္တိုင္းတြင္ အနံ႔ေပ်ာက္စင္တာ ၈၂ ခု ျပင္ဆင္ ထားပီးျဖစ္သည္။ ေဆး႐ုံမ်ားကလဲ အနံ႔ေပ်ာက္လူနာမ်ားကို စင္တာမ်ားသို႔ လႊဲေပးမည္ျဖစ္သည္။ ထိုသို႔ျဖင့္ မိမိ အိမ္သူအိမ္သားမ်ားကို ထပ္မံကူးစက္ျခင္းမွ ကာကြယ္ႏိုင္မည္ျဖစ္သည္။

ဖ်ားနာျခင္းမရွိဘဲ အနံ႔ေပ်ာက္႐ုံသက္သက္လူနာေတြအေနနဲ႔ ေဆး႐ုံေတြမွာစုၿပဳံတိုးေနတာမ်ိဳးမလုပ္ဘဲ Call Center2019 ကိုဆက္သြယ္ ၿပီး ၿမိဳ႕နယ္အလိုက္ အနံ႔ေပ်ာက္စင္တာေတြမွာ ကန႔္သတ္မႈနဲ႔ကုသမႈခံယူၾကရမွာ ျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး၊ ျပည္သူ႔က်န္းမာ ေရးႏွင့္ကုသမႈဦးစီးဌာနမႉး၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာထြန္းျမင့္ကေျပာပါတယ္။အနံ႔ေပ်ာက္သြားသူေတြမွာ ေရာဂါအခံမရွိသူ ေတြ၊ သက္ႀကီး႐ြယ္အိုမဟုတ္သူေတြနဲ႔ ဖ်ားနာျခင္းစတဲ့ေရာဂါ လကၡဏာမျပဘဲ အနံ႔ေပ်ာက္႐ုံသက္သက္လူနာေတြအေနနဲ႔ အနံေပ်ာက္ စင္တာေတြကိုသြားေရာက္ရမွာ ျဖစ္တယ္လို႔ဆိုပါတယ္။ေဆး႐ုံေတြမွာ အနံ႔ေပ်ာက္တဲ့လူနာေတြသြားျပၾကတယ္။

ေဆး႐ုံေတြကလည္းလက္ခံႏိုင္တဲ့ Capacity မရွိဘူး။ Capacity မရွိေတာ့အိမ္ကို ကြၽန္ေတာ္တို႔ကျပန္လႊတ္လိုက္ရတယ္။ ကြၽန္ေတာ္တို႔က ဒီကိစၥေတြမွာလည္းအလြန္ပဲ စိုးရိမ္ပါတယ္။ အနံ႔ေပ်ာက္တဲ့သူေတြကိုအႀကံျပဳခ်င္ပါတယ္။ အနံ႔ေပ်ာက္သြားရင္ဘယ္မွမသြားနဲ႔ အိမ္မွာ ပဲေန။ အိမ္မွာလည္းပဲ Social Distancing နဲ႔ေနရမွာေပါ့။ Maskတပ္ထား။ ေနၿပီးရင္ ကြၽန္ေတာ္တို႔ရဲ႕ Call Center နံပါတ္ 2019 ကိုဆက္ ။ အဲဒီကေနၿပီးေတာ့ အနံ႔ေပ်ာက္တဲ့သူရွိတဲ့ၿမိဳ႕နယ္ပဲျဖစ္ျဖစ္၊ စင္တာေတြရွိတဲ့အေပၚမွာပဲျဖစ္ျဖစ္ မူတည္ၿပီးေတာ့ Call Center ကကြၽန္ ေတာ္တို႔က်န္းမာေရးဦးစီးဌာနကိုဆက္သြယ္တယ္။အနံေပ်ာက္စင္တာေတြမွာသြားေရာက္ၿပီးေတာ့ ကန႔္သတ္မႈကိုခံယူလိုက္မယ္။

ဒီလို ခံယူလိုက္မယ္ဆိုရင္ ကိုယ့္မိသားစုကိုလည္းမကူးေတာ့ဘူး။ ကိုယ္တိုင္လည္းပဲေစာင့္ၾကည့္ၿပီးေစာင့္ေရွာက္မႈေပးတဲ့ေနရာေရာက္ သြားတဲ့ အတြက္အဆင္ေျပတယ္။ အဲဒီ့ေနရာမွာလည္း ဓာတ္ခြဲအေျဖယူၿပီးစစ္ေဆးေပးႏိုင္ဖို႔ ကြၽန္ေတာ္တို႔က စီစဥ္ၿပီးသြားၿပီ” လို႔ေဒါက္ တာထြန္းျမင့္ကေျပာပါတယ္။

UNICODE

ဆေးရုံတွေကိုသွားတဲ့အနံ့ပျောက်နေသူတွေကိုလည်း အိမ်ပြန်မလွှတ်ဘဲ အနံ့ပျောက်စင်တာကိုလွှဲပေးဖို့ မှာကြား ထားပြီးဖြစ်တယ်လို့ဆိုပါ တယ်။လတ်တလောမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့အရှေ့ပိုင်းခရိုင်မှာအနံ့ပျောက်စင်တာ (၂၉) နေရာ၊ အနောက်ပိုင်း ခရိုင်မှာ (၁၅) နေရာ၊ တောင်ပိုင်းခရိုင်မှာ (၂၁) နေရာ၊ မြောက်ပိုင်းခရိုင်မှာ (၁၇) နေရာရှိပြီးစုစုပေါင်း( ၈၂) နေရာ မှာ လူနာ တစ်ထောင်ကျော်ထားရှိထားပြီး အနံ့ပျောက်နေသူတွေ စောစောစီးစီးကုသမှု ခံယူနိုင်ဖို့ နဲ့ အနံ့ပျောက် စင်တာတွေမှာ သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင် ဖို့ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့သိရပါတယ်။

အနံ့ပျောက်ခြင်း တခု ထဲအတွက် ဆေးရုံ လာဖို့မလိုပါ။ Call center 2019 ကို ဆက်သွယ်၍ မိမိ နေထိုင်သည့်မြို့နယ်ကို ပြောကြားသ တင်းပို့ရန်။ မြို့နယ်ဆရာဝန်ထံသို့လဲ ဆက်သွယ်နိုင်သည်။ထို့နောက် ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာမြို့နယ်အလိုက် အနံ့ပျောက် စင်တာတွင် နေထိုင်ရန်။ ထိုနေရာတွင်ပင် Swab ယူ၍ စစ်ဆေးပေးမည် ဖြစ်သည်။ရန်ကုန်တိုင်းတွင် အနံ့ပျောက်စင်တာ ၈၂ ခု ပြင်ဆင် ထားပီးဖြစ်သည်။ ဆေးရုံများကလဲ အနံ့ပျောက်လူနာများကို စင်တာများသို့ လွှဲပေးမည်ဖြစ်သည်။ ထိုသို့ဖြင့် မိမိ အိမ်သူအိမ်သားများကို ထပ်မံကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

ဖျားနာခြင်းမရှိဘဲ အနံ့ပျောက်ရုံသက်သက်လူနာတွေအနေနဲ့ ဆေးရုံတွေမှာစုပြုံတိုးနေတာမျိုးမလုပ်ဘဲ Call Center2019 ကိုဆက်သွယ် ပြီး မြို့နယ်အလိုက် အနံ့ပျောက်စင်တာတွေမှာ ကန့်သတ်မှုနဲ့ကုသမှုခံယူကြရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာ ရေးနှင့်ကုသမှုဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကပြောပါတယ်။အနံ့ပျောက်သွားသူတွေမှာ ရောဂါအခံမရှိသူ တွေ၊ သက်ကြီးရွယ်အိုမဟုတ်သူတွေနဲ့ ဖျားနာခြင်းစတဲ့ရောဂါ လက္ခဏာမပြဘဲ အနံ့ပျောက်ရုံသက်သက်လူနာတွေအနေနဲ့ အနံပျောက် စင်တာတွေကိုသွားရောက်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ဆေးရုံတွေမှာ အနံ့ပျောက်တဲ့လူနာတွေသွားပြကြတယ်။

ဆေးရုံတွေကလည်းလက်ခံနိုင်တဲ့ Capacity မရှိဘူး။ Capacity မရှိတော့အိမ်ကို ကျွန်တော်တို့ကပြန်လွှတ်လိုက်ရတယ်။ ကျွန်တော်တို့က ဒီကိစ္စတွေမှာလည်းအလွန်ပဲ စိုးရိမ်ပါတယ်။ အနံ့ပျောက်တဲ့သူတွေကိုအကြံပြုချင်ပါတယ်။ အနံ့ပျောက်သွားရင်ဘယ်မှမသွားနဲ့ အိမ်မှာ ပဲနေ။ အိမ်မှာလည်းပဲ Social Distancing နဲ့နေရမှာပေါ့။ Maskတပ်ထား။ နေပြီးရင် ကျွန်တော်တို့ရဲ့ Call Center နံပါတ် 2019 ကိုဆက် ။ အဲဒီကနေပြီးတော့ အနံ့ပျောက်တဲ့သူရှိတဲ့မြို့နယ်ပဲဖြစ်ဖြစ်၊ စင်တာတွေရှိတဲ့အပေါ်မှာပဲဖြစ်ဖြစ် မူတည်ပြီးတော့ Call Center ကကျွန် တော်တို့ကျန်းမာရေးဦးစီးဌာနကိုဆက်သွယ်တယ်။အနံပျောက်စင်တာတွေမှာသွားရောက်ပြီးတော့ ကန့်သတ်မှုကိုခံယူလိုက်မယ်။

ဒီလို ခံယူလိုက်မယ်ဆိုရင် ကိုယ့်မိသားစုကိုလည်းမကူးတော့ဘူး။ ကိုယ်တိုင်လည်းပဲစောင့်ကြည့်ပြီးစောင့်ရှောက်မှုပေးတဲ့နေရာရောက် သွားတဲ့ အတွက်အဆင်ပြေတယ်။ အဲဒီ့နေရာမှာလည်း ဓာတ်ခွဲအဖြေယူပြီးစစ်ဆေးပေးနိုင်ဖို့ ကျွန်တော်တို့က စီစဉ်ပြီးသွားပြီ” လို့ဒေါက် တာထွန်းမြင့်ကပြောပါတယ်။