ပေါင်တံလေးတွေက သွယ်လျပြီး ညှို့အားပြင်းစွာ ပက်ပက်စက်စက် လှရက်လွန်းနေ တဲ့ ဝတ်မှုံရွှေရည်





UNICODE

ဝတ်မှုံရွှေရည်က ဖြူဖွေးနုဖတ်နေတဲ့ အသားအရေလေးကိုလည်း ပိုင်ဆိုင်ထားလို့ မိန်းကလေးပရိသတ်တွေက အားကျနေရတာဖြစ်ပါ တယ်။အခုဆိုရင်လည်း အဖြူရောင်ဝတ်စုံလေးနဲ့ ညှို့အားပြင်းစွာလှပနေတဲ့ပုံရိပ်လေးတွေကို ‌ရွှေကစ်က တင်ပေးလာတာဖြစ်ပါတယ် နော်။ ပေါင်တံလေးတွေကသွယ်လျလှပပြီး စင်းလုံးချောပြည့်စုံနေတဲ့ ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ အနုပညာ လောကမှာ ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ် ။ဗီဒီယိုဇာတ်ကား‌တွေနဲ့ကြော်ငြာတွေလည်းရိုက်ကူးခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာလည်း နေရာယူခဲ့တာဖြစ်ပါတယ် ။ဝတ်မှုံရွှေရည်ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို တစိုက်မက်မက်အားပေး နေကြတာ ပါနော်။

ဝတ်မှုံရွှေရည်ကို ပရိသတ်တွေက ရွှေကစ်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို ချစ်မဝဖြစ်နေရတာဖြစ်ပါတယ်။ ရွှေ ကစ်လေးက စိတ်သဘောထားလည်းဖြူစင်ပြီး မာနမကြီးတတ်လို့ လူချစ်လူခင်ကလည်း ပေါများပါတယ်နော်။ ဝတ်မှုံရွှေရည် ကတော့ အသက်အရွယ်တွေ တဖြည်းဖြည်းကြီးလာပေမယ့် အလှအပတွေက နုပျိုနေဆဲဖြစ်လို့ အမြဲတမ်းဆယ်ကျော်သက်လိုပဲဖြစ်ပါတယ်။

Source&Photo Credit: Wutt Hmone Shwe Yi’s Facebook