အမိန္႔စာေတြ ေၾကညာခ်က္ေတြ နဲ႔ ထုတ္ထားရက္နဲ႔ ပိုးေတြ႕သူ တစ္ရက္ကို ေထာင္ခ်ီ လာတဲ့ အျဖစ္

ရခိုင္မွာ စၿပီး ပ်ံ႕ကထဲက ရခိုင္ကို တင္းၾကပ္ၿပီး အခ်ိန္နဲ႔တေျပးညီ ရန္ကုန္ကိုလည္း အလုံးစုံေလာ့ေဒါင္း ခ်ခဲ့မယ္ဆိုရင္ (ဘယ္အခ်ိန္က တည္းက ပိုးသယ္သူေတြက ရန္ကုန္ထဲေရာက္ႏွင့္ေနမယ္မွန္းမသိလို႔ ) ။ ရခိုင္ ကေန ရန္ကုန္ကို ဝင္လာသူအားလုံးကို ေျခရာခံတာ ေကာင္းေကာင္းလုပ္ၿပီး/ထိေတြ႕သူေတြကို ေသခ်ာလိုက္ခဲ့မယ္ ဆိုရင္။ လူေတြ စေတာင္းဆိုကတည္းက အိမ္ေထာ င္စုေတြကို ၂ ေသာင္း ေထာက္ပံ့ေငြေပးကထဲက အလုံးစုံေလာ့ေဒါင္း လုပ္ခဲ့မယ္ဆိုရင္ ။ မဲ ဆြယ္တာေတြ အင္အားျပတာေတြကို လမ္းေပၚထြက္ခြင့္မျပဳခဲ့ဘူး ဆိုရင္။အားလုံး (အနံ႔ေပ်ာက္သူကအစ) ေဆး႐ုံတင္တဲ့ ေပၚလစီ ကို အရင္တတည္းကခ်ိန္းခဲ့မယ္ဆိုရင္။

လူနာေတြကို ကုတ္ စနစ္နဲ႔လုပ္ေပးခဲ့မယ္ဆိုရင္ .. အခုလည္း ထပ္မံေၾကျငာခ်က္ေတြ က အခ်ိန္မွီပါေစလို႔ ဆုေတာင္းရင္းနဲ႔ ဒီစာကိုေရး လိုက္ပါတယ္ ။တဝက္တပ်က္ ေလာ့ေဒါင္း ၂ ပတ္နဲ႔ ကိုယ့္တစ္ေယာက္တည္းအျမင္သုံးသပ္ခ်က္ – လက္ရွိ တစ္ရက္ တစ္ရက္ေ ထာင္ခ်ီတဲ့ + ေတြ တိုးလာေနၿပီး ေသႏႈန္းေတြ တက္တက္ေနတာဟာ ဘယ္လိုပဲ ( ရေသ့စိတ္ေျဖသေဘာနဲ႔ အေရအတြက္က်လာ မွာပါ ေနာက္ ၂ ပတ္ေနရင္သိသာလာမွာပါ ေျပာေျပာ ) စိုးရိမ္ရတဲ့အေနအထားပါပဲStay Home ေၾကျငာခဲ့တာလည္း ေတာ္ေတာ္ၾကာပါၿပီ ထပ္တိုး တ ဝက္တပ်က္ ေလာ့ေဒါင္း ဆန္ဆန္ WFH ေတြလုပ္ခိုင္း၊ မရွိမျဖစ္စီးပြားေရးလုပ္ငန္း ေတြ ပဲလမ္းေပၚထြက္ခိုင္းၿပီး။

စက္႐ုံအလုပ္႐ုံေတြပိတ္ခိုင္းခဲ့တဲ့ ပထမဆုံးရက္က စက္တင္ဘာလ ၂၁ ရက္ေန႔ဆိုေတာ့ အခု ေအာက္တို ဘာ ၅ ရက္ေန႔ စုစုေပါင္း ၁၅ ရက္ တိတိရွိပါၿပီ ေျပာရမယ္ဆိုရင္ တဝက္တပ်က္ ေလာ့ေဒါင္း ၂ ပတ္ ေက်ာ္ေပါ့ တကယ္ပဲ ပိုးကူးစက္မႈက်သြားၿပီလား ဆိုရင္ No လို႔ပဲေျဖရ ပါဦးမယ္ ပထမအႀကိမ္ထဲက Stay home ေနတဲ့ တစ္ပိုင္တစ္ႏိုင္ လုပ္ငန္းေတြနဲ႔ မရွိမျဖစ္ စီးပြားေရးလုပ္ငန္ ေတြထဲမပါလို႔ လုပ္ငန္းေတြ ရပ္ၿပီး stay home လိုက္ၾကတဲ့သူေတြအေနနဲ႔ ဘယ္ေလာက္ထိ ေတာင့္ခံႏိုင္မယ္ထင္လို႔လဲ။ကိုယ္ကေတာ့သိပ္မထင္ပါဘူး လူတိုင္းမွာ ေတာင့္ခံထားႏိုင္တဲ့ အတိုင္းအတာ ဆိုတာရွိပါတယ္ ရွိစုမဲ့စု စုထားတဲ့ေငြေလးကုန္သြားရင္ စားဝတ္ေနေရးအတြက္။

လမ္းေပၚထြက္ဖို႔ ျပန္စဥ္းစားၾကမယ့္သူေတြ အမ်ားႀကီး ရွိေနပါလိမ့္မယ္ ထားပါေတာ့ အခု ေရးခ်င္တာက အားမလိုအားမရ ျဖစ္ေနရတဲ့ အပိုင္းေတြပါ။လမ္းေပၚကို အနီေတြထြက္လိုက္ အစိမ္းေတြထြက္လိုက္နဲ႔ အုပ္လိုက္ႀကီးေတြကို မဲဆြယ္ေနတာကို ဘာေၾကာင့္ တားဆီးမႈ ပိတ္ပင္မႈ အေရးယူမႈ တစုံတရာမရွိတာပါလဲ။ ဒီလို လမ္းေပၚ တက္ၿပီး မဲဆြယ္ေနတာ ( ဘယ္အဖြဲ႕ျဖစ္ျဖစ္ ) အမွန္တကယ္ Stay home ေနသူေတြကို လာေျပာင္ျပေနသလိုခံစားရပါတယ္ ။ရခိုင္မွာ စျဖစ္ကထဲက ရန္ကုန္ကို ပိတ္ဖို႔ ေႏွာင္းေႏွး ခဲ့တယ္ သတင္းစာထဲ ေလယာဥ္ နဲ႔ဝင္ခဲ့ၾကသူေတြကို သတင္းပို႔ဖို႔ ထည့္ေၾကျငာတယ္ ဒါေပမယ့္ လူ ၂၀၀၀ ေက်ာ္ သတင္းပို႔ရန္ပ်က္ကြက္ဆိုတာပဲသိရတယ္။

ေနာက္ဆက္တြဲ ဘယ္ေလာက္သြားသလဲမသိ ဘယ္ေလာက္ပ်ံ႕သြားသလဲမသိခဲ့ရပါဘူး ။မရွိမျဖစ္စီးပြားေရးလုပ္ငန္ ေတြအျပင္ထြက္အလုပ္ လုပ္ပါ က်န္တဲ့ အလုပ္ေတြက အိမ္မွာ လုပ္လို႔ရရင္လုပ္ လုပ္လို႔မရရင္ ပိတ္ဆိုတာမ်ိဳးေၾကျငာခဲ့ၿပီးမွ အုပ္စုလိုက္ႀကီးေတြ လမ္းေပၚထြက္မဲ ဆြယ္ စည္း႐ုံး အင္အားျပေနတာေတြကို ခြင့္ျပဳထားတာက်ေတာ့လည္း မတရားသလို ခံစားရပါတယ္ ။ တစ္ခုခု ေၾကျငာမယ္ဆိုရင္လည္း ( ရွိတဲ့အင္အားနဲ႔ မႀကဳံဖူးတဲ့ အေျခအေနတစ္ခုကို ရင္ဆိုင္ေနရပါတယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ) အမိန္႔ေတြကို ကပ္ၿပီးေၾကျငာတယ္ ။ QR pass ေတြလုပ္ခိုင္းတယ္ အုတ္ေအာ္ေသာင္းနင္းေတြ နဲ႔ ကိုယ္ေရးအခ်က္အလက္ေတြ ေပါက္ၾကားမႈ ေတြျဖစ္တယ္။

ဝိုင္းေထာက္ျပတဲ့သူေတြကိုေတာင္ မေက်နပ္သလို ပုံစံမ်ိဳးေတြ နဲ႔စာထြက္လာတယ္ အဲ့ စစ္သလားဆိုေတာ့လည္း အခုထို ( အျပင္ကို မရွိ မျဖစ္စီးပြားေရးလုပ္ငန္ အေနနဲ႔ QR Pass ရထားသူအေနနဲ႔ေျပာရရင္ ) တစ္ႀကိမ္မွ စစ္တာ မႀကဳံရေသးဘူး ။လမ္းေပၚမွာ ျခင္းခတ္ေနတဲ့ သူေတြလည္း ရွိတယ္ အင္းလ်ားကန္ေဘာင္ေပၚ လမ္းေလွ်ာက္ေနသူေတြ ေျပးေနသူေတြရွိေသးတယ္ သူတို႔ကေရာ မရွိမျဖစ္စီးပြားေရး လုပ္ငန္း ကလူေတြတဲ့လား ။ တကယ္ဆိုရင္ အမိန္႔ဆိုတာ မွ်တမႈရွိၿပီး တည္ၿမဲမႈရွိရပါမယ္ ။ ၇ ။ အစိုးရက အလုံးစုံေလာ့ေဒါင္း လုပ္ဖို႔ အစီ အစဥ္ မရွိပါဘူးဆိုတာမ်ိဳးကို အစိုးရအသိုင္းအဝိုင္းမွာ ေျပာၿပီး ရပ္ကြက္ထဲက်ေတာ့ အခ်ိဳးက် စားဝတ္ေနေရးစီစဥ္ဖို႔။

ေဝငွဖို႔ ရာရွင္စနစ္ကိုႀကိဳျပင္ၾကပါလို႔ဆိုတယ္ ။ ဘာေတြလဲမသိပါဘူး ။ဆက္ေရးေနရင္အမ်ားႀကီးမို႔ ဒီေလာက္နဲ႔ရပ္ပါမယ္ ။ ပထမလႈိင္း တုန္းက ႏိုင္လိုက္တယ္ဆိုတာ ဂုဏ္ယူစရာမဟုတ္ပါဘူး ။ ၾသကၤန္ပိတ္ရက္ ခံေနတာရယ္ လူေတြရင္ထဲ အေၾကာက္တရားကိန္းေအာင္း ေနတာရယ္ ေၾကာင့္ လုံး၀ လမ္းေတြေပၚ လူမရွိလို႔ ႏိုင္ခဲ့တာပါ ။ အခု ဒုတိယလႈိင္းက ၁၀၀၀ ေက်ာ္ေန႔စဥ္ေတြ႕ေနတာေတာင္ မနက္ျဖန္ စားစာရာမရွိရင္ဘယ္လိုလုပ္မလဲေတြးပူသူေတြအမ်ားႀကီးျဖစ္ေနပါၿပီ ။ SME ေတြေတာ္ေတာ္မ်ားမ်ား ယိုင္နဲ႔ကုန္ပါၿပီ ။

သက္တန္႔ခ်ိဳ(5 Oct-2020)

UNICODE

ရခိုင်မှာ စပြီး ပျံ့ကထဲက ရခိုင်ကို တင်းကြပ်ပြီး အချိန်နဲ့တပြေးညီ ရန်ကုန်ကိုလည်း အလုံးစုံလော့ဒေါင်း ချခဲ့မယ်ဆိုရင် (ဘယ်အချိန်က တည်းက ပိုးသယ်သူတွေက ရန်ကုန်ထဲရောက်နှင့်နေမယ်မှန်းမသိလို့ ) ရခိုင် ကနေ ရန်ကုန်ကို ဝင်လာသူအားလုံးကို ခြေရာခံတာ ကောင်းကောင်းလုပ်ပြီး/ထိတွေ့သူတွေကို သေချာလိုက်ခဲ့မယ် ဆိုရင်။ လူတွေ စတောင်းဆိုကတည်းက အိမ်ထောင်စုတွေကို ၂ သောင်း ထောက်ပံ့ငွေပေးကထဲက အလုံးစုံလော့ဒေါင်း လုပ်ခဲ့မယ်ဆိုရင် ။ မဲ ဆွယ်တာတွေ အင်အားပြတာတွေကို လမ်းပေါ်ထွက်ခွင့်မပြုခဲ့ဘူး ဆိုရင်။အားလုံး (အနံ့ပျောက်သူကအစ) ဆေးရုံတင်တဲ့ ပေါ်လစီ ကို အရင်တတည်းကချိန်းခဲ့မယ်ဆိုရင်။

လူနာတွေကို ကုတ် စနစ်နဲ့လုပ်ပေးခဲ့မယ်ဆိုရင် .. အခုလည်း ထပ်မံကြေငြာချက်တွေ က အချိန်မှီပါစေလို့ ဆုတောင်းရင်းနဲ့ ဒီစာကိုရေး လိုက်ပါတယ် ။တဝက်တပျက် လော့ဒေါင်း ၂ ပတ်နဲ့ ကိုယ့်တစ်ယောက်တည်းအမြင်သုံးသပ်ချက် – လက်ရှိ တစ်ရက် တစ်ရက်ထောင်ချီတဲ့ + တွေ တိုးလာနေပြီး သေနှုန်းတွေ တက်တက်နေတာဟာ ဘယ်လိုပဲ ( ရသေ့စိတ်ဖြေသဘောနဲ့ အရေအတွက်ကျလာမှာပါ နောက် ၂ ပတ်နေရင်သိသာလာမှာပါ ပြောပြော ) စိုးရိမ်ရတဲ့အနေအထားပါပဲStay Home ကြေငြာခဲ့တာလည်း တော်တော်ကြာပါပြီ ထပ်တိုး တ ဝက်တပျက် လော့ဒေါင်း ဆန်ဆန် WFH တွေလုပ်ခိုင်း၊ မရှိမဖြစ်စီးပွားရေးလုပ်ငန်း တွေ ပဲလမ်းပေါ်ထွက်ခိုင်းပြီး။

စက်ရုံအလုပ်ရုံတွေပိတ်ခိုင်းခဲ့တဲ့ ပထမဆုံးရက်က စက်တင်ဘာလ ၂၁ ရက်နေ့ဆိုတော့ အခု အောက်တို ဘာ ၅ ရက်နေ့ စုစုပေါင်း ၁၅ ရက် တိတိရှိပါပြီ ပြောရမယ်ဆိုရင် တဝက်တပျက် လော့ဒေါင်း ၂ ပတ် ကျော်ပေါ့ တကယ်ပဲ ပိုးကူးစက်မှုကျသွားပြီလား ဆိုရင် No လို့ပဲဖြေရ ပါဦးမယ် ပထမအကြိမ်ထဲက Stay home နေတဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေနဲ့ မရှိမဖြစ် စီးပွားရေးလုပ်ငန် တွေထဲမပါလို့ လုပ်ငန်းတွေ ရပ်ပြီး stay home လိုက်ကြတဲ့သူတွေအနေနဲ့ ဘယ်လောက်ထိ တောင့်ခံနိုင်မယ်ထင်လို့လဲ။ကိုယ်ကတော့သိပ်မထင်ပါဘူး လူတိုင်းမှာ တောင့်ခံထားနိုင်တဲ့ အတိုင်းအတာ ဆိုတာရှိပါတယ် ရှိစုမဲ့စု စုထားတဲ့ငွေလေးကုန်သွားရင် စားဝတ်နေရေးအတွက်။

လမ်းပေါ်ထွက်ဖို့ ပြန်စဉ်းစားကြမယ့်သူတွေ အများကြီး ရှိနေပါလိမ့်မယ် ထားပါတော့ အခု ရေးချင်တာက အားမလိုအားမရ ဖြစ်နေရတဲ့ အပိုင်းတွေပါ။လမ်းပေါ်ကို အနီတွေထွက်လိုက် အစိမ်းတွေထွက်လိုက်နဲ့ အုပ်လိုက်ကြီးတွေကို မဲဆွယ်နေတာကို ဘာကြောင့် တားဆီးမှု ပိတ်ပင်မှု အရေးယူမှု တစုံတရာမရှိတာပါလဲ။ ဒီလို လမ်းပေါ် တက်ပြီး မဲဆွယ်နေတာ ( ဘယ်အဖွဲ့ဖြစ်ဖြစ် ) အမှန်တကယ် Stay home နေသူတွေကို လာပြောင်ပြနေသလိုခံစားရပါတယ် ။ရခိုင်မှာ စဖြစ်ကထဲက ရန်ကုန်ကို ပိတ်ဖို့ နှောင်းနှေး ခဲ့တယ် သတင်းစာထဲ လေယာဉ် နဲ့ဝင်ခဲ့ကြသူတွေကို သတင်းပို့ဖို့ ထည့်ကြေငြာတယ် ဒါပေမယ့် လူ ၂၀၀၀ ကျော် သတင်းပို့ရန်ပျက်ကွက်ဆိုတာပဲသိရတယ်။

နောက်ဆက်တွဲ ဘယ်လောက်သွားသလဲမသိ ဘယ်လောက်ပျံ့သွားသလဲမသိခဲ့ရပါဘူး ။မရှိမဖြစ်စီးပွားရေးလုပ်ငန် တွေအပြင်ထွက်အလုပ် လုပ်ပါ ကျန်တဲ့ အလုပ်တွေက အိမ်မှာ လုပ်လို့ရရင်လုပ် လုပ်လို့မရရင် ပိတ်ဆိုတာမျိုးကြေငြာခဲ့ပြီးမှ အုပ်စုလိုက်ကြီးတွေ လမ်းပေါ်ထွက်မဲ ဆွယ် စည်းရုံး အင်အားပြနေတာတွေကို ခွင့်ပြုထားတာကျတော့လည်း မတရားသလို ခံစားရပါတယ် ။  တစ်ခုခု ကြေငြာမယ်ဆိုရင်လည်း ( ရှိတဲ့အင်အားနဲ့ မကြုံဖူးတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ) အမိန့်တွေကို ကပ်ပြီးကြေငြာတယ် ။ QR pass တွေလုပ်ခိုင်းတယ် အုတ်အော်သောင်းနင်းတွေ နဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားမှု တွေဖြစ်တယ်။

ဝိုင်းထောက်ပြတဲ့သူတွေကိုတောင် မကျေနပ်သလို ပုံစံမျိုးတွေ နဲ့စာထွက်လာတယ် အဲ့ စစ်သလားဆိုတော့လည်း အခုထို ( အပြင်ကို မရှိ မဖြစ်စီးပွားရေးလုပ်ငန် အနေနဲ့ QR Pass ရထားသူအနေနဲ့ပြောရရင် ) တစ်ကြိမ်မှ စစ်တာ မကြုံရသေးဘူး ။လမ်းပေါ်မှာ ခြင်းခတ်နေတဲ့ သူတွေလည်း ရှိတယ် အင်းလျားကန်ဘောင်ပေါ် လမ်းလျှောက်နေသူတွေ ပြေးနေသူတွေရှိသေးတယ် သူတို့ကရော မရှိမဖြစ်စီးပွားရေး လုပ်ငန်း ကလူတွေတဲ့လား ။ တကယ်ဆိုရင် အမိန့်ဆိုတာ မျှတမှုရှိပြီး တည်မြဲမှုရှိရပါမယ် ။ ၇ ။ အစိုးရက အလုံးစုံလော့ဒေါင်း လုပ်ဖို့ အစီ အစဉ် မရှိပါဘူးဆိုတာမျိုးကို အစိုးရအသိုင်းအဝိုင်းမှာ ပြောပြီး ရပ်ကွက်ထဲကျတော့ အချိုးကျ စားဝတ်နေရေးစီစဉ်ဖို့။

ဝေငှဖို့ ရာရှင်စနစ်ကိုကြိုပြင်ကြပါလို့ဆိုတယ် ။ ဘာတွေလဲမသိပါဘူး ။ဆက်ရေးနေရင်အများကြီးမို့ ဒီလောက်နဲ့ရပ်ပါမယ် ။ ပထမလှိုင်း တုန်းက နိုင်လိုက်တယ်ဆိုတာ ဂုဏ်ယူစရာမဟုတ်ပါဘူး ။ သြင်္ကန်ပိတ်ရက် ခံနေတာရယ် လူတွေရင်ထဲ အကြောက်တရားကိန်းအောင်း နေတာရယ် ကြောင့် လုံး၀ လမ်းတွေပေါ် လူမရှိလို့ နိုင်ခဲ့တာပါ ။ အခု ဒုတိယလှိုင်းက ၁၀၀၀ ကျော်နေ့စဉ်တွေ့နေတာတောင် မနက်ဖြန် စားစာရာမရှိရင်ဘယ်လိုလုပ်မလဲတွေးပူသူတွေအများကြီးဖြစ်နေပါပြီ ။ SME တွေတော်တော်များများ ယိုင်နဲ့ကုန်ပါပြီ ။

သက်တန့်ချို(5 Oct-2020)