COVID -19လမ္းၫႊန္မႈမ်ားႏွင့္အညီ မဲေပးသည့္အစီအစဥ္ လက္ေတြ႕သ႐ုပ္ျပသျခင္းကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ၾကည့္ရႈစစ္ေဆး

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ အဖြဲ႕ဝင္မ်ားႏွင့္အတူ ဇမၺဴသီရိၿမိဳ႕နယ္ ေဇယ်ာသိဒၶိရပ္ကြက္ မဲ႐ုံအမွတ္(၁)၌ လက္ေတြ႕သ႐ုပ္ျပ မဲ ေပးရန္ တန္းစီေစာင့္ဆိုင္းေနသူ မ်ားအား မဲ႐ုံျပင္ပ ႀကီးၾကပ္ေရးတာဝန္ ထမ္းေဆာင္သူမ်ားက ကိုယ္အပူခ်ိန္တိုင္းတာျခင္း၊ လက္သန႔္ ေဆးရည္ျဖင့္ လက္မ်ားသန႔္စင္ျခင္း၊ ႏွာေခါင္းစည္း ထုတ္ေပးျခင္း ေဆာင္႐ြက္ေနမႈ၊ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္း လမ္းၫႊန္မ်ားႏွင့္အညီ သတ္မွတ္အခ်ိန္ အတြင္း ေအာင္ျမင္စြာ မဲေပးႏိုင္ေရးအတြက္ မဲ႐ုံမႉး၊ ဒုတိယမဲ႐ုံမႉးႏွင့္ တာဝန္ရွိသူမ်ားက ကူညီ ေဆာင္႐ြက္ေပးေနမႈ လွည့္လည္ၾကည့္ရႈသည္။

လာေရာက္မဲေပးသည့္ ျပည္သူမ်ား မဲေပးရန္ တန္းစီေစာင့္ဆိုင္းရာတြင္ တစ္ေယာက္ႏွင့္ တစ္ ေယာက္ ခပ္ခြာခြာ ေနႏိုင္ေရး၊ လက္မ်ားကို လက္သန႔္ေဆးရည္ျဖင့္ သန႔္စင္ေဆးေၾကာေပးရာတြင္ ေဆးေၾကာ သန႔္စင္ေပးေရးႏွင့္ လိုအပ္သည္မ်ားကို မွာၾကားသည္။ ႏိုင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ေအာက္တိုဘာ (၆) ရက္ (ယေန႔) နံနက္ပိုင္းတြင္ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕ နယ္ရွိ အမွတ္ (၅)အေျခခံပညာ အထက္တန္းေက်ာင္း၌ ေ႐ြးေကာက္ပြဲတြင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္း လမ္းၫႊန္ မ်ားႏွင့္အညီ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္က်င္းပသည့္ မဲေပးသည့္ အစီအစဥ္ လက္ေတြ႕ သ႐ုပ္ျပသျခင္းကို လွည့္လည္ၾကည့္ရႈသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔ နံနက္ ၁၀ နာရီ တြင္ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ရွိ အမွတ္(၅)အ ေျခခံပညာ အထက္တန္းေက်ာင္းသို႔ ေရာက္ရွိရာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးလွသိန္း၊ ျပည္ေထာင္စုအစိုးရ အဖြဲ႕႐ုံး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူ၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး၊ ေနျပည္ ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္မ်ား ျဖစ္ၾကသည့္ ဦးေအာင္ျမင့္၊ ဦးစိုးရယ္၊ ဦး ထြန္းခင္၊ ဦးလွတင့္၊ ဦးျမင့္ႏိုင္၊ ဦးသန္းေဌး၊ ဦးၫြန႔္စိန္၊ ဦးသက္ထြန္း၊ ဦးျမင့္ေအာင္၊ ဦးေစာဒယ္နီရယ္ၾကည္၊ ဦးေအာင္စိုးဝင္း၊ ဦးသန္း ေအာင္၊ ဦးမင္းေဆြႏွင့္ ဦးေဆြတင့္လြင္၊ ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

CRD: THE LADIES NEWS

UNICODE

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ဇေယျာသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)၌ လက်တွေ့သရုပ်ပြ မဲ ပေးရန် တန်းစီစောင့်ဆိုင်းနေသူ များအား မဲရုံပြင်ပ ကြီးကြပ်ရေးတာဝန် ထမ်းဆောင်သူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့် ဆေးရည်ဖြင့် လက်များသန့်စင်ခြင်း၊ နှာခေါင်းစည်း ထုတ်ပေးခြင်း ဆောင်ရွက်နေမှု၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း လမ်းညွှန်များနှင့်အညီ သတ်မှတ်အချိန် အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးနေမှု လှည့်လည်ကြည့်ရှုသည်။

လာရောက်မဲပေးသည့် ပြည်သူများ မဲပေးရန် တန်းစီစောင့်ဆိုင်းရာတွင် တစ်ယောက်နှင့် တစ် ယောက် ခပ်ခွာခွာ နေနိုင်ရေး၊ လက်များကို လက်သန့်ဆေးရည်ဖြင့် သန့်စင်ဆေးကြောပေးရာတွင် ဆေးကြော သန့်စင်ပေးရေးနှင့် လိုအပ်သည်များကို မှာကြားသည်။ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ (၆) ရက် (ယနေ့) နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်ရှိ အမှတ် (၅)အခြေခံပညာ အထက်တန်းကျောင်း၌ ရွေးကောက်ပွဲတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန် များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကျင်းပသည့် မဲပေးသည့် အစီအစဉ် လက်တွေ့ သရုပ်ပြသခြင်းကို လှည့်လည်ကြည့်ရှုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၅)အ ခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦး ထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်း အောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

CRD:  THE  LADIES  NEWS