ထိပ်ပြောင်ပြီး ဆံပင်မပေါက်သူ ဆံပင်ပါးသူများ အတွက် ထိရောက်ပြီး လွယ်ကူတဲ့ဆေးနည်း
UNICODE
ဆရာကြီးခင်ဗျာ ကျွန်တော့်အသက်၂၇ကျော်ရှိပါပြီ ဒီဇင်ဘာလမှ၂၈နှစ်ပြည့်မှာခင်ဗျ။ကျွန်တော့်အသက် ၁၇နှစ်အရွယ် ဘ၂၀၀၉ခုနှစ်ကစ ပြီး အဘိုးကြီးတစ်ယောက်လို ထိပ်ပြောင်သွားပါတယ် ယခုအချိန်ထိပါ နဖူးထိပ်မှစပြီး အလယ်ဗွေနေရာထိ ပြောင်သွားပါတယ် ဦးထုပ် ဆောင်းတဲ့အကျင့်လည်းမရှိပါ ကျွန်တော့်ကိုမသိတဲ့လူတွေဆိုရင် ကျွန်တော့်ကိုအသက်ကြီးတဲ့လူလို့ထင်နေကြတယ်။
ဆရာကြီးခင်ဗျာ။ကျွန်တော်ဆံပင် ပြန်ပေါက်အောင်ဘယ်လိုလုပ်ရမလဲခင်ဗျ။ ဆံပင်ပြန်ပေါက်တဲ့ ဆေးနည်းရှိရင် သိလိုပါတယ်ခင်ဗျ။ ဆ ရာကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ဆံပင်ပြန်ပေါက်အောင် ပရန္န ဝါရွက်ကို ထောပတ်၊ နှမ်းဆီ၊ပျားရည်(၃)မျိုးနဲ့ရောပြီးယိုထိုးစားပါ။ မနက်ည ဟင်းစားဇွန်းတစ်ဇွန်း စားပါ။ ရေခေါင်းလောင်းချိုးပါ။
နေ့စဉ် ဝမ်းနုတ်ဆေး တစ်မျိုးမျိုးစားပါ။ လက်တွေ့ပြန်ပေါက်သူရှိပါသည်။ ဦးခေါင်းတွင် ထောလပတ်ရွက် အရည်ညှစ်ပြီး ပွတ်ပေးလျှင် လည်း ပြန်ပေါက်နိုင်ပါသည်။
crd,Kyi Lwin Myint – Mudra’