ဘယ္သူေတြဘာေျပာေျပာ ယုန္ေလး ရဲ႕ ေၾကာ္ျငာမွာ သ႐ုပ္ေဆာင္ ထားတဲ့ အေပၚ မိသားစုေတြက အားေပးတယ္ လို႔ ေမာ္ဒယ္ L Lit Shirေျပာၿပီ(႐ုပ္သံ)

သူမကေတာ့ အားေပးတဲ့ပရိသတ္ႀကီးကို“အားေပးတဲ့အတြက္ ေက်းဇူးတင္ ပါတယ္ အဓိကက ကိုယ့္ကိုကိုယ္က်န္းမာေရးဂ႐ုစိုက္ၾကပါ တစ္ခုခုဆို ဆဲၿပီး အကုသိုလ္ မယူပါနဲ႔လို႔ ကိုယ့္ဘဝေလးကို ကိုယ္ ေအးေအးခ်မ္းခ်မ္းေနၾကပါ ” လို႔ အႀကံေပးခဲ့ၿပီး“ ဒီကိစၥနဲ႔ပတ္သတ္ၿပီး ေတာ့ ေတာင္းေတာ့ ေတာင္းပန္ ခ်င္ပါတယ္ ဒါကို အမွားႀကီးတစ္ခုေတာ့ နီမျမင္လိုက္ဘူးေပါ့ နီ႔ကို တာဝန္ခ်တဲ့ေနရာမွာ နီအေကာင္းဆုံး လုပ္ေပးခဲ့တယ္ အေကာင္းဆုံး သ႐ုပ္ေဆာင္ေပးခဲ့တယ္ ဒါေၾကာင့္ အမွားလို႔ေတာ့ မထင္ဘူး ဒါေပမဲ့ ပရိသတ္က လက္မခံဘူးဆိုလည္း ေတာင္းပန္ပါတယ္ေပါ့ ေနာ္ ေနာက္ဆိုရင္ေတာ့ အမ်ားႀကီး ဆင္ျခင္ ရမွာေပါ့ေနာ္ ပရိသတ္မႀကိဳက္တာမလုပ္ေတာ့ ဘူးလို႔ေတာ့ ေျပာခ်င္ ပါတယ္” လို႔ အင္တာဗ်ဴးထဲကေနတစ္ဆင့္ ကတိေပးထားတာကိုေတြ႕ရပါတယ္။

ေမာ္ဒယ္သ႐ုပ္ေဆာင္ L Lit Sharကေတာ့ လတ္တေလာ ယုန္ေလး ႐ိုက္ကူးထားတဲ့ ဖိနပ္ေၾကညာေၾကာင့္ လူသိမ်ားလာသူ တစ္ဦးပါ။အ ခုတစ္ေခါက္ ေဖ့ဘြက္မွာ ဂယက္႐ိုက္သြားတဲ့ ယုန္ေလးရဲ႕ MI Star ဖိနပ္ေၾကာ္ျငာမွာ ပါဝင္႐ိုက္ကူးခဲ့တဲ့အတြက္ ေဝဖန္ခံရတာေတြနဲ႔ ပတ္သတ္ၿပီး L Lit Shar ကေတာ့ Sunday Journalနဲ႔အင္တာဗ်ဴးမွာ အခုလိုပဲ သူ႔အျမင္ကို ေျပာခဲ့ပါတယ္။ L Lit Sharrကေတာ ဒီ ေၾကာ္ျငာကို မိသားစုေတြကလည္း အားေပးတယ္ဆိုထား ပါတယ္။“ဒီဖိနပ္ေၾကာ္ျငာနဲ႔ပတ္သတ္ၿပီးေတာ့ မိသားစုေတြက အားေပးၾက တယ္။သူငယ္ခ်င္းေတြကလည္း ဖုန္းေတြဆက္ၿပီး အားေပးၾကတယ္ ကိုယ့္ရဲ႕ေဘးနားမွာ ကိုယ္အားကိုးရတဲ့လူေတြရွိတဲ့အတြက္ အဲ့ ေလာက္ထိေတာ့ စိတ္ဓာတ္မက်ဘူး.။အခုအခ်ိန္မွာ ညီမ Facebook သိပ္မသုံးျဖစ္ဘူး ေဝဖန္တာေတြရွိရင္လည္း ခံလိုက္မယ္ေလ။

ကိုယ့္လုပ္ခဲ့တဲ့ လုပ္ရပ္ကို ကိုယ္တာဝန္ယူရဲတယ္ ရပါတယ္ ေအးေဆးပါ လက္ခံပါတယ္” လို႔ သူ႔ရဲ႕ခံယူခ်က္ကို ေျပာျပထားတာပါ။L Lit Shar ကေတာ့ သူတင္တဲ့ ဓာတ္ပုံေတြ နဲ႔ပတ္သတ္ၿပီး မိဘေတြ ဆူလားဆိုတဲ့ေမးခြန္းကိုေတာ့ “အေဖကေတာ့ အဲ့ေလာက္ထိ ဘာမွမေျပာ ဘူး ေနာက္တစ္ခါ အဲ့လိုေတြမလုပ္နဲ႔ ဓာတ္ပုံေတြ ဘာေတြဆိုလည္း အဲ့လိုပုံေတြ မတင္နဲ႔ေနာ္ ေျပာတဲ့အခ်ိန္ေတာ့ ဟုတ္ကဲ့ေပါ့ ေနာက္က် ရင္ေတာ့ အိမ္ကလူေတြကို block ထားတာဆိုေတာ့ လုပ္ခ်င္တာ လုပ္လိုက္တယ္ ဟိုေပၚ ဒီေပၚပုံေတြ တင္ခါနီး တစ္ရက္ ၂ရက္ေလာက္ block ၿပီးရင္ ျပန္ျဖည္ေပးလိုက္တယ္”လို႔ ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့ပါတယ္။

Credit : ShweYaungMyanmar

UNICODE

သူမကတော့ အားပေးတဲ့ပရိသတ်ကြီးကို“အားပေးတဲ့အတွက် ကျေးဇူးတင် ပါတယ် အဓိကက ကိုယ့်ကိုကိုယ်ကျန်းမာရေးဂရုစိုက်ကြပါ တစ်ခုခုဆို ဆဲပြီး အကုသိုလ် မယူပါနဲ့လို့ ကိုယ့်ဘဝလေးကို ကိုယ် အေးအေးချမ်းချမ်းနေကြပါ ” လို့ အကြံပေးခဲ့ပြီး“ ဒီကိစ္စနဲ့ပတ်သတ်ပြီး တော့ တောင်းတော့ တောင်းပန် ချင်ပါတယ် ဒါကို အမှားကြီးတစ်ခုတော့ နီမမြင်လိုက်ဘူးပေါ့ နီ့ကို တာဝန်ချတဲ့နေရာမှာ နီအကောင်းဆုံး လုပ်ပေးခဲ့တယ် အကောင်းဆုံး သရုပ်ဆောင်ပေးခဲ့တယ် ဒါကြောင့် အမှားလို့တော့ မထင်ဘူး ဒါပေမဲ့ ပရိသတ်က လက်မခံဘူးဆိုလည်း တောင်းပန်ပါတယ်ပေါ့ နော် နောက်ဆိုရင်တော့ အများကြီး ဆင်ခြင် ရမှာပေါ့နော် ပရိသတ်မကြိုက်တာမလုပ်တော့ ဘူးလို့တော့ ပြောချင် ပါတယ်” လို့ အင်တာဗျူးထဲကနေတစ်ဆင့် ကတိပေးထားတာကိုတွေ့ရပါတယ်။

မော်ဒယ်သရုပ်ဆောင် L Lit Sharကတော့ လတ်တလော ယုန်လေး ရိုက်ကူးထားတဲ့ ဖိနပ်ကြေညာကြောင့် လူသိများလာသူ တစ်ဦးပါ။အ ခုတစ်ခေါက် ဖေ့ဘွက်မှာ ဂယက်ရိုက်သွားတဲ့ ယုန်လေးရဲ့ MI Star ဖိနပ်ကြော်ငြာမှာ ပါဝင်ရိုက်ကူးခဲ့တဲ့အတွက် ဝေဖန်ခံရတာတွေနဲ့ ပတ်သတ်ပြီး L Lit Shar ကတော့ Sunday Journalနဲ့အင်တာဗျူးမှာ အခုလိုပဲ သူ့အမြင်ကို ပြောခဲ့ပါတယ်။ L Lit Sharrကတော ဒီ ကြော်ငြာကို မိသားစုတွေကလည်း အားပေးတယ်ဆိုထား ပါတယ်။“ဒီဖိနပ်ကြော်ငြာနဲ့ပတ်သတ်ပြီးတော့ မိသားစုတွေက အားပေးကြ တယ်။သူငယ်ချင်းတွေကလည်း ဖုန်းတွေဆက်ပြီး အားပေးကြတယ် ကိုယ့်ရဲ့ဘေးနားမှာ ကိုယ်အားကိုးရတဲ့လူတွေရှိတဲ့အတွက် အဲ့ လောက်ထိတော့ စိတ်ဓာတ်မကျဘူး.။အခုအချိန်မှာ ညီမ Facebook သိပ်မသုံးဖြစ်ဘူး ဝေဖန်တာတွေရှိရင်လည်း ခံလိုက်မယ်လေ။

ကိုယ့်လုပ်ခဲ့တဲ့ လုပ်ရပ်ကို ကိုယ်တာဝန်ယူရဲတယ် ရပါတယ် အေးဆေးပါ လက်ခံပါတယ်” လို့ သူ့ရဲ့ခံယူချက်ကို ပြောပြထားတာပါ။L Lit Shar ကတော့ သူတင်တဲ့ ဓာတ်ပုံတွေ နဲ့ပတ်သတ်ပြီး မိဘတွေ ဆူလားဆိုတဲ့မေးခွန်းကိုတော့ “အဖေကတော့ အဲ့လောက်ထိ ဘာမှမပြော ဘူး နောက်တစ်ခါ အဲ့လိုတွေမလုပ်နဲ့ ဓာတ်ပုံတွေ ဘာတွေဆိုလည်း အဲ့လိုပုံတွေ မတင်နဲ့နော် ပြောတဲ့အချိန်တော့ ဟုတ်ကဲ့ပေါ့ နောက်ကျ ရင်တော့ အိမ်ကလူတွေကို block ထားတာဆိုတော့ လုပ်ချင်တာ လုပ်လိုက်တယ် ဟိုပေါ် ဒီပေါ်ပုံတွေ တင်ခါနီး တစ်ရက် ၂ရက်လောက် block ပြီးရင် ပြန်ဖြည်ပေးလိုက်တယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

Credit : ShweYaungMyanmar