မိုးပျံပူဖောင်းလေးတွေကြား မှာ ပင်ကိုယ်သဘာဝအလှတွေနဲ့ ညှို့ယူဖမ်းစားနေ တဲ့ မေမြင့်မိုရ်





UNICODE

ယနေ့မှာတော့ သူမက အိမ်မှာနေရင်း အသည်းယားစရာကောင်းအောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ မေ မြင့်မိုရ်က မိုးပျံပူဖောင်းလေးတွေကြားမှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှနေပြီး ” သူ ကလည်း မိုးပျံပူဖောင်း ကိုယ် က လည်း မိုးပျံပူဖောင်း ငါတို့ရဲ့ အိပ်မက်အကောင်းစားတွေဟာ ကောင်းကင်ပေါ်မှာ ရှိတယ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါ သေးတယ်။ ကဲ…ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်….။

ချစ်ရတဲ့ ပရိသတ်ကြီးရေ… အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားထားနိုင်သူလေးကတော့ သရုပ်ဆောင် မင်းသမီး ချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေဟာလည်း ပရိသတ်တွေကို အသည်းယားစေတာပါ။ သူမဟာ MRTV -4မှာ ထုတ်လွှင့်ပြသတဲ့ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် အောင်မြင်မှုတွေများစွာ ရရှိ ထားတာလည်း ဖြစ်ပါတယ်။

သူမရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက အကြိုက်တွေ့နေတာဖြစ်ပြီး တစ်ခဲနက်အားပေးချစ်ခင်နေတာကိုလည်း တွေ့ ရပါတယ်။ လက်ရှိမှာတော့ မေမြင့်မိုရ်က ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်း နဲ့ မှန်မှန်သာလုပ်ဆောင်နေတာဖြစ်ပြီး အိမ်မှာပဲ မိသားစုနဲ့အတူ နားနားနေနေ နေထိုင်နေတာကို တွေ့ရပါတယ်။

Source & Photo credit – May Myint Mo’s FB account