ေဒါက္တာေဒၚခင္ခင္ႀကီး ေရးတဲ့ “ကိုဗစ္အတြက္ ကာကြယ္ေဆး အလွမ္း မေဝးေတာ့ပါ”ဆိုေသာ စာတေစာင္

လက္ရွိအခ်ိန္ တြင္ ကာကြယ္ေဆး ၉ မ်ိဳးသည္ WHO ဦးေဆာင္ သည့္ ကမာၻလုံးဆိုင္ရာ ကာကြယ္ေဆး ရရွိေရးေဆာင္႐ြက္ ေနသည့္ CO VAX အဖြဲ႕အစည္း၏ ဦးေဆာင္မႈ ေအာက္တြင္ ရရွိရန္ နီးစပ္လ်က္ရွိၿပီး ၂၀၂၁ အကုန္တြင္ ကာကြယ္ေဆး ၂ ဘီလီယမ္ ျဖန႔္ျဖဴးႏိုင္ဖို႔ ရည္ ႐ြယ္ထားပါသည္ (တသုတ္ၿပီး တသုတ္ ျဖန႔္မည္ျဖစ္ပါသည္ ၂၀၂၁ ကုန္တြင္ စီးပြားေရး အသင့္အတင့္ႏွင့္ ဖြံ႕ၿဖိဳးမႈနည္းေသာတိုင္းျပည္ ၉၂ ႏိုင္ငံကို ႏွစ္ဘီလီယံ ျဖန႔္ျဖဴးႏိုင္ရန္ရည္႐ြယ္ျခင္းျဖစ္ပါသည္)။ကာကြယ္ေဆးရခဲ့ရင္ေတာင္ ခုလက္ရွိ ေဆာင္႐ြက္ေနတဲ့ ေရာဂါကာကြယ္ ေရးနည္းလမ္းေတြ ဆက္လက္လုပ္ေဆာင္ေနရအုံးမွာ ျဖစ္ပါတယ္။

ဘာလို႔ဆိုေတာ့ ကာကြယ္ေဆးက လူအားလုံးကို ေပးႏိုင္မွာ မဟုတ္ေသးလို႔ပါပဲ။ သို႔ေသာ္ အႏၲရာယ္နဲ႔ အၿမဲရင္ဆိုင္ေနရတဲ့ က်န္းမာေရး ဝန္ထမ္းေတြ အသက္ႀကီးသူေတြ ေနာက္ခံ ေရာဂါရွိသူေတြ ႏိုင္ငံေတာ္ ယႏၲရားအတြက္ မရွိမျဖစ္သူေတြကေတာ့ ပထမဦးစားေပး ျဖစ္ ပါတယ္။ႏိုင္ငံလူဦးေရရဲ႕ ၂၀% ကေတာ့ ရဖို႔ရွိပါတယ္ ဒါဆိုရင္ေတာ့ ျဖစ္ပြားမႈ ေသဆုံးမႈ ေလ်ာ့က်မွာ အေသအခ်ာပါပဲ ။ဆက္ၿပီး အား တင္းထား ၾကစို႔ရဲ႕ ။ ကိုဗစ္ေရာဂါအတြက္ ကာကြယ္ေဆးကို ယခု ၂၀၂၀ ႏွစ္ကုန္ပိုင္းတြင္ ရရွိႏိုင္လိမ့္မည္ဟု WHO ၏ အႀကီးအကဲ Dr. Tedros က ဆိုင္းမဆင့္ ေျပာၾကားလိုက္သည္ဟု CGTN သတင္းဌာနက ယေန႔ (၆/၁၀/၂၀၂၀) ၂၂:၁၂ အခ်ိန္တြင္ ေဖာ္ျပထားပါသည္။

WHO အႀကီးအကဲသည္ ႏွစ္ရက္ၾကာက်င္းပသည့္ ကိုဗစ္ ကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ ထိပ္တန္းအစည္းအေဝးတြင္ ေျပာၾကားလိုက္ ျခင္းျဖစ္ပါသည္။’ကြၽန္ေတာ္တို႔အားလုံး ကာကြယ္ေဆးကို လိုအပ္ေနၾကတယ္ ခုဆိုရင္ ဒီႏွစ္ကုန္ပိုင္းမွာ ကာကြယ္ေဆးရရွိဖို႔ ေမွ်ာ္လင့္လို႔ ရေနပါၿပီ’ ဟု ေျပာၾကားလိုက္ျခင္းျဖစ္ပါသည္ ဒါ့ေၾကာင့္ေမွ်ာ္လင့္ခ်က္ကေတာ့ အမွန္တကယ္ျဖစ္လာေတာ့မွာပါ။(ဤေနရာတြင္ ကာ ကြယ္ေဆးကို ရရွိသည္ႏွင့္ အျခားႏိုင္ငံမ်ားနည္းတူ အျမန္ဆုံး ရရွိႏိုင္ဖို႔အတြက္လည္း သက္ဆိုင္ရာအဖြဲ႕အစည္း ႏိုင္ငံမ်ားႏွင့္ ခ်ိတ္ဆက္ ေဆာင္႐ြက္ထားရွိပါသည္)

ဖတ္ရန္လင့္ https://news.cgtn.com/news/2020-10-06/COVID-19-vaccine-may-be-ready-by-year-end-WHO-s-Tedros-UnhoquQl0I/index.html

CRD: Dr Khin Khin Gyi

UNICODE

လက်ရှိအချိန် တွင် ကာကွယ်ဆေး ၉ မျိုးသည် WHO ဦးဆောင် သည့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ရရှိရေးဆောင်ရွက် နေသည့် CO VAX အဖွဲ့အစည်း၏ ဦးဆောင်မှု အောက်တွင် ရရှိရန် နီးစပ်လျက်ရှိပြီး ၂၀၂၁ အကုန်တွင် ကာကွယ်ဆေး ၂ ဘီလီယမ် ဖြန့်ဖြူးနိုင်ဖို့ ရည် ရွယ်ထားပါသည် (တသုတ်ပြီး တသုတ် ဖြန့်မည်ဖြစ်ပါသည် ၂၀၂၁ ကုန်တွင် စီးပွားရေး အသင့်အတင့်နှင့် ဖွံ့ဖြိုးမှုနည်းသောတိုင်းပြည် ၉၂ နိုင်ငံကို နှစ်ဘီလီယံ ဖြန့်ဖြူးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပါသည်)။ကာကွယ်ဆေးရခဲ့ရင်တောင် ခုလက်ရှိ ဆောင်ရွက်နေတဲ့ ရောဂါကာကွယ် ရေးနည်းလမ်းတွေ ဆက်လက်လုပ်ဆောင်နေရအုံးမှာ ဖြစ်ပါတယ်။

ဘာလို့ဆိုတော့ ကာကွယ်ဆေးက လူအားလုံးကို ပေးနိုင်မှာ မဟုတ်သေးလို့ပါပဲ။ သို့သော် အန္တရာယ်နဲ့ အမြဲရင်ဆိုင်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အသက်ကြီးသူတွေ နောက်ခံ ရောဂါရှိသူတွေ နိုင်ငံတော် ယန္တရားအတွက် မရှိမဖြစ်သူတွေကတော့ ပထမဦးစားပေး ဖြစ် ပါတယ်။နိုင်ငံလူဦးရေရဲ့ ၂၀% ကတော့ ရဖို့ရှိပါတယ် ဒါဆိုရင်တော့ ဖြစ်ပွားမှု သေဆုံးမှု လျော့ကျမှာ အသေအချာပါပဲ ။ဆက်ပြီး အား တင်းထား ကြစို့ရဲ့ ။ ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေးကို ယခု ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရရှိနိုင်လိမ့်မည်ဟု WHO ၏ အကြီးအကဲ Dr. Tedros က ဆိုင်းမဆင့် ပြောကြားလိုက်သည်ဟု CGTN သတင်းဌာနက ယနေ့ (၆/၁၀/၂၀၂၀) ၂၂:၁၂ အချိန်တွင် ဖော်ပြထားပါသည်။

WHO အကြီးအကဲသည် နှစ်ရက်ကြာကျင်းပသည့် ကိုဗစ် ကာကွယ် ထိန်းချုပ်ရေးအတွက် ထိပ်တန်းအစည်းအဝေးတွင် ပြောကြားလိုက် ခြင်းဖြစ်ပါသည်။’ကျွန်တော်တို့အားလုံး ကာကွယ်ဆေးကို လိုအပ်နေကြတယ် ခုဆိုရင် ဒီနှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးရရှိဖို့ မျှော်လင့်လို့ ရနေပါပြီ’ ဟု ပြောကြားလိုက်ခြင်းဖြစ်ပါသည် ဒါ့ကြောင့်မျှော်လင့်ချက်ကတော့ အမှန်တကယ်ဖြစ်လာတော့မှာပါ။(ဤနေရာတွင် ကာ ကွယ်ဆေးကို ရရှိသည်နှင့် အခြားနိုင်ငံများနည်းတူ အမြန်ဆုံး ရရှိနိုင်ဖို့အတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်း နိုင်ငံများနှင့် ချိတ်ဆက် ဆောင်ရွက်ထားရှိပါသည်)

ဖတ်ရန်လင့် https://news.cgtn.com/news/2020-10-06/COVID-19-vaccine-may-be-ready-by-year-end-WHO-s-Tedros-UnhoquQl0I/index.html

CRD:  Dr Khin Khin Gyi