ကိုဗစ္ကူးစက္မႈမ်ားစြာ ျဖစ္ေစခဲ့သည့္ ျမဴးဇစ္ဇုန္ေကတီဗီကိစၥ ၾကားရ တဲ့သူတိုင္း ပါးစပ္အေဟာင္းသားျဖစ္သြားၿပီ

အခုလိုျဖစ္မွ၊ ထူးျခားတဲ့အျဖစ္အပ်က္ရွိမွတစ္ျဖည္းျဖည္း ပိုသိလာရတာပါ။ သူတို႔က ၾကာေလသိေလ ျဖစ္လာမွာ ေၾကာက္ၾကပုံ ရတယ္ ။ ျမန္မာႏိုင္ငံတစ္ခုလုံးကို သူတို႔ဘိုးဘြားပိုင္အလား စိတ္တိုင္းက်လုပ္ခဲ့ၾကတာပါ။ ျပည္သူေတြက ငတ္႐ုံမက၊ျပတ္႐ုံမက ေသခ်င္ ေသ လွည့္ၾကည့္ခဲ့ၾကတာ မဟုတ္ပါဘူး။မူးဇစ္ ဇုန္ ေျမေနရာကို ၂၄-၈-၁၉၉၆ ရက္ေန႔မွာ ျပည္ခိုင္ၿဖိဳးအသင္းက အိုးအိမ္ထံကေန ျမန္မာ ေငြ တစ္ရာတစ္ဆယ့္ေျခာက္က်ပ္ႏွင့္ အၿပီးအပိုင္ငွါးရမ္းခဲ့ပါတယ္။ ဦးသိန္းစိန္က အဲ့ဒီေျမကို ျပည္ခိုင္ျဖ္ုးပါတီပိုင္ေျမအျဖစ္ ၂၀၁၀မွာ လႊဲေပး ပါတယ္။၂၀၁၀ ဇြန္လ ၁၇ ရက္မွာ ျပည္ခိုင္ၿဖိဳးကေနဦးေဇာ္မင္း(ေခၚ) ဝမ္ေရွာင္ကို တစ္လ ၁သိန္းခြဲက်ပ္ႏွင့္ ႏွစ္ ၃၀ ျပန္ငွါးလိုက္ပါတယ္။

အဲ့ဒီေျမေနရာကို အိုးအိမ္ကေန စည္ပင္ကိုလႊဲေပးပါတယ္။ စည္ပင္အပိုင္ထဲမွာလည္းအဲ့ဒီေျမေနရာမရွိပါဘူး။အခု အိုးအိမ္ပိုင္လိုလို၊ စည္ ပင္ပိုင္လိုလို၊ ျပည္ခိုင္ၿဖိဳးပိုင္လိုလို ျဖစ္ေနပါတယ္။ ဥပေဒေၾကာင္းအရေတာ့ အိုးအိမ္ သို႔မဟုတ္ စည္ပင္ပိုင္ေျမျဖစ္ပါတယ္။ ဦးေဇာ္မင္း( ေခၚ ) ဝမ္ေရွာင္ရဲ႕ အစုရွယ္ယာပါတနာမ်ားအျဖစ္ ျပည္ခိုင္ၿဖိဳးပါတီက ပုဂြိဳလ္တစ္ခ်ိဳ႕ ပါဝင္တယ္လို႔သိရပါတယ္။ ေျမးျဖစ္သူ အဓိကပါ ဝင္ တယ္လို႔ သိရေပမယ့္ အေထာက္အထားမရရွိဖူး ျဖစ္ေနပါတယ္။ဦးေဇာ္မင္း(ေခၚ) ဝမ္ေရွာင္ဟာ ဗိုလ္မႈးခ်ဳပ္အၿငိမ္းစား လို႔လဲ သိရပါ တယ္။ အေထာက္အထားမရရွိပါ။ အဲ့ဒီေျမေနရာမွာ စားေသာက္ဆိုင္ ဖြင့္လွစ္ခြင့္ကို ၂၀၁၁ ခုႏွစ္မွာ စည္ပင္ကထုတ္ေပးပါတယ္။

စားေသာက္ဆိုင္လိုင္စင္နဲ႔ ေကတီဗီ ဖြင့္တာျဖစ္တယ္။ ေကတီဗီ ဖြင့္ခြင့္ေပးမထားပါ။ဦးသိန္းစိန္က အဲ့ဒီ့ ျမဴးဇစ္ဇုန္ေကတီဗီကို လုံးဝအ ခြန္ကင္းလြတ္ခြင့္ေပးထားတယ္လို႔သိရပါတယ္။ အခြန္႐ုံးက အခြန္ဘယ္ေလာက္ရသလဲမသိရေသးတဲ့အတြက္ ေျပာလို႔မရျဖစ္ေနပါ တယ္။ စည္ပင္ခြန္ကေတာ့ ၂၀၁၁-၁၂ မွာတစ္ႏွစ္ ငါးေသာင္း ၊ ၂၀၁၈-၂၀၂၀ မွာ တစ္ႏွစ္ တစ္သိန္းခြဲရရွိပါတယ္။ေကတီဗီဟာ တစ္ရက္ကို ဝင္ေငြ သိန္း ၇၀ ႏွင့္ သိန္း ၁၂၀ ၾကားရွိပါတယ္။ ဒါက သူတို႔ေျပာျပသေလာက္ပါ အဲ့ဒီပမာဏထက္အမ်ားႀကီးပိုမွာ ေသခ်ာပါတယ္။ ကိုဗစ္ကူးစက္မႈ ျပင္းထန္လာလို႔ လဖက္ရည္ဆိုင္ေတြေတာင္ပိတ္ထားရခ်ိန္မွာ ျမဴးဇစ္ဇုန္ေကတီဗီ ကမပိတ္ပဲ ဆက္ဖြင့္ထားလို႔။

လူ ၁၀၀ ေက်ာ္ကိုဗစ္ကူးစက္ခံရၿပီး ရန္ကုန္မွာ ေရာဂါကူးစက္မႈတစ္ဟုန္ထိုးျမင့္တက္လာခဲ့တယ္။ဘယ္သူ႔အားကိုးနဲ႔ အဲ့ဒီလိုဖြင့္ရဲသ လဲသိရေပမယ့္ အေထာက္အထားျပဖို႔ ခက္ခဲ့တဲ့အတြက္ ထည့္မေရးေတာ့ပါဘူး။ အခု ေရာဂါကူးခံရလို႔သာ အခုကိစၥက သိလာရတာပါ။ ကြၽန္ေတာ္ကိုယ္တိုင္ ပါတီဗဟိုသုေတသနအႀကီးအကဲလုပ္ခဲ့ေသာ္လည္း မသိခဲ့ရပါ။ စာရင္းေပ်ာက္ေနတာ အမ်ားႀကီး ျဖစ္ပါတယ္။ အခု စုံစမ္းၾကည့္တဲ့အခါ ရန္ကုန္တစ္ၿမိဳ႕လုံးမွာ အဲ့ဒီလို အိုးအိမ္ပိုင္ေျမ၊ စည္ပင္ပိုင္ေျမေနရာေတြကို ျမန္မာေငြ ဆယ္၊ဂဏန္း ရာဂဏန္း ႏွင့္ ယူ ထားတာေတြအမ်ားႀကီးရွိေနတာသိရပါတယ္။ ျမန္မာတစ္ႏိုင္ငံလုံး အႏွံ ဘယ္ေလာက္ရွိေနလဲ မသိရေသးပါ။

ေ႐ြးေကာက္ပြဲၿပီးမွ စုံစမ္းၾကည့္ရပါဦးမယ္။သူတို႔ဘာေၾကာင့္ အန္အယ္လ္ဒီ ကိုဆက္ႏိုင္မွာ အရမ္းေၾကာက္ေနလဲ ပို ပိုသိလာရပါတယ္ ။ ၅ ႏွစ္ဆိုေတာ့ သိပ္မသိရေသးပါဘူး။ ဗ်ဴ႐ိုကေရစီ ယႏၲရားက အရင္လူေဟာင္းေတြလက္ထဲမွာပဲရွိတာပါ။ စည္ပင္မွာ ဌာနမႈးေတြက အား လုံးကို ခ်ဳပ္ကိုင္ထားတာပါ။ ဌာနမွားေတြဆိုတာ အားလုံး ဗိုလ္မႈးေဟာင္းေတြပါ။ အဲ့ဒီတုန္းက အိုးအိမ္ၫြန္ခ်ဳပ္က ဗိုလ္မႈးအံ့ေက်ာ္ပါ။

ေလးစားစြာျဖင့္(မ်ိဳးရန္ေနာင္သိန္း)

UNICODE

အခုလိုဖြစ်မှ၊ ထူးခြားတဲ့အဖြစ်အပျက်ရှိမှတစ်ဖြည်းဖြည်း ပိုသိလာရတာပါ။ သူတို့က ကြာလေသိလေ ဖြစ်လာမှာ ကြောက်ကြပုံ ရတယ် ။ မြန်မာနိုင်ငံတစ်ခုလုံးကို သူတို့ဘိုးဘွားပိုင်အလား စိတ်တိုင်းကျလုပ်ခဲ့ကြတာပါ။ ပြည်သူတွေက ငတ်ရုံမက၊ပြတ်ရုံမက သေချင် သေ လှည့်ကြည့်ခဲ့ကြတာ မဟုတ်ပါဘူး။မူးဇစ် ဇုန် မြေနေရာကို ၂၄-၈-၁၉၉၆ ရက်နေ့မှာ ပြည်ခိုင်ဖြိုးအသင်းက အိုးအိမ်ထံကနေ မြန်မာ ငွေ တစ်ရာတစ်ဆယ့်ခြောက်ကျပ်နှင့် အပြီးအပိုင်ငှါးရမ်းခဲ့ပါတယ်။ ဦးသိန်းစိန်က အဲ့ဒီမြေကို ပြည်ခိုင်ြဖ်ုးပါတီပိုင်မြေအဖြစ် ၂၀၁၀မှာ လွှဲပေး ပါတယ်။၂၀၁၀ ဇွန်လ ၁၇ ရက်မှာ ပြည်ခိုင်ဖြိုးကနေဦးဇော်မင်း(ခေါ်) ဝမ်ရှောင်ကို တစ်လ ၁သိန်းခွဲကျပ်နှင့် နှစ် ၃၀ ပြန်ငှါးလိုက်ပါတယ်။

အဲ့ဒီမြေနေရာကို အိုးအိမ်ကနေ စည်ပင်ကိုလွှဲပေးပါတယ်။ စည်ပင်အပိုင်ထဲမှာလည်းအဲ့ဒီမြေနေရာမရှိပါဘူး။အခု အိုးအိမ်ပိုင်လိုလို၊ စည် ပင်ပိုင်လိုလို၊ ပြည်ခိုင်ဖြိုးပိုင်လိုလို ဖြစ်နေပါတယ်။ ဥပဒေကြောင်းအရတော့ အိုးအိမ် သို့မဟုတ် စည်ပင်ပိုင်မြေဖြစ်ပါတယ်။ ဦးဇော်မင်း( ခေါ် ) ဝမ်ရှောင်ရဲ့ အစုရှယ်ယာပါတနာများအဖြစ် ပြည်ခိုင်ဖြိုးပါတီက ပုဂွိုလ်တစ်ချို့ ပါဝင်တယ်လို့သိရပါတယ်။ မြေးဖြစ်သူ အဓိကပါ ဝင် တယ်လို့ သိရပေမယ့် အထောက်အထားမရရှိဖူး ဖြစ်နေပါတယ်။ဦးဇော်မင်း(ခေါ်) ဝမ်ရှောင်ဟာ ဗိုလ်မှုးချုပ်အငြိမ်းစား လို့လဲ သိရပါ တယ်။ အထောက်အထားမရရှိပါ။ အဲ့ဒီမြေနေရာမှာ စားသောက်ဆိုင် ဖွင့်လှစ်ခွင့်ကို ၂၀၁၁ ခုနှစ်မှာ စည်ပင်ကထုတ်ပေးပါတယ်။

စားသောက်ဆိုင်လိုင်စင်နဲ့ ကေတီဗီ ဖွင့်တာဖြစ်တယ်။ ကေတီဗီ ဖွင့်ခွင့်ပေးမထားပါ။ဦးသိန်းစိန်က အဲ့ဒီ့ မြူးဇစ်ဇုန်ကေတီဗီကို လုံးဝအ ခွန်ကင်းလွတ်ခွင့်ပေးထားတယ်လို့သိရပါတယ်။ အခွန်ရုံးက အခွန်ဘယ်လောက်ရသလဲမသိရသေးတဲ့အတွက် ပြောလို့မရဖြစ်နေပါ တယ်။ စည်ပင်ခွန်ကတော့ ၂၀၁၁-၁၂ မှာတစ်နှစ် ငါးသောင်း ၊ ၂၀၁၈-၂၀၂၀ မှာ တစ်နှစ် တစ်သိန်းခွဲရရှိပါတယ်။ကေတီဗီဟာ တစ်ရက်ကို ဝင်ငွေ သိန်း ၇၀ နှင့် သိန်း ၁၂၀ ကြားရှိပါတယ်။ ဒါက သူတို့ပြောပြသလောက်ပါ အဲ့ဒီပမာဏထက်အများကြီးပိုမှာ သေချာပါတယ်။ ကိုဗစ်ကူးစက်မှု ပြင်းထန်လာလို့ လဖက်ရည်ဆိုင်တွေတောင်ပိတ်ထားရချိန်မှာ မြူးဇစ်ဇုန်ကေတီဗီ ကမပိတ်ပဲ ဆက်ဖွင့်ထားလို့။

လူ ၁၀၀ ကျော်ကိုဗစ်ကူးစက်ခံရပြီး ရန်ကုန်မှာ ရောဂါကူးစက်မှုတစ်ဟုန်ထိုးမြင့်တက်လာခဲ့တယ်။ဘယ်သူ့အားကိုးနဲ့ အဲ့ဒီလိုဖွင့်ရဲသ လဲသိရပေမယ့် အထောက်အထားပြဖို့ ခက်ခဲ့တဲ့အတွက် ထည့်မရေးတော့ပါဘူး။ အခု ရောဂါကူးခံရလို့သာ အခုကိစ္စက သိလာရတာပါ။ ကျွန်တော်ကိုယ်တိုင် ပါတီဗဟိုသုတေသနအကြီးအကဲလုပ်ခဲ့သော်လည်း မသိခဲ့ရပါ။ စာရင်းပျောက်နေတာ အများကြီး ဖြစ်ပါတယ်။ အခု စုံစမ်းကြည့်တဲ့အခါ ရန်ကုန်တစ်မြို့လုံးမှာ အဲ့ဒီလို အိုးအိမ်ပိုင်မြေ၊ စည်ပင်ပိုင်မြေနေရာတွေကို မြန်မာငွေ ဆယ်၊ဂဏန်း ရာဂဏန်း နှင့် ယူ ထားတာတွေအများကြီးရှိနေတာသိရပါတယ်။ မြန်မာတစ်နိုင်ငံလုံး အနှံ ဘယ်လောက်ရှိနေလဲ မသိရသေးပါ။

ရွေးကောက်ပွဲပြီးမှ စုံစမ်းကြည့်ရပါဦးမယ်။သူတို့ဘာကြောင့် အန်အယ်လ်ဒီ ကိုဆက်နိုင်မှာ အရမ်းကြောက်နေလဲ ပို ပိုသိလာရပါတယ် ။ ၅ နှစ်ဆိုတော့ သိပ်မသိရသေးပါဘူး။ ဗျူရိုကရေစီ ယန္တရားက အရင်လူဟောင်းတွေလက်ထဲမှာပဲရှိတာပါ။ စည်ပင်မှာ ဌာနမှုးတွေက အား လုံးကို ချုပ်ကိုင်ထားတာပါ။ ဌာနမှားတွေဆိုတာ အားလုံး ဗိုလ်မှုးဟောင်းတွေပါ။ အဲ့ဒီတုန်းက အိုးအိမ်ညွန်ချုပ်က ဗိုလ်မှုးအံ့ကျော်ပါ။

လေးစားစွာဖြင့်(မျိုးရန်နောင်သိန်း)