ဆွဲဆောင်မှုရှိတဲ့ အကြည့်လေးတွေ နဲ့ ရင်ခုန်စရာကောင်းနေတဲ့ မင်းသမီးအိချောပို
UNICODE
အိချောပိုဟာ ဝတ်စားဆင်ယဥ်မှုမှာလည်း ဘယ်လို ဖက်ရှင် ဒီဇိုင်လေးတွေနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ညီညီဝတ်ဆင်တတ်တဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ပုံရိပ်လေးတွေအပြင် အပျင်းအပြေဆော့ကစားထားတဲ့ ချစ်စရာ tik tok ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေကို မ ကြာခဏဆိုသလို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာလည်း အိချောပိုလေးက လွမ်းနေတဲ့ ချစ်ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာ ပုံရိပ် လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေ နဲ့ ညှို့အားပြင်းပြင်း ပရိသတ်တွေ အသည်းကြွေအောင် ဖမ်းစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း အိချောပိုက ” စိတ်ကူးတွေထဲမှာ မင်းပဲရှိတယ်” ဆိုတဲ့ caption လေးနဲ့ရေးသား ထားပါသေး တယ်။ ကဲ…ချစ် ပရိသတ်ကြီးရေ ရင်ခုန်စရာကောင်းလောက်အောင်ပို့စ်ပေးနေတဲ့ အိချောပိုရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။
မင်းသမီးချောလေး အိချောပိုကတော့ တမူ ထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို လှုပ်ခါသွားအောင် ဖမ်းစားထားနိုင်တဲ့သူပဲဖြစ်ပါတယ်။သူမ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားပြီး အနုပညာလမ်းခရီးကို အ ကောင်းဆုံးလျှောက်လှမ်းလာခဲ့တဲ့ သူပဲဖြစ် ပါတယ်။ လက်ရှိမှာ အိချောပိုက အနုပညာ လှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင် ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာကို တွေ့ရပါတယ်။။
Source – Ei Chaw Po fb account