သမီးကို ေအာင္ျမင္ေစခ်င္ လို႔ ေခြၽတာတဲ့အေနနဲ႔ ေန႔တိုင္းေခါက္ဆြဲထုပ္ စားၿပီး ႀကိဳးစား႐ုန္းကန္ေပးခဲ့တဲ့ သန႔္ရွင္းေရးဝန္ထမ္း ဖခင္

“ကြၽန္ေတာ့္သမီး ကြၽမ္းဘားကိုစလုပ္ကတည္းက ေဈးသိပ္မႀကီးတဲ့ ေခါက္ဆြဲနဲ႔ ဘန္းမုန႔္ေပါင္း စားဖို႔ကြၽန္ေတာ္ေ႐ြးခ်ယ္ခဲ့ပါ တယ္။ ကြၽန္ ေတာ္ဟာအရည္အခ်င္းျပည့္ဝတဲ့လူတစ္ေယာက္မဟုတ္တဲ့အျပင္ ကြၽန္ေတာ့္သမီးကိုလည္း ခ်မ္းသာတဲ့မိသားစုဘဝကို မေပးႏိူင္ခဲ့ပါဘူး ၊ဒါေပမယ့္ သူ႔ပညာေရးေကာင္းဖို႔အတြက္ ခါးသီးတဲ့နာက်င္မႈကိုခံခ်င္တယ္” ဟု Hou ကဆိုပါတယ္။အနည္းဆုံးေတာ့သူ႔ရဲ႕ စြန႔္လႊတ္အနစ္ နာခံမႈေတြက သမီးျဖစ္သူရဲ႕ ဘဝကို သူ႔ရဲ႕ဘဝထက္ ပိုမို ေကာင္းမြန္လာေစႏိုင္တယ္လို႔လဲ ဆိုထားပါတယ္။

တ႐ုတ္ႏိုင္ငံရွိ လမ္းေပၚသန႔္ရွင္းေရးသမားတစ္ဦးဟာ သူ႔ရဲ႕ သမီး အိမ္မက္အေကာင္အထည္ ေဖာ္ႏိုင္ရန္ အတြက္ လြန္ခဲ့တဲ့ခုနစ္ႏွစ္ အ တြင္း သူရဲ႕အစားအစာမ်ားကိုကိုယ္က်ိဳးစြန႔္ခဲ့ၿပီး ေခါက္ဆြဲႏွင့္ဘန္းမုန႔္ေပါင္းမ်ားကိုသာ စားသုံးခဲ့ပါတယ္။အသက္ ၄၉ ႏွစ္ရွိၿပီျဖစ္တဲ့ Hou Yanwei ဟာ သူ႔သမီးXinxinရဲ႕ ရည္မွန္းခ်က္ အေၾကာင္းကိုTencent.com တြင္တင္ထားတဲ့ ဗီဒီယိုအင္တာဗ်ဴးတစ္ခု မွာေျပာ ခဲ့ပါတယ္ ။ ကြၽန္ေတာ္ရဲ႕အႀကီးမားဆုံးအိပ္မက္ကေတာ့ သမီးဟာ ႏိုင္ငံကိုယ္စားျပဳအသင္းတြင္ ပါဝင္ကစားႏိုင္ရမယ္ လို႔ေျပာထားပါတယ္။

လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တြင္ ဇနီးျဖစ္သူ ႏွင့္ကြာရွင္းခဲ့ၿပီးေနာက္ Xinxinလို႔ေခၚတဲ့ ၁၁ႏွစ္အ႐ြယ္သမီးႏွင့္အတူ တစ္လ မွယြမ္၃၀၀ သာ ကုန္က်တဲ့တိုက္ခန္းငယ္တစ္ခုမွာ ယခုထိေနထိုင္ေနၾကပါတယ္။ ၄ႏွစ္အ႐ြယ္သာရွိတုန္းက Xinxinဟာ Wuhan ႐ုပ္ပိုင္းဆိုင္ရာပညာေရး ဌာနမွာ ပညာသင္ယူေနခ်ိန္ ပထမဆုံး အႀကိမ္ သူမဟာ အားကစားမွာ စိတ္အားထက္သန္ေၾကာင္းကို သိခဲ့ရပါတယ္။Chutain Metro polis Daily ရဲ႕အဆိုအရကြၽမ္းဘားေလ့က်င့္ေရးသမားရဲ႕ဖခင္ဟာ သူ႔ကေလးကိုတစ္ေန႔မွာ ႏိုင္ငံကိုယ္စားျပဳအသင္းမွာ ပါဝင္ခိုင္းလိမ့္ မယ္လို႔ ဆိုထားပါတယ္။

XinXin ဟာ ေလက်င့္ေရးေကာင္းတဲ့အားကစားသမားတစ္ဦး ျဖစ္ေအာင္ ေဈးႀကီးေပးတက္ရတဲ့ သင္တန္းေတြကို တက္ကာ ႀကိဳး စား ေလ့က်င့္ ရပါတယ္။ဒါေၾကာင့္ ေလ့က်င့္ခ်ိန္အတြင္း ကေလးရဲ႕ႏွစ္စဥ္သင္တန္းေၾကးမွာ ၁၄၀၀၀ ယြမ္အထိရွိၿပီး ေန႔စဥ္ကုန္က်စရိတ္ မွာေတာ့တစ္ႏွစ္ ၃၀၀၀ ယြမ္ အထိရွိေနပါတယ္။ကံမေကာင္းစြာျဖင့္ Hou ရဲ႕တစ္လစာဝင္ေငြမွာ ယြမ္ ၂၀၀၀ ဝန္းက်င္သာရရွိတာေၾကာင့္ Hou ဟာ သူ႔ရဲ႕ ကိုယ္ပိုင္ အသုံးစရိတ္ကို ေလ်ာ့ခ်ရန္ေ႐ြးခ်ယ္ၿပီး မိမိရဲ႕လိုအပ္ခ်က္မ်ားအတြက္ တစ္ရက္ကို ယြမ္ ၁၀ ထပ္မေက်ာ္ေအာင္ အသုံးျပဳခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာျပထားပါတယ္။

UNICODE

“ကျွန်တော့်သမီး ကျွမ်းဘားကိုစလုပ်ကတည်းက ဈေးသိပ်မကြီးတဲ့ ခေါက်ဆွဲနဲ့ ဘန်းမုန့်ပေါင်း စားဖို့ကျွန်တော်ရွေးချယ်ခဲ့ပါ တယ်။ ကျွန် တော်ဟာအရည်အချင်းပြည့်ဝတဲ့လူတစ်ယောက်မဟုတ်တဲ့အပြင် ကျွန်တော့်သမီးကိုလည်း ချမ်းသာတဲ့မိသားစုဘဝကို မပေးနိူင်ခဲ့ပါဘူး ၊ဒါပေမယ့် သူ့ပညာရေးကောင်းဖို့အတွက် ခါးသီးတဲ့နာကျင်မှုကိုခံချင်တယ်” ဟု Hou ကဆိုပါတယ်။အနည်းဆုံးတော့သူ့ရဲ့ စွန့်လွှတ်အနစ် နာခံမှုတွေက သမီးဖြစ်သူရဲ့ ဘဝကို သူ့ရဲ့ဘဝထက် ပိုမို ကောင်းမွန်လာစေနိုင်တယ်လို့လဲ ဆိုထားပါတယ်။

တရုတ်နိုင်ငံရှိ လမ်းပေါ်သန့်ရှင်းရေးသမားတစ်ဦးဟာ သူ့ရဲ့ သမီး အိမ်မက်အကောင်အထည် ဖော်နိုင်ရန် အတွက် လွန်ခဲ့တဲ့ခုနစ်နှစ် အ တွင်း သူရဲ့အစားအစာများကိုကိုယ်ကျိုးစွန့်ခဲ့ပြီး ခေါက်ဆွဲနှင့်ဘန်းမုန့်ပေါင်းများကိုသာ စားသုံးခဲ့ပါတယ်။အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ Hou Yanwei ဟာ သူ့သမီးXinxinရဲ့ ရည်မှန်းချက် အကြောင်းကိုTencent.com တွင်တင်ထားတဲ့ ဗီဒီယိုအင်တာဗျူးတစ်ခု မှာပြော ခဲ့ပါတယ် ။ ကျွန်တော်ရဲ့အကြီးမားဆုံးအိပ်မက်ကတော့ သမီးဟာ နိုင်ငံကိုယ်စားပြုအသင်းတွင် ပါဝင်ကစားနိုင်ရမယ် လို့ပြောထားပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တွင် ဇနီးဖြစ်သူ နှင့်ကွာရှင်းခဲ့ပြီးနောက် Xinxinလို့ခေါ်တဲ့ ၁၁နှစ်အရွယ်သမီးနှင့်အတူ တစ်လ မှယွမ်၃၀၀ သာ ကုန်ကျတဲ့တိုက်ခန်းငယ်တစ်ခုမှာ ယခုထိနေထိုင်နေကြပါတယ်။ ၄နှစ်အရွယ်သာရှိတုန်းက Xinxinဟာ Wuhan ရုပ်ပိုင်းဆိုင်ရာပညာရေး ဌာနမှာ ပညာသင်ယူနေချိန် ပထမဆုံး အကြိမ် သူမဟာ အားကစားမှာ စိတ်အားထက်သန်ကြောင်းကို သိခဲ့ရပါတယ်။Chutain Metro polis Daily ရဲ့အဆိုအရကျွမ်းဘားလေ့ကျင့်ရေးသမားရဲ့ဖခင်ဟာ သူ့ကလေးကိုတစ်နေ့မှာ နိုင်ငံကိုယ်စားပြုအသင်းမှာ ပါဝင်ခိုင်းလိမ့် မယ်လို့ ဆိုထားပါတယ်။

XinXin ဟာ လေကျင့်ရေးကောင်းတဲ့အားကစားသမားတစ်ဦး ဖြစ်အောင် ဈေးကြီးပေးတက်ရတဲ့ သင်တန်းတွေကို တက်ကာ ကြိုး စား လေ့ကျင့် ရပါတယ်။ဒါကြောင့် လေ့ကျင့်ချိန်အတွင်း ကလေးရဲ့နှစ်စဉ်သင်တန်းကြေးမှာ ၁၄၀၀၀ ယွမ်အထိရှိပြီး နေ့စဉ်ကုန်ကျစရိတ် မှာတော့တစ်နှစ် ၃၀၀၀ ယွမ် အထိရှိနေပါတယ်။ကံမကောင်းစွာဖြင့် Hou ရဲ့တစ်လစာဝင်ငွေမှာ ယွမ် ၂၀၀၀ ဝန်းကျင်သာရရှိတာကြောင့် Hou ဟာ သူ့ရဲ့ ကိုယ်ပိုင် အသုံးစရိတ်ကို လျော့ချရန်ရွေးချယ်ပြီး မိမိရဲ့လိုအပ်ချက်များအတွက် တစ်ရက်ကို ယွမ် ၁၀ ထပ်မကျော်အောင် အသုံးပြုခဲ့ကြောင်း ထုတ်ဖော်ပြောပြထားပါတယ်။