အဆိပ္ရွိ တဲ့ ပိုးေကာင္မ်ား အကိုက္ခံ ရ လွ်င္ (၅)မိနစ္ အတြင္း ေပ်ာက္ကင္းေစတဲ့ နည္းလမ္းေကာင္း

သံလြင္ဆီ ကလည္း ပိုးေကာင္ အဆိပ္ မ်ားကိုေျပေပ်ာက္ေစေၾကာင္း ထပ္ေတြ႕ရပါတယ္။ဒါ့ေၾကာင့္ အဆိပ္ရွိ တဲ့ပိုးေကာင္း မ်ားအကိုက္ ခံရရင္ လက္တစ္ကမ္းမွာ ရွိေနတဲ့ အေရးေပၚ ေဆးနည္းတို မ်ားနဲ႔ ကုသႏိုင္ေအာင္မွ်ေဝေပးလိုက္ပါတယ္။အဆိပ္ရွိတဲ့ ပိုးေကာင္မ်ား အ ကိုက္ခံရလွ်င္ ၁၀ မိနစ္အတြင္း ေပ်ာက္ကင္းေစတဲ့နည္းေလးျဖစ္ပါတယ္…ကေလးငယ္ေတြကို ပု႐ြက္ဆိတ္တို႔ ပ်ားတို႔ကိုက္ရင္ အလြယ္ ဆုံး နည္းေလးမွ်ေဝေပးပါတယ္။ဒီနည္းေလးကိုအဘြားကိုယ္တိုင္ငယ္ငယ္ကလုပ္ေပးတာပါ။

ဒါေၾကာင့္ ေတြ႕တုန္းယူထားၾကပါ။ လိုမွဆို ျပန္ ရွာရခက္ပါတယ္ေနာ္။မေန႔က အိမ္ မွာ ကေလး က ေဆာ့ေနရင္း ပ်ား တစ္ေကာင္ကို တက္နင္းလိုက္လို႔ ေျခဖဝါးႏုႏုေလးကို ပ်ားတုပ္သြားပါတယ္။အထိတ္တလန႔္ ေအာ္ငိုသံေၾကာင့္ အေဖ ေရာ အေမ ပါ ေျပးသြားၾကည့္ ေတာ့ပ်ား တစ္ေကာင္က သူ႔ေျခေထာက္နားမွာခ်ာခ်ာလည္ေနတာကိုတြ႕လိုက္ေတာ့ ပ်ားတုပ္သြားတယ္ဆိုတာ သိလိုက္ရတာေၾကာင့္ မီးဖိုေခ်ာင္ထဲကၾကက္သြန္ျဖဴယူ၊ င႐ုတ္က်ည္ေပြ႕နဲ႔ ထုေထာင္းၿပီး ၾကက္သြန္ျဖဴအေစးနဲ႔ ပြတ္လိမ္းေပးလိုက္ေတာ့။

၃ မိနစ္ေတာင္မၾကာပဲ အငိုတိတ္သြားပါတယ္။၅ မိနစ္ေလာက္မွာပဲ ကိုက္ထားတဲ့ေနရာက ေနပ်ားအစြယ္ ျပန္မႏႈတ္ၾကည့္ရေသးပါဘူး။ အျပင္ကို စူထြက္လာပါတယ္။ဇာဂနာနဲ႔ ဆြဲထုတ္လိုက္ၿပီး ၾကက္သြန္ျဖဴ ကို ဓါးနဲ႔ပိုင္းျဖတ္၊ အေစးနဲ႔ တို႔ေပးထားလိုက္ေတာ့ ေယာင္တာ၊ ကိုင္းတာမရွိပဲနာလည္း မနာေတာ့တဲ့ အတြက္ ကေလးက ၁၀ မိနစ္ေလာက္မွာပဲ ပုံမွန္အတိုင္း ျပန္ေဆာ့ႏိုင္သြားပါတယ္။ၾကက္သြန္ျဖဴ ရဲ႕ ေဆးဖက္ဝင္ပုံမ်ားကို ထပ္ေလ့လာၾကည့္လိုက္ရင္လည္း ပု႐ြက္ဆိတ္၊ ပ်ား စတဲ့ ပိုးေကာင္မ်ားရဲ႕ အေသးအမြား အဆိပ္ ေတြကို ေျပေစ ႏိုင္ေၾကာင္း ေတြ႕ရပါတယ္။

Source ; ေစာႏြဲ႕ေနဆိုင္(ပူတာအို)

UNICODE

သံလွင်ဆီ ကလည်း ပိုးကောင် အဆိပ် များကိုပြေပျောက်စေကြောင်း ထပ်တွေ့ရပါတယ်။ဒါ့ကြောင့် အဆိပ်ရှိ တဲ့ပိုးကောင်း များအကိုက် ခံရရင် လက်တစ်ကမ်းမှာ ရှိနေတဲ့ အရေးပေါ် ဆေးနည်းတို များနဲ့ ကုသနိုင်အောင်မျှဝေပေးလိုက်ပါတယ်။အဆိပ်ရှိတဲ့ ပိုးကောင်များ အ ကိုက်ခံရလျှင် ၁၀ မိနစ်အတွင်း ပျောက်ကင်းစေတဲ့နည်းလေးဖြစ်ပါတယ်…ကလေးငယ်တွေကို ပုရွက်ဆိတ်တို့ ပျားတို့ကိုက်ရင် အလွယ် ဆုံး နည်းလေးမျှဝေပေးပါတယ်။ဒီနည်းလေးကိုအဘွားကိုယ်တိုင်ငယ်ငယ်ကလုပ်ပေးတာပါ။

ဒါကြောင့် တွေ့တုန်းယူထားကြပါ။ လိုမှဆို ပြန် ရှာရခက်ပါတယ်နော်။မနေ့က အိမ် မှာ ကလေး က ဆော့နေရင်း ပျား တစ်ကောင်ကို တက်နင်းလိုက်လို့ ခြေဖဝါးနုနုလေးကို ပျားတုပ်သွားပါတယ်။အထိတ်တလန့် အော်ငိုသံကြောင့် အဖေ ရော အမေ ပါ ပြေးသွားကြည့် တော့ပျား တစ်ကောင်က သူ့ခြေထောက်နားမှာချာချာလည်နေတာကိုတွ့လိုက်တော့ ပျားတုပ်သွားတယ်ဆိုတာ သိလိုက်ရတာကြောင့် မီးဖိုချောင်ထဲကကြက်သွန်ဖြူယူ၊ ငရုတ်ကျည်ပွေ့နဲ့ ထုထောင်းပြီး ကြက်သွန်ဖြူအစေးနဲ့ ပွတ်လိမ်းပေးလိုက်တော့။

၃ မိနစ်တောင်မကြာပဲ အငိုတိတ်သွားပါတယ်။၅ မိနစ်လောက်မှာပဲ ကိုက်ထားတဲ့နေရာက နေပျားအစွယ် ပြန်မနှုတ်ကြည့်ရသေးပါဘူး။ အပြင်ကို စူထွက်လာပါတယ်။ဇာဂနာနဲ့ ဆွဲထုတ်လိုက်ပြီး ကြက်သွန်ဖြူ ကို ဓါးနဲ့ပိုင်းဖြတ်၊ အစေးနဲ့ တို့ပေးထားလိုက်တော့ ယောင်တာ၊ ကိုင်းတာမရှိပဲနာလည်း မနာတော့တဲ့ အတွက် ကလေးက ၁၀ မိနစ်လောက်မှာပဲ ပုံမှန်အတိုင်း ပြန်ဆော့နိုင်သွားပါတယ်။ကြက်သွန်ဖြူ ရဲ့ ဆေးဖက်ဝင်ပုံများကို ထပ်လေ့လာကြည့်လိုက်ရင်လည်း ပုရွက်ဆိတ်၊ ပျား စတဲ့ ပိုးကောင်များရဲ့ အသေးအမွား အဆိပ် တွေကို ပြေစေ နိုင်ကြောင်း တွေ့ရပါတယ်။

Source ;  စောနွဲ့နေဆိုင်(ပူတာအို)