အပူပိုင္းမုန္တိုင္းငယ္သည္ အားေပ်ာ့ၿပီး ျမန္မာႏိုင္ငံေတာင္ပိုင္းသို႔ ယေန႔ညေနျဖတ္ေက်ာ္ႏိုင္ေၾကာင္း သတိေပး

ၿပီးခဲ့တဲ့ စက္တင္ဘာလက ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ ျဖစ္ခဲ့တဲ့ အပူပိုင္းမုန္တိုင္း(ႏိုလ္)ရဲ႕အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံေတာင္ပိုင္း ေဒသ ေတြဘက္မွာ မိုးႀကီးတာ၊ေလျပင္းတိုက္တာ ေရႀကီးတာနဲ႔ ပင္လယ္ဒီေရလႈိင္း ႐ိုက္ခတ္တာေၾကာင့္ လူေသဆုံးမႈေတြရွိကာ လူဦးေရတစ္ ေသာင္းေက်ာ္ ေဘးသင့္ခဲ့ရပါတယ္။ယခုတဖန္ ေတာင္တ႐ုတ္ပင္လယ္က အပူပိုင္းမုန္တိုင္းငယ္ဟာ ေလဖိအားနည္းရပ္ဝန္းအျဖစ္ ဒီက ေန႔ညပိုင္းမွာ ျမန္မာႏိုင္ငံေတာင္ပိုင္း ေဒသဘက္ကို ျဖတ္ေက်ာ္ႏိုင္တဲ့အတြက္။မိုးႀကီးမႈနဲ႔ေလျပင္းေဘးအႏၲရာယ္ရွိေနတယ္လို႔။မိုးဇလက သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။အပူပိုင္းမုန္တိုင္းငယ္ဟာ ဗီယက္နမ္ကိုျဖတ္ေက်ာ္ခဲ့ၿပီးတဲ့ေနာက္ ေလဖိအားနည္းရပ္ဝန္း အျဖစ္ အားေလ်ာ့သြားကာ။ကေမာၻဒီးယားမွာ တည္ရွိေနတာပါ။

အဆိုပါေလဖိအားနည္းရပ္ဝန္းဟာ ထိုင္းပင္လယ္ေကြ႕ကိုေရာက္ရွိၿပီး ဒီကေန႔ညပိုင္းမွာေတာ့ ထိုင္းနဲ႔ ျမန္မာေတာင္ပိုင္းေဒဘေတြဘက္ကို ျဖတ္ေက်ာ္ကာ မနက္ျဖန္မွာေတာ့ ကပၸလီပင္လယ္ျပင္ကို ေရာက္ရွိႏိုင္တယ္လို႔ မိုးဇလက ခန႔္မွန္း ထားပါတယ္။ အဲ့ဒီေလဖိအားနည္းရပ္ ဝန္းေၾကာင့္ ဒီကေန႔ကေန ေနာက္ေျခာက္ရက္အတြင္း ပဲခူး၊ ရန္ကုန္ ၊ဧရာဝတီ၊ မြန္ ၊ကရင္နဲ႔။တနသၤာရီတိုင္းတို႔မွာ မိုးႀကီးႏိုင္ၿပီး ေရႀကီးေရ လွ်ံတာနဲ႔ ေျမၿပိဳမႈေဘးအႏၲရာယ္ကို သတိျပဳၾကဖို႔ မိုးဇလက ႀကိဳတင္သတိေပးထားပါ တယ္။ဒါ့အျပင္ ျမစ္ဝ ကြၽန္းေပၚ၊ မုတၱမေကြ႕ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ မိုးသက္ေလျပင္းက် ေရာက္ၿပီး လႈိင္းႀကီး ႏိုင္တဲ့အတြက္ ကမ္းေျခအ နီးေနထိုင္သူေတြနဲ႔ ပင္လယ္ျပင္မွာ သြားလာသူေတြအေနနဲ႔ သတိျပဳၾကဖို႔ကိုလည္း အသိေပးထား ပါတယ္။

CRD: 7DAY

UNICODE

ပြီးခဲ့တဲ့ စက်တင်ဘာလက တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း(နိုလ်)ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသ တွေဘက်မှာ မိုးကြီးတာ၊လေပြင်းတိုက်တာ ရေကြီးတာနဲ့ ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်တာကြောင့် လူသေဆုံးမှုတွေရှိကာ လူဦးရေတစ် သောင်းကျော် ဘေးသင့်ခဲ့ရပါတယ်။ယခုတဖန် တောင်တရုတ်ပင်လယ်က အပူပိုင်းမုန်တိုင်းငယ်ဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် ဒီက နေ့ညပိုင်းမှာ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဘက်ကို ဖြတ်ကျော်နိုင်တဲ့အတွက်။မိုးကြီးမှုနဲ့လေပြင်းဘေးအန္တရာယ်ရှိနေတယ်လို့။မိုးဇလက သတိပေးချက်ထုတ်ပြန်ထားပါတယ်။အပူပိုင်းမုန်တိုင်းငယ်ဟာ ဗီယက်နမ်ကိုဖြတ်ကျော်ခဲ့ပြီးတဲ့နောက် လေဖိအားနည်းရပ်ဝန်း အဖြစ် အားလျော့သွားကာ။ကမ္ဘောဒီးယားမှာ တည်ရှိနေတာပါ။

အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ထိုင်းပင်လယ်ကွေ့ကိုရောက်ရှိပြီး ဒီကနေ့ညပိုင်းမှာတော့ ထိုင်းနဲ့ မြန်မာတောင်ပိုင်းဒေဘတွေဘက်ကို ဖြတ်ကျော်ကာ မနက်ဖြန်မှာတော့ ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်း ထားပါတယ်။ အဲ့ဒီလေဖိအားနည်းရပ် ဝန်းကြောင့် ဒီကနေ့ကနေ နောက်ခြောက်ရက်အတွင်း ပဲခူး၊ ရန်ကုန် ၊ဧရာဝတီ၊ မွန် ၊ကရင်နဲ့။တနင်္သာရီတိုင်းတို့မှာ မိုးကြီးနိုင်ပြီး ရေကြီးရေ လျှံတာနဲ့ မြေပြိုမှုဘေးအန္တရာယ်ကို သတိပြုကြဖို့ မိုးဇလက ကြိုတင်သတိပေးထားပါ တယ်။ဒါ့အပြင် မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းကျ ရောက်ပြီး လှိုင်းကြီး နိုင်တဲ့အတွက် ကမ်းခြေအ နီးနေထိုင်သူတွေနဲ့ ပင်လယ်ပြင်မှာ သွားလာသူတွေအနေနဲ့ သတိပြုကြဖို့ကိုလည်း အသိပေးထား ပါတယ်။

CRD: 7DAY