ပိုးတွေ့နှုန်း ပထမဆုံးအကြိမ် ၁၀ ရာခိုင်နှုန်းအောက် ရောက် ရှိလာ၍ မျှော်လင့် ချက် ရောင်ခြည်သန်းလာ ပါပြီ
Nay Thway
UNICODE
ဒီကနေ့ ပိုးတွေ့လူနာတွေ့ရှိနှုန်းကတော့ ပထမဆုံးအကြိမ်အဖြစ် ၁၀ % အောက် ရောက်သွားပါပီ။ ၈.၂ % ဖြစ်ပါတယ်။ ဆက်လက်တိုက် ပွဲဝင်ကြပါစို့။ တနေ့တလံ ပုဂံ ဘယ်ရွေ့မလဲပေါ့။စာရေး ဖို့ သိပ်မအားလို့ အတိုလေးပဲ ရေးပါမယ်။ များများစစ်ရင်တော့ လူနာ များများ တွေ့မှာပါ။အခုတော့ အပြင်တွေ ပြန်ထွက်လာကြလို့ Mask တပ်ပါ။ ခွာခွာနေပေးကြပါ။ ဖြစ်နိုင်ရင်တော့ အိမ်ထဲမှာပဲ ဆက်နေပါ။
အခု စစ်ဆေးမှု ကို ၁၂၀၀၀ အထက်ကို မြင့်လိုက်ချိန်မှာ လူနာထောင်ကျော်တယ်ဆိုပေမယ့် ပိုးတွေ့မှုနုန်းကတော့ ကျဆင်းလာနေပါပီ။ စက်တင်ဘာ ၂၀ ကျော်ဝန်းကျင်မှာ ပိုးတွေ့နှုန်းက အတော်များခဲ့ပေမယ့် အခုအခါမှာ တဖြည်းဖြည်း ကျဆင်းလာနေပါပီ။အဲဒါက ပြည် သူတွေ အိမ်ထဲ နေပေးခဲ့ကြတဲ့ ၂ပတ်ကြောင့်ပါ။
Nay Thway