လူသိနည်းပြီး ရှောင်ရှားအပ်သော ကံညံ့တတ်သည့် အပြုအမူများနှင့် နမိတ်ကြီးများ



CRD: Cele City

UNICODE

ကြည့်မှန်ကွဲ မသုံးပါနှင့် ကံညံ့တတ်၏။ဖုန်းမှန်ကွဲ ၊ မျက်မှန်ကွဲလည်း ထို့အတ ူမှတ်ယူပါ…ညစားစားရင်း သီချင်းမဆိုပါနှင့်။ မကောင်း ဆိုးဝါး ဝင်စားတတ်၏။နှစ်ယောက်ထိုင်ခုံ တစ်ယောက်တည်းထိုင်ရင် ထောင့်ကပ်မထိုင်ပါနှင့်ဌက်ပျောတုံး ဖက်ရတတ်၏။လေမိုးကျချိန် အဝတ်အစား အနီရောင်ဝတ်ပြီး အပြင်မထွက်ပါနှင့် မိုးကြိုးပစ် ခံရတတ်၏။ကလေးငယ်များ အပေါ် ခုန်ကျော် မကစားပါနှင့် ထိုကလေး သက်ဆိုးမရှည်ဖြစ်တတ်၏။အိမ်ရှေ့ တရော်ထုပ် မချိတ်ပါနှင့် အိမ်ရှိလူများ ကျန်းမာရေး ညံ့တတ်၏ ။စားပွဲပေါ်ဖိနပ်မတင်ပါနှင့်။

ဖိနပ်ပိုင်ရှင် ထိုအိမ်မှ ထွက်ခွာသွားရတတ်၏ ။ဓား ၊ ကတ်ကြေးလက်ဆောင် မပေး ပါနှင့် ကိုယ့်လာပေးလျှင်လည်း ငွေအနည်းငယ် စတိ ပြန်ပေးပါ…။ ထိုသူနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ပြီး လမ်းခွဲရတတ်၏ ။ကတ်ကြေး မကစားပါနှင့် ကံဆိုးခြင်း ကို ဖိတ်ခေါ်တတ်၏ ။အဝါရောင်ပန်း လက်ဆောင် မပေးပါနှင့် လက်ခံသူ ကံဆိုးတတ်၏ ။ ညအခါ လမ်းနောက်ပြန်မလျှောက် မိပါ‌စေနှင့် နာနာဘာဝတို့ ကိုယ့် နောက် လိုက်လာ တတ်၏ ။ထောင်ထားသည့်လှေကားအောက် ဖြတ်မ လျှောက် ပါနှင့် ကံဆိုး တတ်၏ ။စကားပြိုင်တူပြောမိလျှင ်ဂေါ်မ စွံဖြစ်တတ်ပါသည်။ပြောမိရင် ကိုယ့်နှာခေါင်းပြန်ကိုင်လိုက်ပါ…။

CRD:  Cele City