သံံဃာေတာ္ မ်ား ဘာလို႔ ဝါဆိုၾကရ သ လဲဆိုသည့္ သိမွတ္ဖြယ္ရာ အျဖာျဖာ

ရဟန္းေတြက ေဆာင္း၊ ေႏြ၊ မိုး ဥတုသုံးပါးလုံး ခရီးလွည့္လည္ၾကပါတယ္။ လူေတြက ဒီလို ကဲ့ရဲ႕ ရႈတ္ခ် အျပစ္တင္ၾကပါတယ္။ ဒီဘုရား သားေတာ္ရဟန္းေတာ္ေတြက ေဆာင္း၊ ေႏြ၊ မိုး ဥတုသုံးပါးလုံး ဘာလို႔ ခရီး လွည့္လည္ၾကတာလဲ။စိမ္းစိုတဲ့ ျမက္ေတြကို နင္းေခ်ကာ ကာ ယိေျႏၵတစ္ခု ရွိတဲ့သတၱဝါကို ညႇဥ္းဆဲၾကတယ္။ သတၱဝါ ငယ္ေလးမ်ားစြာကို ညႇင္းဆဲႏွိပ္စက္ၾကတယ္။ဒီသာသနာပ တိတၳိေတြဟာ မိုးခို ၾကေသးတယ္။ ဒီငွက္ေတြဟာ သစ္ပင္ဖ်ားေတြမွာ အသိုက္ေတြျပဳလုပ္ၿပီး မိုးခိုၾကေသးတယ္။

လူေတြရဲ႕ အဲဒီကဲ့ရဲ႕သံကို ရဟန္းေတြၾကား ရလို႔ ဘုရားရွင္အား ေလွ်ာက္ထားၾကတဲ့အခါ ရဟန္းေတြမိုးအခါမွာ မိုးခိုဖို႔ (ဝါဆိုဖို႔) ခြင့္ျပဳ ေတာ္မူခဲ့ပါတယ္။သံံဃာေတ္ာမ်ားႏွင့္ ဝါဆိုျခင္းအဓိပၸါယ္။ဝါထပ္တယ္ဆိုတာ ဘာကိုေခၚတာပါလဲ။ ဘာေၾကာင့္ ထပ္ရတာပါလဲ ? ဝါ ကပ္တာ(ဝါဆိုတာ) ကဘယ္ႏွမ်ိဳး ရွိပါသလဲ ?ဘယ္လို ရွင္၊ရဟန္းကပစၦိမဝါ(ဒုတိယဝါ)ကို ကပ္ႏိုင္ပါတယ္ ?ဘုရားရွင္က ဘာ့ေၾကာင့္ ဝါဆိုဖို႔ ခြင့္ျပဳေတာ္ မူ ခဲ့တာပါလဲ ?ေမး။ ။ ဝါထပ္တယ္ဆိုတာ ဘာကိုေခၚတာပါလဲ။ ဘာေၾကာင့္ ထပ္ရတာပါလဲ။

ေျဖ။ ။ ဝါေခါင္လကို ဝါေခါင္လလို႔မျပဳ ဘဲ’ ဝါဆိုလ’လို႔ ထပ္ၿပီး့ျပဳတာကို’ဝါထပ္တယ္’လို႔ေခၚစမွတ္ ျပဳၾကတာပါပဲ။အဲဒီလို ဝါဆိုလ ႏွစ္ထပ္ျဖစ္ရတာမွာလည္းရက္ မစုံလေတြကို ျပန္ၿပီးအစားေပးေသာအားျဖင့္ ေကာင္းကင္ကေန သြား ၊ လ သြားနဲ႔ ကိုက္ညီေစလိုလို႔ပါပဲ။ (မဟာဝါ ဘာသာဋီကာ(ဒု)၊ ၅ )ေမး။ ။ ဝါကပ္တာ(ဝါဆိုတာ)ကဘယ္ႏွမ်ိဳး ရွိပါသလဲ။ေျဖ။ ။ ပုရိမဝါ ကပ္ျခင္း၊ပစၦိမဝါ ကပ္ျခင္းလို႔ ဝါ ကပ္ျခင္း ၂ မ်ိဳး ရွိပါတယ္။ ဝါဆို လျပည့္ေက်ာ္တစ္ရက္ေန႔မွာ ဝါကပ္တာဟာ ပုရိမဝါကပ္တာ (ေရွ႕မွာျဖစ္တဲ့ဝါကပ္တာ) ပါပဲ။

ဝါေခါင္လျပည့္ေက်ာ္ တစ္ရက္ေန႔မွာ ဝါ ကပ္တာဟာ ပစၦိဝါကပ္တာ (ေနာက္ျဖစ္တဲ့ ဝါကပ္တာ)ပါပဲ။(ခုဒၵသိကၡာ ဘာသာဋီကာ၊ ၃၉၅) ေမး။ ။ ဘယ္လို ရွင္၊ရဟန္းကပစၦိမဝါ(ဒုတိယဝါ)ကို ကပ္ႏိုင္ပါတယ္။ေျဖ။ ။ ပုရိမဝါ က်ိဳးပ်က္တဲ့ ရဟန္းနဲ႔ အေၾကာင္းတစ္ခုခုေၾကာင့္ ပုရိမဝါ မကပ္ခဲ့တဲ့ ရဟန္းဟာ ပစၦိမဝါ(ဒုတိယဝါ)ကို ကပ္ႏိုင္ပါတယ္။(ခုဒၵသိကၡာ ဘာသာဋီကာ၊ ၃၉၈)ေမး။ ။ ဘုရားရွင္က ဘာ့ေၾကာင့္ ဝါဆိုဖို႔ ခြင့္ျပဳေတာ္မူခဲ့တာပါလဲ။ေျဖ။ ။ ဘုရားရွင္က ရာဇၿဂိဳဟ္ၿမိဳ႕ ေဝဠဳဝန္ေက်ာင္းမွာ သီတင္းသုံး ေတာ္မူပါတယ္။ အဲဒီအခ်ိန္မွာ ဘုရား ရွင္က ရဟန္းေတြအား ဝါဆိုဖို႔ ခြင့္မျပဳရေသးပါ။

(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၉၂)အညတရအရွင္ေသာပါကၿမိဳင္

UNICODE

ရဟန်းတွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ခရီးလှည့်လည်ကြပါတယ်။ လူတွေက ဒီလို ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ကြပါတယ်။ ဒီဘုရား သားတော်ရဟန်းတော်တွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ဘာလို့ ခရီး လှည့်လည်ကြတာလဲ။စိမ်းစိုတဲ့ မြက်တွေကို နင်းချေကာ ကာ ယိန္ဒြေတစ်ခု ရှိတဲ့သတ္တဝါကို ညှဉ်းဆဲကြတယ်။ သတ္တဝါ ငယ်လေးများစွာကို ညှင်းဆဲနှိပ်စက်ကြတယ်။ဒီသာသနာပ တိတ္ထိတွေဟာ မိုးခို ကြသေးတယ်။ ဒီငှက်တွေဟာ သစ်ပင်ဖျားတွေမှာ အသိုက်တွေပြုလုပ်ပြီး မိုးခိုကြသေးတယ်။

လူတွေရဲ့ အဲဒီကဲ့ရဲ့သံကို ရဟန်းတွေကြား ရလို့ ဘုရားရှင်အား လျှောက်ထားကြတဲ့အခါ ရဟန်းတွေမိုးအခါမှာ မိုးခိုဖို့ (ဝါဆိုဖို့) ခွင့်ပြု တော်မူခဲ့ပါတယ်။သံံဃာတေ်ာများနှင့် ဝါဆိုခြင်းအဓိပ္ပါယ်။ဝါထပ်တယ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ ဘာကြောင့် ထပ်ရတာပါလဲ ? ဝါ ကပ်တာ(ဝါဆိုတာ) ကဘယ်နှမျိုး ရှိပါသလဲ ?ဘယ်လို ရှင်၊ရဟန်းကပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ် ?ဘုရားရှင်က ဘာ့ကြောင့် ဝါဆိုဖို့ ခွင့်ပြုတော် မူ ခဲ့တာပါလဲ ?မေး။ ။ ဝါထပ်တယ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ ဘာကြောင့် ထပ်ရတာပါလဲ။

ဖြေ။ ။ ဝါခေါင်လကို ဝါခေါင်လလို့မပြု ဘဲ’ ဝါဆိုလ’လို့ ထပ်ပြီး့ပြုတာကို’ဝါထပ်တယ်’လို့ခေါ်စမှတ် ပြုကြတာပါပဲ။အဲဒီလို ဝါဆိုလ နှစ်ထပ်ဖြစ်ရတာမှာလည်းရက် မစုံလတွေကို ပြန်ပြီးအစားပေးသောအားဖြင့် ကောင်းကင်ကနေ သွား ၊ လ သွားနဲ့ ကိုက်ညီစေလိုလို့ပါပဲ။ (မဟာဝါ ဘာသာဋီကာ(ဒု)၊ ၅ )မေး။ ။ ဝါကပ်တာ(ဝါဆိုတာ)ကဘယ်နှမျိုး ရှိပါသလဲ။ဖြေ။ ။ ပုရိမဝါ ကပ်ခြင်း၊ပစ္ဆိမဝါ ကပ်ခြင်းလို့ ဝါ ကပ်ခြင်း ၂ မျိုး ရှိပါတယ်။ ဝါဆို လပြည့်ကျော်တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပုရိမဝါကပ်တာ (ရှေ့မှာဖြစ်တဲ့ဝါကပ်တာ) ပါပဲ။

ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ဝါ ကပ်တာဟာ ပစ္ဆိဝါကပ်တာ (နောက်ဖြစ်တဲ့ ဝါကပ်တာ)ပါပဲ။(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၅) မေး။ ။ ဘယ်လို ရှင်၊ရဟန်းကပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။ဖြေ။ ။ ပုရိမဝါ ကျိုးပျက်တဲ့ ရဟန်းနဲ့ အကြောင်းတစ်ခုခုကြောင့် ပုရိမဝါ မကပ်ခဲ့တဲ့ ရဟန်းဟာ ပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၈)မေး။ ။ ဘုရားရှင်က ဘာ့ကြောင့် ဝါဆိုဖို့ ခွင့်ပြုတော်မူခဲ့တာပါလဲ။ဖြေ။ ။ ဘုရားရှင်က ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံး တော်မူပါတယ်။ အဲဒီအချိန်မှာ ဘုရား ရှင်က ရဟန်းတွေအား ဝါဆိုဖို့ ခွင့်မပြုရသေးပါ။

(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၉၂)အညတရအရှင်သောပါကမြိုင်