ေထာင္ေျပးမႈျဖင့္ ဖမ္းဆီးထားသည့္ ဦးေက်ာ္ျမင့္ (ခ) ဟူးဝါး ကို လူစားထိုးမထား ဟု တရားသူႀကီး အတည္ျပဳေျပာဆို

ဦးေက်ာ္ျမင့္ အမႈႏွင့္ပတ္သက္၍ ေအာက္တိုဘာ(၂၀)ရက္တြင္ ထပ္မံစစ္ေဆးရန္ ခ်ိန္းဆိုထားပါတယ္။ ဦးေက်ာ္ျမင့္(ခ) ဟူးခါး(ခ) ဟူး ဝါး(ခ) ဇခုန္ဇုန္းေဆာင္သည္ ေထာင္မွထြက္ေျပးၿပီးေနာက္ အေမရိကန္၊ ကေနဒါ စသည့္ႏိုင္ငံမ်ားတြင္ ေနထိုင္ခဲ့ၿပီး သမၼတ ဦးသိန္းစိန္ လက္ထက္၌ ကေနဒါႏိုင္ငံမွတစ္ဆင့္ ျပန္လည္ ဝင္ေရာက္လာကာ ေထာင္ေျပးမႈျဖင့္ ဖမ္းဆီးခံရခ်ိန္အထိ ႏွင္းဆီပါတီ ေခၚ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ (United Democratic Party-UDP) ၏ ဥကၠ႒အျဖစ္ တာဝန္ယူထားပါတယ္။ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၂၄ အရ မည္သူမဆို၊ မိမိအား စြဲဆိုေသာ ျပစ္မႈအတြက္ျဖစ္ေစ၊ ျပစ္မႈထင္ရွား စီရင္ေသာ ျပစ္မႈအတြက္ျဖစ္ေစ ဥပေဒႏွင့္အညီ ဖမ္းဆီးသည္ကို။

တမင္ခုခံလွ်င္၊ သို႔တည္းမဟုတ္ ဥပေဒႏွင့္ဆန႔္က်င္၍ ဟန႔္တားလွ်င္၊ သို႔တည္းမဟုတ္ ထိုျပစ္မႈအတြက္ ဥပေဒႏွင့္အညီ ခ်ဳပ္ထားရာမွ ထြက္ေျပးလွ်င္၊ သို႔တည္းမဟုတ္ ထြက္ေျပးရန္ အားထုတ္လွ်င္၊ ထိုသူကို ႏွစ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳး ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ ျဖစ္ၿပီး ရွင္းလင္းခ်က္အေနျဖင့္ ဤပုဒ္မတြင္ပါေသာ ျပစ္ဒဏ္သည္ စြဲဆို ရင္းျပစ္မႈအတြက္ျဖစ္ေစ၊ ျပစ္မႈထင္ရွား စီရင္ရင္း ျပစ္မႈအတြက္ျဖစ္ေစ ဖမ္းဆီးျခင္းခံရမည့္သူ ခံထိုက္ေသာ၊ သို႔တည္းမဟုတ္ အခ်ဳပ္ခံေနရသူ ခံထိုက္ေသာ ျပစ္ဒဏ္အျပင္ အပိုခံရမည့္ ျပစ္ဒဏ္ျဖစ္သည္ဟု ေဖာ္ျပထားပါတယ္။

ေထာင္ေျပးမႈျဖင့္ ဖမ္းဆီးခံ ထားရသည့္ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ (UDP) ေခၚ ႏွင္းဆီပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္ကို လူစားထိုး ထားျခင္း မရွိေၾကာင္း ယင္းအမႈကို ကိုင္တြယ္စစ္ေဆးေနသည့္ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရားသူႀကီး ဦးေက်ာ္မ်ိဳးဝင္းက အတည္ျပဳခဲ့ ပါတယ္။ၿပီးခဲ့ သည့္ ေအာက္တိုဘာ(၂)ရက္က စတင္႐ုံးထုတ္ခဲ့စဥ္ မီဒီယာမ်ားတြင္ ေဖာ္ျပခဲ့သည့္ဓာတ္ပုံႏွင့္ ဦးေက်ာ္ျမင့္၏ ပုံတို႔ ကြဲလြဲ ေနသည္ဟု လူမႈကြန္ရက္တြင္ ေဝဖန္မႈမ်ား ထြက္ေပၚခဲ့ပါတယ္။

“အင္တာနက္မွာေတြ႕ျမင္ေနရတဲ့ ဦးေက်ာ္ျမင့္ဓာတ္ပုံနဲ႔ ႐ုံးေရွ႕ေရာက္လာတဲ့ ဦးေက်ာ္ျမင့္ကေတာ့ တူတယ္။ ဒါကေတာ့ ကြၽန္ေတာ့္အ ျမင္ပဲ။ မီဒီယာေတြလည္း ျမင္မွာပါ။ အင္တာနက္မွာ ပ်ံ႕ေနတဲ့ပုံနဲ႔ တရား႐ုံးေရွ႕ေရာက္လာတဲ့သူကို ဂ႐ုစိုက္ၿပီးေတာ့ ျပန္စိစစ္လိုက္ ပါတယ္။ မွန္ပါတယ္။ အျပင္မွာ ေကာလာဟလျဖစ္ေနတဲ့ ဦးေက်ာ္ျမင့္မဟုတ္ဘူးဆိုတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္ရဲ႕ စစ္ေဆးမႈ လက္ရွိ အျမင္အရကေတာ့ မဟုတ္ပါဘူး။ ဦးေက်ာ္ျမင့္ အရင္ကေတာ့ မျမင္ဘူးပါဘူး။ အင္တာနက္မွာ ပ်ံ႕ေနတဲ့ဓာတ္ပုံထဲကလူနဲ႔ ႐ုံးကိုေရာက္ လာတဲ့ သူက တေထရာတည္းပါပဲ”ဟု ၎က ေျပာပါတယ္။

ဦးေက်ာ္ျမင့္(ခ) ဟူးခါး(ခ) ဟူးဝါး(ခ) ဇခုန္ဇုန္းေဆာင္သည္ ၁၉၉၈ ဇန္နဝါရီ(၁၄)ရက္တြင္ ရန္ကုန္ အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးမွ အေရး ေပၚစီမံမႈ အက္ဥပေဒပုဒ္မ ၅(ည)ႏွင့္ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၁၈၉ တို႔အရ ေထာင္ဒဏ္ ၉ ႏွစ္ ခ်မွတ္ခံခဲ့ရပါတယ္။ အင္းစိန္ဗဟိုအ က်ဥ္းေထာင္၌ ၁၉၉၈ ေမလ(၁၄)ရက္အထိ ေထာင္ဒဏ္က်ခံၿပီးေနာက္ မႏၲေလး ဗဟိုအက်ဥ္းေထာင္ (အိုးဘိုအက်ဥ္းေထာင္)သို႔ ေျပာင္း ေ႐ႊ႕ခဲ့ကာ ၁၉၉၉ ဇန္နဝါရီ(၁)ရက္တြင္ အာ႐ုံေၾကာေရာင္ ေရာဂါျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး ဖ်ားနာေဆာင္(၃)၌ ေဆးကုသမႈ ခံယူေန စဥ္ ထြက္ေျပးသြားခဲ့ၿပီး ၂၁ ႏွစ္အၾကာ ၂၀၂၀ စက္တင္ဘာ(၂၉)ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ ၎၏ ေနအိမ္၌ ျပန္လည္ ဖမ္းဆီးခံခဲ့ရပါတယ္။

လက္ရွိတြင္ ဦးေက်ာ္ျမင့္ကို မႏၲေလးအိုးဘို အက်ဥ္းေထာင္၌ ထိန္းသိမ္းထားၿပီး ေထာင္ေျပးမႈအတြက္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၂၄ ျဖင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးက အမႈအမွတ္ ၇၈၃/၂၀၂၀ ျဖင့္ လက္ခံအမႈဖြင့္ထားပါတယ္။ဦးေက်ာ္ျမင့္ကို ေထာင္ေျပးမႈ က်ဴးလြန္ ခဲ့သည့္ ၁၉၉၉ တြင္ မႏၲေလးၿမိဳ႕ အမွတ္(၈) နယ္ေျမရဲစခန္း၌ ထိုစဥ္က စခန္းမႉးျဖစ္သူ ရဲအုပ္သိန္းေ႒းက တရားလိုျပဳလုပ္ကာ ပုဒ္မ ၂၂၄ ျဖင့္ အမႈဖြင့္ထားၿပီး ဦးသိန္းေ႒းသည္ လက္ရွိတြင္ ပင္စင္ယူသြားၿပီး ျဖစ္သည့္အတြက္ ေနရပ္လိပ္စာ အတည္မျပဳႏိုင္ေသးေၾကာင္း ယ ေန႔ျပဳလုပ္သည့္ တရား႐ုံးခ်ိန္းအၿပီးတြင္ တရားသူႀကီး ဦးေက်ာ္မ်ိဳးဝင္းက ရွင္းျပပါတယ္။

တရား႐ုံးခ်ိန္းတြင္ ဆင့္စာ အတည္မျဖစ္သည့္အတြက္ ဦးေက်ာ္ျမင့္ကို ႐ုံးေတာ္သို႔ မေခၚဘဲ Zoom အသုံးျပဳ၍ သက္ဆိုင္ရာတာဝန္ရွိသူ မ်ားျဖင့္ တရား႐ုံးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ၎က ေျပာပါတယ္။ဦးေက်ာ္ျမင့္ ေထာင္ေျပးမႈႏွင့္ပတ္သက္၍ သက္ေသ (၁၀)ဦး ရွိၿပီး အမႈသည္ (၂၁)ႏွစ္ ၾကာခဲ့ၿပီ ျဖစ္ေသာေၾကာင့္ သက္ေသမ်ား အားလုံး တရား႐ုံးသို႔ လာေရာက္ရန္ မက်ိန္းေသေသာ္လည္း လာမည့္ ႐ုံးခ်ိန္း၌ တစ္ေယာက္ျဖစ္ေစ၊ ႏွစ္ေယာက္ျဖစ္ေစ ရသည့္သက္ေသကို စစ္ေဆးႏိုင္ရန္ ေဆာင္႐ြက္မည္ဟု ဦးေက်ာ္မ်ိဳးဝင္းက ဆက္လက္ ေျပာၾကားပါတယ္။

UNICODE

ဦးကျော်မြင့် အမှုနှင့်ပတ်သက်၍ အောက်တိုဘာ(၂၀)ရက်တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုထားပါတယ်။ ဦးကျော်မြင့်(ခ) ဟူးခါး(ခ) ဟူး ဝါး(ခ) ဇခုန်ဇုန်းဆောင်သည် ထောင်မှထွက်ပြေးပြီးနောက် အမေရိကန်၊ ကနေဒါ စသည့်နိုင်ငံများတွင် နေထိုင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်၌ ကနေဒါနိုင်ငံမှတစ်ဆင့် ပြန်လည် ဝင်ရောက်လာကာ ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံရချိန်အထိ နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (United Democratic Party-UDP) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ မည်သူမဆို၊ မိမိအား စွဲဆိုသော ပြစ်မှုအတွက်ဖြစ်စေ၊ ပြစ်မှုထင်ရှား စီရင်သော ပြစ်မှုအတွက်ဖြစ်စေ ဥပဒေနှင့်အညီ ဖမ်းဆီးသည်ကို။

တမင်ခုခံလျှင်၊ သို့တည်းမဟုတ် ဥပဒေနှင့်ဆန့်ကျင်၍ ဟန့်တားလျှင်၊ သို့တည်းမဟုတ် ထိုပြစ်မှုအတွက် ဥပဒေနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးလျှင်၊ သို့တည်းမဟုတ် ထွက်ပြေးရန် အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ပြီး ရှင်းလင်းချက်အနေဖြင့် ဤပုဒ်မတွင်ပါသော ပြစ်ဒဏ်သည် စွဲဆို ရင်းပြစ်မှုအတွက်ဖြစ်စေ၊ ပြစ်မှုထင်ရှား စီရင်ရင်း ပြစ်မှုအတွက်ဖြစ်စေ ဖမ်းဆီးခြင်းခံရမည့်သူ ခံထိုက်သော၊ သို့တည်းမဟုတ် အချုပ်ခံနေရသူ ခံထိုက်သော ပြစ်ဒဏ်အပြင် အပိုခံရမည့် ပြစ်ဒဏ်ဖြစ်သည်ဟု ဖော်ပြထားပါတယ်။

ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံ ထားရသည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ခေါ် နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို လူစားထိုး ထားခြင်း မရှိကြောင်း ယင်းအမှုကို ကိုင်တွယ်စစ်ဆေးနေသည့် ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက အတည်ပြုခဲ့ ပါတယ်။ပြီးခဲ့ သည့် အောက်တိုဘာ(၂)ရက်က စတင်ရုံးထုတ်ခဲ့စဉ် မီဒီယာများတွင် ဖော်ပြခဲ့သည့်ဓာတ်ပုံနှင့် ဦးကျော်မြင့်၏ ပုံတို့ ကွဲလွဲ နေသည်ဟု လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပါတယ်။

“အင်တာနက်မှာတွေ့မြင်နေရတဲ့ ဦးကျော်မြင့်ဓာတ်ပုံနဲ့ ရုံးရှေ့ရောက်လာတဲ့ ဦးကျော်မြင့်ကတော့ တူတယ်။ ဒါကတော့ ကျွန်တော့်အ မြင်ပဲ။ မီဒီယာတွေလည်း မြင်မှာပါ။ အင်တာနက်မှာ ပျံ့နေတဲ့ပုံနဲ့ တရားရုံးရှေ့ရောက်လာတဲ့သူကို ဂရုစိုက်ပြီးတော့ ပြန်စိစစ်လိုက် ပါတယ်။ မှန်ပါတယ်။ အပြင်မှာ ကောလာဟလဖြစ်နေတဲ့ ဦးကျော်မြင့်မဟုတ်ဘူးဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ စစ်ဆေးမှု လက်ရှိ အမြင်အရကတော့ မဟုတ်ပါဘူး။ ဦးကျော်မြင့် အရင်ကတော့ မမြင်ဘူးပါဘူး။ အင်တာနက်မှာ ပျံ့နေတဲ့ဓာတ်ပုံထဲကလူနဲ့ ရုံးကိုရောက် လာတဲ့ သူက တထေရာတည်းပါပဲ”ဟု ၎င်းက ပြောပါတယ်။

ဦးကျော်မြင့်(ခ) ဟူးခါး(ခ) ဟူးဝါး(ခ) ဇခုန်ဇုန်းဆောင်သည် ၁၉၉၈ ဇန်နဝါရီ(၁၄)ရက်တွင် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှ အရေး ပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ည)နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၉ တို့အရ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။ အင်းစိန်ဗဟိုအ ကျဉ်းထောင်၌ ၁၉၉၈ မေလ(၁၄)ရက်အထိ ထောင်ဒဏ်ကျခံပြီးနောက် မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘိုအကျဉ်းထောင်)သို့ ပြောင်း ရွှေ့ခဲ့ကာ ၁၉၉၉ ဇန်နဝါရီ(၁)ရက်တွင် အာရုံကြောရောင် ရောဂါဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ဖျားနာဆောင်(၃)၌ ဆေးကုသမှု ခံယူနေ စဉ် ထွက်ပြေးသွားခဲ့ပြီး ၂၁ နှစ်အကြာ ၂၀၂၀ စက်တင်ဘာ(၂၉)ရက်တွင် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်၌ ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။

လက်ရှိတွင် ဦးကျော်မြင့်ကို မန္တလေးအိုးဘို အကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး ထောင်ပြေးမှုအတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ ဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံးက အမှုအမှတ် ၇၈၃/၂၀၂၀ ဖြင့် လက်ခံအမှုဖွင့်ထားပါတယ်။ဦးကျော်မြင့်ကို ထောင်ပြေးမှု ကျူးလွန် ခဲ့သည့် ၁၉၉၉ တွင် မန္တလေးမြို့ အမှတ်(၈) နယ်မြေရဲစခန်း၌ ထိုစဉ်က စခန်းမှူးဖြစ်သူ ရဲအုပ်သိန်းဋ္ဌေးက တရားလိုပြုလုပ်ကာ ပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ထားပြီး ဦးသိန်းဋ္ဌေးသည် လက်ရှိတွင် ပင်စင်ယူသွားပြီး ဖြစ်သည့်အတွက် နေရပ်လိပ်စာ အတည်မပြုနိုင်သေးကြောင်း ယ နေ့ပြုလုပ်သည့် တရားရုံးချိန်းအပြီးတွင် တရားသူကြီး ဦးကျော်မျိုးဝင်းက ရှင်းပြပါတယ်။

တရားရုံးချိန်းတွင် ဆင့်စာ အတည်မဖြစ်သည့်အတွက် ဦးကျော်မြင့်ကို ရုံးတော်သို့ မခေါ်ဘဲ Zoom အသုံးပြု၍ သက်ဆိုင်ရာတာဝန်ရှိသူ များဖြင့် တရားရုံးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။ဦးကျော်မြင့် ထောင်ပြေးမှုနှင့်ပတ်သက်၍ သက်သေ (၁၀)ဦး ရှိပြီး အမှုသည် (၂၁)နှစ် ကြာခဲ့ပြီ ဖြစ်သောကြောင့် သက်သေများ အားလုံး တရားရုံးသို့ လာရောက်ရန် မကျိန်းသေသော်လည်း လာမည့် ရုံးချိန်း၌ တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ ရသည့်သက်သေကို စစ်ဆေးနိုင်ရန် ဆောင်ရွက်မည်ဟု ဦးကျော်မျိုးဝင်းက ဆက်လက် ပြောကြားပါတယ်။