နေစရာမရှိလို့ ရေမြောင်းအောက်မှာနေတဲ့ မိသားစုလေးကို နေထိုင်ဖို့စီစဉ်ပေးတဲ့အပြင် အလှုငွေပါ ထပ်ဆောင်းပေးခဲ့တဲ့ ဒိန်းဒေါင် ( ဗီဒီယိုဖိုင် )



REF: CELE CITY

UNICODE

ဟာသ-သရုပ်ဆောင် ဒိန်းဒေါင်ကတော့ လက်ရှိမှာ နေစရာမရှိတာကြောင့် မြောင်းအောက်မှာနေတဲ့ မိသားစုလေးကြောင့် မျက်ရည်ကျမိ ကြောင်းကို “မြောင်းအောက်ကပါသနားစရာဘဝလေးတွေပါ ကားပေါ်ရောက်တော့ကျွန်တော်ငိုမိတယ်” ဆိုပြီး ဒီမိသားစုလေးကို သွား ရောက်လှူဒါန်းခဲ့တာကို Live လွင့်ပေးခဲ့ပါတယ်။ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင်ဒိန်းဒေါင်ကတော့ နေစရာမရှိတာကြောင့် မြောင်း အောက်မှာနေတဲ့ မိသားစုလေးကို နေထိုင်ဖို့ စီစဉ်ပေးမယ်လို့ ပြောခဲ့ပြီး ငွေ(၅)သောင်းတိတိကိုလည်းလှူဒါန်းခဲ့ပါသေးတယ်နော်။

ဒိန်းဒေါင်ကတော့ ကုသိုလ်ရေးလက်မနှေးသူတစ်ယောက်ပဲ ဖြစ်ပြီး လူရွှင်တောင်အသင်းသားများထဲမှ အကူညီလိုနေ သူများ သက်ကြီး လူရွှင် တော်ကြီးများကိုလည်း ငွေရေးကြေးရေးကအစ နေရာထိုင်ခင်းအစ အစအဆုံးကူညီတတ်ပါ သေးတယ်။ သူက တော့ Covid-19 ကာလမှာလည်း အလှူရေစက်လက်နဲ့မကွာဆိုသလို လိုအပ်နေသူတွေကို ချက်ချင်သွားရောက် ကူညီထောက်ပံ့ပေးနေ ပါတယ်။ယနေ့မှာ တော့ ဒိန်းဒေါင်ဟာ သူဆီကိုဖုန်းဆက်အကူအညီတောင်တဲ့ ဆိုင်ကယ်ကယ်ရီသမား(၁၅)ယောက်ဆီကို လှူဒါန်းခဲ့ပါသေးတယ်။

REF:  CELE  CITY