ျပန္လာမယ္ လို႔ ကတိေပး ခဲ့ေပးၿပီမွ ကိုဗစ္ေၾကာင့္ ေႂကြလြင့္ခဲ့ရတဲ့ လူေတာ္ လူေကာင္းတဦးရဲ႕ သံေဝဂယူစရာအျဖစ္

ဒီလို လူေတာ္မ်ိဳးကို ဆုံးရႈံးလိုက္ရတာဟာလည္းတကယ့္ကို ႀကီးမားတဲ့ ဆုံးရႈံးမႈပါ။ ဒီစာေလး ေရးတင္ရတဲ့ အဓိက ရည္႐ြယ္ခ်က္က ေတာ့ ကြၽန္ေဝာာ္ တို႔ ႏိုင္ငံမွာ ၊ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္း မွာ ကိုစိန္ဝင္း လို လူေတာ္‌လူေကာင္းေတြ ေနာက္ထပ္ ထပ္ၿပီး မဆုံးရႈံးရ ေအာင္ပါ။RIP ပါ ကိုစိန္ဝင္းေရ အစ္ကို ထိုင္ခဲ့တဲ့ ႐ုံးခန္းေလး က သူ႔သခင္ ေသခ်ာေပါက္ ျပန္လာမွာ လို႔။အခုထိ တစ္ဖြဖြ ေျပာေန တုန္း…….အခုထိေမွ်ာ္ေနတုန္း …အစ္ကို ျပန္မလာႏိုင္ေတာ့ဘူးဆိုတာ သူယုံေအာင္..။ကြၽန္ေတာ္ …ကြၽန္ေတာ္………….ဘယ္လို ရွင္းျပ လိုက္ရမလဲ အစ္ကို…အစ္ကိုပဲ ျပန္လာခဲ့မယ္ လို႔ ကတိေပးခဲၿပီးမွ…….ေန႔လယ္ က တင္ လိုက္ တဲ့ ေဖာင္ႀကီး၊ သရဖီ ေဆာင္က ဆုံး သြားတဲ့ လူနာ ကိုစိန္ဝင္း အေၾကာင္း ေလး ေျပာျပပါ့မယ္၊ ကိုစိန္ဝင္း ကျပည္တြင္း ကုမၸဏီ တစ္ခုရဲ႕ GM (အေထြေထြမန္ေနဂ်ာ)ပါ။ အသက္က ၃၄ ႏွစ္ပါ။

သူက က်န္းမာေရး လိုက္စားၿပီးသူ႔ကိုယ္သူ အၿမဲ ဂ႐ုစိုက္တဲ့ အျပင္ ဝန္ထမ္း ေတြ အေပၚမွာ လည္း ေႏြးေထြးတဲ့ ေခါင္းေဆာင္ ေကာင္း ျဖစ္ပါတယ္။ေခါင္းေဆာင္မႈစြမ္းရည္ေကာ ႏွလုံးရည္ ေကာ ေကာင္းမြန္တာေၾကာင့္ ဝန္ထမ္းေတြ သူ႔ကို သိပ္ခ်စ္ၾကပါတယ္။ကိုစိန္ဝင္းဟာ ဒီေန႔ ၁ နာရီ ၄၀ မိနစ္ မွာေတာ့ ကိုဗစ္ ဗိုင္းရပ္စ္ ေၾကာင့္ အသက္ဆုံးရႈံးသြားရပါၿပီ။ သူ႔ရဲ႕ ေႏြးေထြးမႈေတြ ၊ ေပးဆပ္မႈေတြ၊ အရည္အခ်င္း ေတြ ကို သူ႔ ဝန္ထမ္းေတြ ၊သူနဲ႔ အလုပ္တြဲလုပ္တဲ့ သူေတြက တစ္ဦးၿပီး တစ္ဦး ကြၽန္ေတာ့္ကို ဖုန္းဆက္ ေျပာျပၿပီး ငိုၾကပါတယ္။၃၄ ႏွစ္ ဆိုတာ ေျပာရ မယ္ဆိုရင္ လူငယ္ပဲ ရွိပါေသးတယ္။ျမန္မာႏိုင္ငံ လူငယ္မူဝါဒ ရဲ႕ ျပဌာန္းခ်က္အရ အသက္ ၃၅ ႏွစ္အထိ လူငယ္ ပါ။ အဲ့ဒီ ေတာ့ကို စိန္ဝင္း ဟာ က်န္းမာေရး လိုက္စားသူ တစ္ဦး ျဖစ္ၿပီး ေရာဂါ အခံ လည္းမရွိဘဲ အခုလိုအသက္ဆုံးရႈံးသြားတာဟာ တကယ့္ကို ေၾကာက္စရာပါ။

မင္းရသ

UNICODE

ဒီလို လူတော်မျိုးကို ဆုံးရှုံးလိုက်ရတာဟာလည်းတကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဒီစာလေး ရေးတင်ရတဲ့ အဓိက ရည်ရွယ်ချက်က တော့ ကျွန်ဝောာ် တို့ နိုင်ငံမှာ ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်း မှာ ကိုစိန်ဝင်း လို လူတော်‌လူကောင်းတွေ နောက်ထပ် ထပ်ပြီး မဆုံးရှုံးရ အောင်ပါ။RIP ပါ ကိုစိန်ဝင်းရေ အစ်ကို ထိုင်ခဲ့တဲ့ ရုံးခန်းလေး က သူ့သခင် သေချာပေါက် ပြန်လာမှာ လို့။အခုထိ တစ်ဖွဖွ ပြောနေ တုန်း…….အခုထိမျှော်နေတုန်း …အစ်ကို ပြန်မလာနိုင်တော့ဘူးဆိုတာ သူယုံအောင်..။ကျွန်တော် …ကျွန်တော်………….ဘယ်လို ရှင်းပြ လိုက်ရမလဲ အစ်ကို…အစ်ကိုပဲ ပြန်လာခဲ့မယ် လို့ ကတိပေးခဲပြီးမှ…….နေ့လယ် က တင် လိုက် တဲ့ ဖောင်ကြီး၊ သရဖီ ဆောင်က ဆုံး သွားတဲ့ လူနာ ကိုစိန်ဝင်း အကြောင်း လေး ပြောပြပါ့မယ်၊ ကိုစိန်ဝင်း ကပြည်တွင်း ကုမ္ပဏီ တစ်ခုရဲ့ GM (အထွေထွေမန်နေဂျာ)ပါ။ အသက်က ၃၄ နှစ်ပါ။

သူက ကျန်းမာရေး လိုက်စားပြီးသူ့ကိုယ်သူ အမြဲ ဂရုစိုက်တဲ့ အပြင် ဝန်ထမ်း တွေ အပေါ်မှာ လည်း နွေးထွေးတဲ့ ခေါင်းဆောင် ကောင်း ဖြစ်ပါတယ်။ခေါင်းဆောင်မှုစွမ်းရည်ကော နှလုံးရည် ကော ကောင်းမွန်တာကြောင့် ဝန်ထမ်းတွေ သူ့ကို သိပ်ချစ်ကြပါတယ်။ကိုစိန်ဝင်းဟာ ဒီနေ့ ၁ နာရီ ၄၀ မိနစ် မှာတော့ ကိုဗစ် ဗိုင်းရပ်စ် ကြောင့် အသက်ဆုံးရှုံးသွားရပါပြီ။ သူ့ရဲ့ နွေးထွေးမှုတွေ ၊ ပေးဆပ်မှုတွေ၊ အရည်အချင်း တွေ ကို သူ့ ဝန်ထမ်းတွေ ၊သူနဲ့ အလုပ်တွဲလုပ်တဲ့ သူတွေက တစ်ဦးပြီး တစ်ဦး ကျွန်တော့်ကို ဖုန်းဆက် ပြောပြပြီး ငိုကြပါတယ်။၃၄ နှစ် ဆိုတာ ပြောရ မယ်ဆိုရင် လူငယ်ပဲ ရှိပါသေးတယ်။မြန်မာနိုင်ငံ လူငယ်မူဝါဒ ရဲ့ ပြဌာန်းချက်အရ အသက် ၃၅ နှစ်အထိ လူငယ် ပါ။ အဲ့ဒီ တော့ကို စိန်ဝင်း ဟာ ကျန်းမာရေး လိုက်စားသူ တစ်ဦး ဖြစ်ပြီး ရောဂါ အခံ လည်းမရှိဘဲ အခုလိုအသက်ဆုံးရှုံးသွားတာဟာ တကယ့်ကို ကြောက်စရာပါ။

မင်းရသ