သွေးလှူရှင်တောင် အံ့သြလောက်အောင် ခေါင်းထောင်ကြည့် ခဲ့ရသည့် အဖြစ်အပျက်လေး တစ်ခု အကြောင်း
UNICODE
မည်သည့် အရာမျှမလိုပါ….တန်ဖိုးသိတက်မှုတော့ရှိစေချင်ကြသည်။တန်ဖိုးသိမှ တန်ဖိုးရှိပါသည်။တန်ဖိုးမသိလျှင် တန်ဖိုးဆုံးရှုံးတက် ပါသည်။လူနာ၏ အသက်သည် လူနာရှင်များ၏ လက်ထဲတွင် ရှိကြသည်ကိုတော့သတိလေးရှိစေချင်ပါသည်။သွေးသည်အသက် အ သက်သည်သွေး ဆိုတဲ့ ဆောင်ပုဒ်ရှိပါသည်။သွေးလှူရှင်များမှာလည်း အသက်ရှိပါသည်။ကြည်နူးစရာပုရိပ်တစ်ခု…ဤပုံကိုကြည့်ပါ….. တန်ဖိုးသိသူတိုင်း မြင်နိုင်ပါသည်။ သွေးသည်အသက် အသက်သည်သွေး မိမိအသက်ရှင်ရေးအတွက် လာရောက်လှူဒါန်းပေးသော သွေး လှူရှင်အား လာရောက်ကန်တော့နေသည်မှာ အရွယ်နှင့်မမျှ ကျေးဇူးတရား သိတက်ပုံကိုပြသလိုက်သည်မှာ။
သွေးလှူရှင် အံ့သြလောက် အောင်ခေါင်းထောင် ကြည့်ပြီး ဝမ်းသာပီတိဖြစ်ရမည်မှာ မလွဲဧကန်ပါ။ ဆင်းရဲပေမဲ့ကျေးဇူးတရား သိတက် လှပေသည်။သွေးတစက်၏တန်ဖိုးကို သိတက်သည့် လူဆင်းရဲ၏ မိသားစုက ပေါက်ဖွားလာသော သမီးဖြစ် နိုင်ပါသည်။တန်ဖိုးသိမှ တန် ဖိုးရှိနိုင်ပါသည်။တန်ဖိုးမသိက တန်ဖိုးဆုံရှုးနိုင်ပါသည်။တချို့သော သူများသည် မိမိအခက်အခ ဲမိမိအတ္တကိုရှေ့တန်းတင်ကြသည်။ တချို့ကငွေဂုဏ်မောက်ပြီး မာန်တက်နေကြသည်။တချို့က မတူသလို မတန်သလိုဆက်ဆံကြသည်။တချို့က လိုသုံးလုပ်ကြသည် ။တချို့က မယုံကြည်သလိုနှင့်မေးခွန်း ပေါင်းများစွာ မေးကြသည်။တချို့က ရန်တွေ့ကြသည်။လူအမျိုးမျိုးရှိကြသည်။
ကျေးဇူတင်ရကောင်းမှန်း မသိကြပါ။ဤနေရာ ကျွန်ုပ်သာဆိုလျင် ဝမ်းသာပီတိမျက်ရည်ကျမိမှာ အမှန်ပင်…..ကလေးမိဘများလည်း ဝမ်းသာပီတိ မျက်ရည်ကျမိမယ် ထင်ပါသည်။ဒါဟာ ပရဟိတသမားများနှင့်သွေးလှူ ရှင်တို့ပီတိကိုစားအားရှိပါ၏။ သမီးလေးဘယ်မှာ နေ၍ ဘယ်ဆေးရုံတက်နေသည်တော့ မသိပါ….နာမည်လဲ မသိပါ။ဤပုံကိုတွေ့၍ တန်ဖိုးမသိတဲ့သူများ သိအောင်သင်ခန်း စာယူစေ ချင်တဲ့ဆန္ဒဖြင့် တင်ပြခြင်းဖြစ်ပါသည်။မည်သူကိုမျှ ထိခိုက်စေသောဆန္ဒဖြင့် ရိူးသားစွာတင်ပြပါသည်။သမီးလေးရဲ့ အသိတရားကို မြင် တွေ့လိုက်ရသည့်အတွက်ကျမ်းမာ ချမ်သာပြီး ရောဂါဘယများ ဝေးကွာကင်းစင်ပြီး မိဘကို အလုပ်အကျွေးပြုနိုင်သော သမီးကောင်းရ တနာလေးဖြစ်ပါစေလို့ ဦးကဆုတောင်မေတ္တာပိုသအပ်ပါသည်။
အတ္တကိုရှေ့တန်းမတင်မိပါစေနှင့်…..။မွန်မြတ်