ဘဂၤလားပင္လယ္ေအာ္ရွိ ေလဖိအားနည္း ရပ္ဝန္းသည္ ေနာက္(၂၄)နာရီအတြင္း မုန္တိုင္းငယ္ျဖစ္ႏိုင္ေၾကာင္း မိုး/ဇလထုတ္ျပန္

ဘဂၤလားပင္လယ္ေအာ္ရွိ ေလဖိအားနည္းရပ္ဝန္းေၾကာင့္ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ ရံ မိုးသက္ ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္ မွ လႈိင္းႀကီးႏိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္ ။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ ျပင္တို႔တြင္ (၈)ေပမွ (၁၁)ေပခန္႔ရွိႏိုင္ပါသည္။

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၃:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ ရွိေသာ ကပၸလီပင္လယ္ျပင္ေျမာက္ပိုင္း တို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္တည္ရွိေနပါသည္။ အဆိုပါ ေလဖိအားနည္း ရပ္ဝန္းသည္ ေနာက္(၂၄)နာရီအတြင္း ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္းတြင္ မုန္တိုင္းငယ္(Depression) အျဖစ္သို႔ ပိုမိုအားေကာင္းလာႏိုင္သည္ဟု ခန႔္မွန္းရပါသည္။

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းႏွင့္ အေရွ႕ အလယ္ပိုင္းတို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလား ပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားနည္းေနပါသည္။ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္မွာ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒ သမ်ားတြင္ ထစ္ခ်ဳန္းမည့္ အေျခအေနမ်ား ျဖစ္ေပၚႏိုင္ပါသည္။ ေနျပည္ ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ မနက္ျဖန္နံနက္အထိ ခန္႔မွန္း ခ်က္မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာ မည္။ ႐ြာရန္ရာႏႈန္း((၈၀) ျဖစ္ပါသည္။မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

REF: မိုး/ဇလ

UNICODE

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ် ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့် မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည် ။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် (၈)ပေမှ (၁၁)ပေခန့်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့ အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေ သများတွင် ထစ်ချုန်းမည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။ နေပြည် တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်း ချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်း((၈၀) ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

REF:  မိုး/ဇလ