လွႏုထြန္း ရဲ႕ အမ်ိဳးသား ၾကာေဆး ႏွင့္ ပတ္သက္ၿပီး ေၾကာ္ျငာထားျခင္းကို FDA က သတိ ေပးစာပို႔ထား

အိမ္ေထာင္ သည္မ်ားက မိမိထံ တိုင္ပင္ရာတြင္ အစား အေသာက္ႏွင့္ ေလ့က်င့္ခန္း လုပ္ရန္သာ ယခင္က ေျပာႏိုင္ ခဲ့ေၾကာင္း၊ ယခုတြင္ ေဆးဝါးကိုေတြ႕ ၿပီျဖစ္ေၾကာင္း၊ ေဆးကို ေသာက္ပါက ပစၥည္းမ်ား တုတ္တုတ္ခိုင္ခိုင္ အရွည္ႀကီးျဖစ္ မည္မဟုတ္ဘဲ သုက္လႊတ္ျမန္ သူ မ်ား အတြက္သာ သီးသန႔္ထုတ္သည့္ ေဆးဝါးသာ ျဖစ္ေၾကာင္ ယခုေဆးသည္ လူတကာအတြက္ မဟုတ္ဘဲ သု တ္လႊတ္ ျမန္သူမ်ား အ တြက္သာ ထုတ္လုပ္ထားျခင္းျဖစ္ေၾကာင္း လွႏုထြန္းက ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ စက္တင္ဘာ ၂၇ ရက္က ဗီဒီယိုႏွင့္ တကြ ေျပာဆိုခဲ့သည္။ အဆိုပါ ကိစၥမ်ား ႏွင့္ပတ္သက္ၿပီး အေသးစိတ္ သိရွိရန္အ တြက္ ေဒၚလွႏုထြန္းကို ဖုန္းျဖင့္ဆက္သြယ္ ေမးျမန္းရာတြင္ ဖုန္းကိုင္ေျဖၾကားျခင္း မျပဳခဲ့ေပ။

အဆိုပါ ေဆးသည္ ဆရာဝန္ ၫႊန္ၾကားခ်က္ ျဖင့္သာ ေသာက္သုံးခြင့္ရွိၿပီး ေၾကာ္ျငာခြင့္ မရွိ သည့္ ေဆးအမ်ိဳး အစားျဖစ္သည္။ Follower ေပါင္း ၆ သိန္းေက်ာ္ ရွိသည့္ Social Influencer ေဒၚလွႏုထြန္းက ၎၏လူမႈ ကြန္ရက္ စာမ်က္ႏွာတြင္ ေၾကာ္ျငာခဲ့သည့္ အမ်ိဳးသားမ်ား သုက္လႊတ္ျမန္ျခင္းကို ေလွ်ာ့ခ် ေပးေသာ DURAJECT ၾကာေဆးသည္ တရားဝင္ေၾကာ္ျငာ ခြင့္ရွိေသာ ေဆးအမ်ိဳးအစား မဟုတ္သျဖင့္ က် န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲ ေရးဦးစီးဌာန (FDA) က သတိေပးစာ ေပးပို႔ထားေၾကာင္း သိရသည္။အဆိုပါေဆးမွာ DURAJECT-90, DURAJECT-60, DURAJECT-30 ဟူ၍ သုံးမ်ိဳးသုံးစား ရွိၿပီး အစားအ ေသာက္ႏွင့္ ေဆးဝါးကြပ္ကဲ ေရးဦးစီး ဌာန (FDA) ထံမွ တရားဝင္ ေထာက္ခံခ်က္ ရရွိထားသည့္ ေဆးဝါး ျဖစ္ေသာ္လည္း။

ဆရာဝန္၏ ၫႊန္ၾကားခ်က္ ျဖင့္သာ ေသာက္သုံး ခြင့္ရွိသည့္ ေဆးျဖစ္ေၾကာင္း၊ ထို႔အျပင္ ေဆးဆိုင္ မ်ားတြင္ တင္ေရာင္း၍ မရေသာ မီဒီ ယာမ်ားမွ တဆင့္ ေၾကာ္ျငာ ေရာင္းခ်ခြင့္ မရွိေသာ ေဆးအမ်ိဳးစား ျဖစ္ေၾကာင္း FDA မွ သိရသည္။ “ဂ်ဴရာဂ်က္က မွတ္ပုံတင္ ထားတယ္ ။ ဒါေပမဲ့ ကြၽန္မတို႔က သူ တို႔ကို သတိေပးစာ ေပးထားတယ္။ ဘာေၾကာင့္ သတိေပးထားသလဲဆိုရင္ ဆရာဝန္ၫႊန္ ၾကားမွ ေရာင္းရ မယ့္ ေဆးကို သူတို႔အြန္လိုင္းမွာ ေရာင္း ခ်ခြင့္မရွိဘူး။ အြန္လိုင္းမွာ ဒီလိုမ်ိဳး ေၾကာ္ျငာတတာမ်ိဳး လုပ္လို႔ မရဘူး။ ဒါကိုသတိေပး စာထုတ္ ထား တယ္။ ဒါဆရာဝန္ ၫႊန္ၾကားခ်က္နဲ႔ပဲ သုံးရမွာ။ အမွန္ ဒီလိုမ်ိဳး ေၾကာ္ျငာခြင့္ မရွိဘူး”ဟု က် န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ အစားအ ေသာက္ႏွင့္ ေဆးဝါးကြပ္ကဲ ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာသိဂႌဇင္က ေျပာသည္။

‘Duraject သည္ အမ်ိဳးသား မ်ားအတြက္ အခ်ိန္မတိုင္မီ သုတ္လႊတ္ျခင္း (သို႔) လိင္စတင္ ဆက္ ဆံခ်ိန္ ၂ မိနစ္အတြင္း သုက္ထြက္ျခင္း ကိုေပ်ာ က္ ကင္းေအာင္ ကုသရာတြင္ အသုံးျပဳၾကသည့္ေဆးျဖစ္ၿပီး ယင္းေဆးသည္ Serotonin ပို႔ေဆာ င္မႈကို တားဆီးေပးၿပီး ေက်နပ္ ေလာက္သည့္ လိင္ဆက္ဆံ ခ်ိန္ အထိ မထိန္းႏိုင္ဘဲ သုက္လႊတ္ျခင္း ျဖစ္ေပၚတတ္သည့္ အမ်ိဳးသား မ်ားအတြ က္ ေသာက္သုံး သင့္သည့္ ေဆးဝါးျဖစ္သည္’ဟု ေဆးတင္သြင္းသည့္ Duraject Myanmar လူမႈ ကြန္ရက္ စာမ်က္ႏွာတြင္ ေၾကာ္ျငာထားသည္။ ကြၽန္ေတာ္က လွႏုထြန္း ေၾကာ္ျငာတာကို ၾကည့္ၿပီး ေဆးကိုဝယ္ခ်င္လို႔ သူေပးထားတဲ့ ဖုန္းနံပါ တ္ ကိုဆက္ၿပီး စုံစမ္းၾကည့္တယ္။ ၃ဝ၊ ၆ဝ၊ ၉ဝ ဆိုၿပီးေတာ့ ရွိတယ္တဲ့။ ၆ဝ နဲ႔ ၉ဝ ကေတာ့ ပစၥည္း ျပတ္ေနတယ္။ ေလာေလာဆယ္ ကေတာ့ ၃ဝ ပဲရွိတယ္ဆိုၿပီး ေျပာတယ္။

ရန္ကုန္မွာ ၃ ဘူးနဲ႔အထက္ဆိုရင္ အိမ္တိုင္ရာေရာက္ လိုက္ပို႔ေပးမယ္ဆိုၿပီး ေျပာတယ္။ ကြၽန္ေတာ္က ဒလကဆိုေတာ့ နာရီစင္ ေဘးနား က ေဆးဆိုင္မွာ ဝယ္ယူ ႏိုင္ပါတယ္ ဆိုၿပီး ျပန္ေျပာတယ္”ဟု Hla Nu Tun ေဖ့စ္ဘုတ္ ေၾကာ္ျငာ တြင္ ပါရွိသည့္ ဖုန္းနံပါတ္ကို ဆက္ သြယ္ ေမးျမန္းခဲ့သူ ဒလၿမိဳ႕နယ္ေန ျပည္သူတဦးက ေျပာသည္။ ယင္းေဆးကို အိႏၵိယ ႏိုင္ငံမွတဆင့္ မွာယူတင္သြင္းျခင္းျဖစ္ ေၾကာင္း Duraject Myanmar လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပ ထားသည္။ “FDA က သတိေပး စာေပးပို႔ထားတာက ဟုတ္ပါတယ္ဗ်။ ဘယ္ လိုေဆာင္႐ြက္ေနလဲဆိုေတာ့ ကြၽန္ေတာ္တို႔ေတြ အဲဒီ Page ကို ေသာၾကာေန႔ေရာက္ရင္ ဖ်က္ ပါမယ္ဗ်။အဲဒီၫႊန္ ၾကားခ်က္အတိုင္း လိုက္ နာၿပီးေတာ့ လုပ္ေဆာင္မွာပါ။ ၫႊန္ၾကားခ်က္က တ နလၤာေန႔မွရေတာ့ တပတ္အတြင္း ဆိုေတာ့ တစ္ပတ္အတြင္း လုပ္ေဆာင္ ေပးပါ မယ္”ဟု Dura ject Myanmar မွ တာဝန္ရွိသူတဦးက ျပန္လည္ေျဖၾကားသည္။

TCM News Watch

UNICODE

အိမ်ထောင် သည်များက မိမိထံ တိုင်ပင်ရာတွင် အစား အသောက်နှင့် လေ့ကျင့်ခန်း လုပ်ရန်သာ ယခင်က ပြောနိုင် ခဲ့ကြောင်း၊ ယခုတွင် ဆေးဝါးကိုတွေ့ ပြီဖြစ်ကြောင်း၊ ဆေးကို သောက်ပါက ပစ္စည်းများ တုတ်တုတ်ခိုင်ခိုင် အရှည်ကြီးဖြစ် မည်မဟုတ်ဘဲ သုက်လွှတ်မြန် သူ များ အတွက်သာ သီးသန့်ထုတ်သည့် ဆေးဝါးသာ ဖြစ်ကြောင် ယခုဆေးသည် လူတကာအတွက် မဟုတ်ဘဲ သု တ်လွှတ် မြန်သူများ အ တွက်သာ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း လှနုထွန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် စက်တင်ဘာ ၂၇ ရက်က ဗီဒီယိုနှင့် တကွ ပြောဆိုခဲ့သည်။ အဆိုပါ ကိစ္စများ နှင့်ပတ်သက်ပြီး အသေးစိတ် သိရှိရန်အ တွက် ဒေါ်လှနုထွန်းကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင် ဖုန်းကိုင်ဖြေကြားခြင်း မပြုခဲ့ပေ။

အဆိုပါ ဆေးသည် ဆရာဝန် ညွှန်ကြားချက် ဖြင့်သာ သောက်သုံးခွင့်ရှိပြီး ကြော်ငြာခွင့် မရှိ သည့် ဆေးအမျိုး အစားဖြစ်သည်။ Follower ပေါင်း ၆ သိန်းကျော် ရှိသည့် Social Influencer ဒေါ်လှနုထွန်းက ၎င်း၏လူမှု ကွန်ရက် စာမျက်နှာတွင် ကြော်ငြာခဲ့သည့် အမျိုးသားများ သုက်လွှတ်မြန်ခြင်းကို လျှော့ချ ပေးသော DURAJECT ကြာဆေးသည် တရားဝင်ကြော်ငြာ ခွင့်ရှိသော ဆေးအမျိုးအစား မဟုတ်သဖြင့် ကျ န်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) က သတိပေးစာ ပေးပို့ထားကြောင်း သိရသည်။အဆိုပါဆေးမှာ DURAJECT-90, DURAJECT-60, DURAJECT-30 ဟူ၍ သုံးမျိုးသုံးစား ရှိပြီး အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီး ဌာန (FDA) ထံမှ တရားဝင် ထောက်ခံချက် ရရှိထားသည့် ဆေးဝါး ဖြစ်သော်လည်း။

ဆရာဝန်၏ ညွှန်ကြားချက် ဖြင့်သာ သောက်သုံး ခွင့်ရှိသည့် ဆေးဖြစ်ကြောင်း၊ ထို့အပြင် ဆေးဆိုင် များတွင် တင်ရောင်း၍ မရသော မီဒီ ယာများမှ တဆင့် ကြော်ငြာ ရောင်းချခွင့် မရှိသော ဆေးအမျိုးစား ဖြစ်ကြောင်း FDA မှ သိရသည်။ “ဂျူရာဂျက်က မှတ်ပုံတင် ထားတယ် ။ ဒါပေမဲ့ ကျွန်မတို့က သူ တို့ကို သတိပေးစာ ပေးထားတယ်။ ဘာကြောင့် သတိပေးထားသလဲဆိုရင် ဆရာဝန်ညွှန် ကြားမှ ရောင်းရ မယ့် ဆေးကို သူတို့အွန်လိုင်းမှာ ရောင်း ချခွင့်မရှိဘူး။ အွန်လိုင်းမှာ ဒီလိုမျိုး ကြော်ငြာတတာမျိုး လုပ်လို့ မရဘူး။ ဒါကိုသတိပေး စာထုတ် ထား တယ်။ ဒါဆရာဝန် ညွှန်ကြားချက်နဲ့ပဲ သုံးရမှာ။ အမှန် ဒီလိုမျိုး ကြော်ငြာခွင့် မရှိဘူး”ဟု ကျ န်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ပြောသည်။

‘Duraject သည် အမျိုးသား များအတွက် အချိန်မတိုင်မီ သုတ်လွှတ်ခြင်း (သို့) လိင်စတင် ဆက် ဆံချိန် ၂ မိနစ်အတွင်း သုက်ထွက်ခြင်း ကိုပျော က် ကင်းအောင် ကုသရာတွင် အသုံးပြုကြသည့်ဆေးဖြစ်ပြီး ယင်းဆေးသည် Serotonin ပို့ဆော င်မှုကို တားဆီးပေးပြီး ကျေနပ် လောက်သည့် လိင်ဆက်ဆံ ချိန် အထိ မထိန်းနိုင်ဘဲ သုက်လွှတ်ခြင်း ဖြစ်ပေါ်တတ်သည့် အမျိုးသား များအတွ က် သောက်သုံး သင့်သည့် ဆေးဝါးဖြစ်သည်’ဟု ဆေးတင်သွင်းသည့် Duraject Myanmar လူမှု ကွန်ရက် စာမျက်နှာတွင် ကြော်ငြာထားသည်။ ကျွန်တော်က လှနုထွန်း ကြော်ငြာတာကို ကြည့်ပြီး ဆေးကိုဝယ်ချင်လို့ သူပေးထားတဲ့ ဖုန်းနံပါ တ် ကိုဆက်ပြီး စုံစမ်းကြည့်တယ်။ ၃ဝ၊ ၆ဝ၊ ၉ဝ ဆိုပြီးတော့ ရှိတယ်တဲ့။ ၆ဝ နဲ့ ၉ဝ ကတော့ ပစ္စည်း ပြတ်နေတယ်။ လောလောဆယ် ကတော့ ၃ဝ ပဲရှိတယ်ဆိုပြီး ပြောတယ်။

ရန်ကုန်မှာ ၃ ဘူးနဲ့အထက်ဆိုရင် အိမ်တိုင်ရာရောက် လိုက်ပို့ပေးမယ်ဆိုပြီး ပြောတယ်။ ကျွန်တော်က ဒလကဆိုတော့ နာရီစင် ဘေးနား က ဆေးဆိုင်မှာ ဝယ်ယူ နိုင်ပါတယ် ဆိုပြီး ပြန်ပြောတယ်”ဟု Hla Nu Tun ဖေ့စ်ဘုတ် ကြော်ငြာ တွင် ပါရှိသည့် ဖုန်းနံပါတ်ကို ဆက် သွယ် မေးမြန်းခဲ့သူ ဒလမြို့နယ်နေ ပြည်သူတဦးက ပြောသည်။ ယင်းဆေးကို အိန္ဒိယ နိုင်ငံမှတဆင့် မှာယူတင်သွင်းခြင်းဖြစ် ကြောင်း Duraject Myanmar လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြ ထားသည်။ “FDA က သတိပေး စာပေးပို့ထားတာက ဟုတ်ပါတယ်ဗျ။ ဘယ် လိုဆောင်ရွက်နေလဲဆိုတော့ ကျွန်တော်တို့တွေ အဲဒီ Page ကို သောကြာနေ့ရောက်ရင် ဖျက် ပါမယ်ဗျ။အဲဒီညွှန် ကြားချက်အတိုင်း လိုက် နာပြီးတော့ လုပ်ဆောင်မှာပါ။ ညွှန်ကြားချက်က တ နင်္လာနေ့မှရတော့ တပတ်အတွင်း ဆိုတော့ တစ်ပတ်အတွင်း လုပ်ဆောင် ပေးပါ မယ်”ဟု Dura ject Myanmar မှ တာဝန်ရှိသူတဦးက ပြန်လည်ဖြေကြားသည်။

TCM News Watch