” အေဖ့အေကာင့္ေလး အရင္လို မီး မစိမ္းေတာ့ ပါ “ အေၾကာင္းရင္းကေတာ့…

အခုကြၽန္ေတာ္ အေဖ့ အေကာင့္ကို လက္ခံလိုက္ၿပီေလ အေဖ။ကြၽန္ေတာ္ ဘေလာ့ မလုပ္ေတာ့ပါဘူးလို႔ အေဖ့ကို ဂတိေတြေပးရင္း ငိုေနမိလည္း….အေဖ့အေကာင့္ေလးကေတာ့ မီးမစိမ္းေတာ့ပါ…..( ဇူလိုင္ ၃၁ ၂၀၁၆ ေၾကးမုံ သတင္းစာပါ ေအာင္ဘုန္း ႐ူပေဗဒ ဒဂုံ တကၠသိုလ္၏ စာကို ကူးယူ ေဖာ္ျပပါသည္ )အေဖ Facebook ဆိုတာကို စသုံးေတာ့ ကြၽန္ေတာ့္အေကာင့္ကို စၿပီး add တာ။ အေဖ့ နာမည္နဲ႔ အေဖ့အေကာင့္ကိုျမင္ေတာ့ လန႔္သြားတယ္။ငါ့အေဖပါလား…..

… အံမယ္ အေဖက အင္တာနက္ေတာင္သုံးတတ္လို႔၊ ……အေဖက ကြၽန္ေတာ့ အေကာင့္ကို add ၿပီး ကြၽန္ေတာ့ ညီမေလး အေကာင့္ကို လည္း ရွာၿပီး add တယ္။သူကေမာင္ႏွမ ႏွစ္ေယာက္စလုံး ဘာေတြတင္ထားလဲ ဘယ္သူနဲ႔ ဘာေတြေျပာလဲ သိခ်င္႐ုံသာ။ ကြၽန္ေတာ္က ေတာ့ အ ေဖ့အေကာင့္ကိုလက္ခံၿပီးမွ စဥ္းစားတယ္၊…….ငါေပါက္ကရေတြေလ်ာက္တင္လို႔ အေဖျမင္ရင္ အဆူခံရမလားဆိုၿပီး။…. သူ ကကြၽန္ေတာ္ အခ်စ္အေၾကာင္းေတြ ေလ်ာက္ေရးရင္လဲ ဖတ္တာပဲ။

ၿပီးရင္ အေမ့ကိုျပန္တိုင္သလိုလိုနဲ႔ မင္းသားေတာ္ေမာင္က ဘာေတြေရးေနတာလဲဆိုၿပီး မိဘအေၾကာင္းက် မေရးဘူးဆိုၿပီး ဆူသလိုလိုနဲ႔ ျပန္ေျပာတယ္။ၾကာေတာ့ မျဖစ္ေသးပါဘူး ငါ့အေကာင့္ထဲ အေဖရွိေနရင္ ငါလုပ္ခ်င္သလို လုပ္လို႔ ရမွာ မဟုတ္ဘူးဆိုၿပီး သူမသိေအာင္ ဘေလာ့လိုက္တယ္။ကြၽန္ေတာ့အေကာင့္ကို ရွာမေတြ႕ေတာ့ လာေမးတယ္။…… မင္းအေကာင့္ရွာမေတြ႕ေတာ့ဘူး ဘယ္ေရာက္သြားလဲတဲ့။ ကြၽန္ေတာ္လဲလိမ္လိုက္တယ္….. သိဘူးေလ ပ်က္သြားတာေနမွာေပါ့လို႔……။

အသက္ႀကီးတဲ့အေဖက မသိရွာဘူး ..ေၾသာ္ ဟုတ္လားဆိုၿပီး သူ႔အေကာင့္ထဲကသတင္းေတြပဲ ျဖတ္ပီး ေပ်ာ္ေနရွာတယ္။မၾကာခင္ သူ႔ သားေတာ္ေမာင္ကသူ႔ကို ဘေလာ့ထားတယ္ဆိုတာ အိမ္ကညီမေျပာေတာ့မွ အေကာင့္သစ္ကေလးဖြင့္ၿပီး add လို႔မရတဲ့ သား အေကာင့္ ကို တိတ္တိတ္ေလး follow လုပ္ထားရွာတယ္။ဒီလိုနဲ႔ကြၽန္ေတာ္ ႏိုင္ငံျခားမွာ အလုပ္သြားလုပ္ဖို႔ အေၾကာင္းေပၚလို႔ ႏိုင္ငံျခားေရာက္ေနခ်ိန္ အေဖ့မွာ ကင္ဆာျဖစ္လာတယ္။အဆက္အသြယ္မရပဲ သားေတာ္ေမာင္ အေဝးေရာက္ေနခ်ိန္။

အေဖကေတာ့ add လို႔မရတဲ့ သားအေကာင့္က ပုံေတြကို ေဆး႐ုံမွာၾကည့္ရင္း အလြမ္းေျဖေနရရွာတယ္။ပါးစပ္ကလဲ တဖြဖြ ငါ့သားေလး စိတ္ပူေနမယ္ ငါ့ေရာဂါအေၾကာင္း မေျပာပါနဲ႔တဲ့။သားေတာ္ေမာင္က ပင္လယ္ထဲမွာ သေဘၤာသားဘဝ ဆိုေတာ့ ……ကမ္းကပ္တဲ့အခ်ိန္ အင္တာနက္သုံးလို႔ရေတာ့ အိမ္ကလူေတြနဲ႔ အဆက္အသြယ္လုပ္မွ သိရတယ္။အေဖဆုံးၿပီတဲ့။မေသခင္ ကြၽန္ေတာ့ အေကာင့္မွာ တင္ထား တဲ့ စာေလးေတြ ပုံေလးေတြကို ဖတ္ရင္း ၿပဳံးေနရွာတာတဲ့။အေဖ့ အေကာင့္ ေလး မီးစိမ္းေနပါေစ။

Credit : Thaw Zay Phyo

Martin Swe 31-07-2016

UNICODE

အခုကျွန်တော် အဖေ့ အကောင့်ကို လက်ခံလိုက်ပြီလေ အဖေ။ကျွန်တော် ဘလော့ မလုပ်တော့ပါဘူးလို့ အဖေ့ကို ဂတိတွေပေးရင်း ငိုနေမိလည်း….အဖေ့အကောင့်လေးကတော့ မီးမစိမ်းတော့ပါ…..( ဇူလိုင် ၃၁ ၂၀၁၆ ကြေးမုံ သတင်းစာပါ အောင်ဘုန်း ရူပဗေဒ ဒဂုံ တက္ကသိုလ်၏ စာကို ကူးယူ ဖော်ပြပါသည် )အဖေ Facebook ဆိုတာကို စသုံးတော့ ကျွန်တော့်အကောင့်ကို စပြီး add တာ။ အဖေ့ နာမည်နဲ့ အဖေ့အကောင့်ကိုမြင်တော့ လန့်သွားတယ်။ငါ့အဖေပါလား…..

… အံမယ် အဖေက အင်တာနက်တောင်သုံးတတ်လို့၊ ……အဖေက ကျွန်တော့ အကောင့်ကို add ပြီး ကျွန်တော့ ညီမလေး အကောင့်ကို လည်း ရှာပြီး add တယ်။သူကမောင်နှမ နှစ်ယောက်စလုံး ဘာတွေတင်ထားလဲ ဘယ်သူနဲ့ ဘာတွေပြောလဲ သိချင်ရုံသာ။ ကျွန်တော်က တော့ အ ဖေ့အကောင့်ကိုလက်ခံပြီးမှ စဉ်းစားတယ်၊…….ငါပေါက်ကရတွေလျောက်တင်လို့ အဖေမြင်ရင် အဆူခံရမလားဆိုပြီး။…. သူ ကကျွန်တော် အချစ်အကြောင်းတွေ လျောက်ရေးရင်လဲ ဖတ်တာပဲ။

ပြီးရင် အမေ့ကိုပြန်တိုင်သလိုလိုနဲ့ မင်းသားတော်မောင်က ဘာတွေရေးနေတာလဲဆိုပြီး မိဘအကြောင်းကျ မရေးဘူးဆိုပြီး ဆူသလိုလိုနဲ့ ပြန်ပြောတယ်။ကြာတော့ မဖြစ်သေးပါဘူး ငါ့အကောင့်ထဲ အဖေရှိနေရင် ငါလုပ်ချင်သလို လုပ်လို့ ရမှာ မဟုတ်ဘူးဆိုပြီး သူမသိအောင် ဘလော့လိုက်တယ်။ကျွန်တော့အကောင့်ကို ရှာမတွေ့တော့ လာမေးတယ်။…… မင်းအကောင့်ရှာမတွေ့တော့ဘူး ဘယ်ရောက်သွားလဲတဲ့။ ကျွန်တော်လဲလိမ်လိုက်တယ်….. သိဘူးလေ ပျက်သွားတာနေမှာပေါ့လို့……။

အသက်ကြီးတဲ့အဖေက မသိရှာဘူး ..သြော် ဟုတ်လားဆိုပြီး သူ့အကောင့်ထဲကသတင်းတွေပဲ ဖြတ်ပီး ပျော်နေရှာတယ်။မကြာခင် သူ့ သားတော်မောင်ကသူ့ကို ဘလော့ထားတယ်ဆိုတာ အိမ်ကညီမပြောတော့မှ အကောင့်သစ်ကလေးဖွင့်ပြီး add လို့မရတဲ့ သား အကောင့် ကို တိတ်တိတ်လေး follow လုပ်ထားရှာတယ်။ဒီလိုနဲ့ကျွန်တော် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အကြောင်းပေါ်လို့ နိုင်ငံခြားရောက်နေချိန် အဖေ့မှာ ကင်ဆာဖြစ်လာတယ်။အဆက်အသွယ်မရပဲ သားတော်မောင် အဝေးရောက်နေချိန်။

အဖေကတော့ add လို့မရတဲ့ သားအကောင့်က ပုံတွေကို ဆေးရုံမှာကြည့်ရင်း အလွမ်းဖြေနေရရှာတယ်။ပါးစပ်ကလဲ တဖွဖွ ငါ့သားလေး စိတ်ပူနေမယ် ငါ့ရောဂါအကြောင်း မပြောပါနဲ့တဲ့။သားတော်မောင်က ပင်လယ်ထဲမှာ သင်္ဘောသားဘဝ ဆိုတော့ ……ကမ်းကပ်တဲ့အချိန် အင်တာနက်သုံးလို့ရတော့ အိမ်ကလူတွေနဲ့ အဆက်အသွယ်လုပ်မှ သိရတယ်။အဖေဆုံးပြီတဲ့။မသေခင် ကျွန်တော့ အကောင့်မှာ တင်ထား တဲ့ စာလေးတွေ ပုံလေးတွေကို ဖတ်ရင်း ပြုံးနေရှာတာတဲ့။အဖေ့ အကောင့် လေး မီးစိမ်းနေပါစေ။

Credit : Thaw Zay Phyo

Martin Swe 31-07-2016